မက်ဆီ ပရိသတ်တွေက ရော်နယ်ဒိုရဲ့သွင်းဂိုးပမာဏနဲ့နီးစပ်သွားစေမယ့် ငြင်းခုန်မှုတွေပြုလုပ်ခဲ့

အာဂျင်တီးနားဂန္တဝင်ရဲ့ပရိသတ်တွေကတော့ မက်ဆီဟာ ရော်နယ်ဒိုထက်

တစ်ဂိုးသာလျော့နည်းတာကိုသက်သေပြဖို့အတွက် ကိန်းဂဏန်းတွေကို

အသုံးပြုပြီးငြင်းခုန်လာကြပါတယ်။ အယ်လ်နက်ဆာနဲ့အတူ လိဂ်သွင်းဂိုး

၅၀၀ မြောက်ကိုရယူခဲ့တဲ့ ရော်နယ်ဒိုရဲ့သတင်းက ခေါင်းကြီးပိုင်းမှာ

ထွက်ပေါ်လာခဲ့တာဖြစ်တယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝ

၁၁၄၉ ပွဲမှာ စုစုပေါင်း ၈၂၄ ဂိုးအထိသွင်းထားပြီး လူတိုင်းက

သူနဲ့နီးနီးစပ်စပ်မှာရှိမနေပါဘူး။ မက်ဆီကတော့ ထာဝရဂိုးသွင်း

အများဆုံးစာရင်းမှာ တတိယနေရာရပ်တည်နေပြီး ၇၉၇ ဂိုးသွင်း

ထားတာဖြစ်တယ်။ ပေါ်တူဂီစူပါစတားဟာ စပို့တင်း၊ ယူနိုက်တက်၊

ရီးရဲလ်၊ ဂျူဗင်တပ်နဲ့ အယ်လ်နက်ဆာအသင်းတွေမှာကစားရင်း

ကလပ်ကစားသမားဘဝတစ်လျှောက် ၇၀၆ ကြိမ်အထိဂိုးပေါက်

ရှာတွေ့ထားပါတယ်။ မက်ဆီက ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေမှာ

ကစားရင်း ၆၉၉ ဂိုးသွင်းယူထားပေမယ့် သူ့ပရိသတ်တွေကတော့

၇၀၅ ဂိုးမြောက်မှာအမှန်တကယ်ရှိနေသင့်ပြီလို့ အကြံပြုခဲ့ကြတာဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ TeamForm ကနေထုတ်ပြန်တဲ့ ကမ္ဘာ့လိဂ်

အဆင့်သတ်မှတ်ချက်တွေမှာ ဆော်ဒီပရိုလိဂ်က ကမ္ဘာ့အဆင့် ၆၆ မှာ

ရပ်တည်နေတာဖြစ်လို့ပါ။ မက်ဆီဟာ စပိန်တတိယတန်းမှာ

ဘာစီလိုနာ-B အသင်းအတွက် ၂၂ပွဲ ကစား ၆ ဂိုး သွင်းခဲ့သလို

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စပိန်တတိယတန်းပြိုင်ပွဲက ကမ္ဘာ့အဆင့် ၅၇ မှာ

ရပ်တည်နေတာဖြစ်တယ်။ အဓိကအချက်ကတော့ အိုင်ကွန်နှစ်ယောက်ရဲ့

သွင်းဂိုးနှိုင်းယှဉ်ချက်မှာ အယ်လ်နက်ဆာနဲ့သွင်းယူထားတဲ့ ရော်နယ်ဒိုရဲ့

သွင်းဂိုး ၅ ဂိုးကပါဝင်နေပြီး မက်ဆီကတော့ ဘာစီလိုနာ-B အသင်းမှာ

ရရှိခဲ့တဲ့ ၆ဂိုး မပါဝင်ခဲ့ပါဘူး။ နည်းစနစ်သတ်မှတ်ချက်တွေအရကြည့်ရင်တော့

မက်ဆီဟာ စပိန်တတိယတန်းမှ ာမကစားခင် တစ်လအလိုဖြစ်တဲ့

၂၀၀၄ ဖေဖော်ဝါရီလမှာ ဘာစီလိုနာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်

ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ TeamForm ဟာ ထူးခြားဆန်းပြားလှတဲ့

အယ်လ်လဂိုရီသမ်ကိုသုံးပြီး အဆင့်သတ်မှတ်ချက်တွေကို

ဘောလုံးပွဲတွေရဲ့စွမ်းဆောင်ရည်အပေါ်အခြေခံကာ စဉ်ဆက်မပြတ်

ချိန်ညှိထားတာဖြစ်တယ်။ ဒီကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်းရှိ လိဂ်ပေါင်း

700 ကျော်ကို လွှမ်းခြုံထားတာပါ။ မက်ဆီရဲ့ ပရိသတ်တွေ

အမှတ်ရလာနိုင်ပါတယ်။ တကယ်တော့ ကလပ်ကစားသမားဘဝ

သွင်းဂိုးမှတ်တမ်းစာအုပ်မှာ ရော်နယ်ဒို ၇၀၆ ဂိုးဆိုရင် မက်ဆီက ၇၀၅ ဂိုးဖြစ်နေရပါလိမ့်မယ်။

zawgyi

မက္ဆီ ပရိသတ္ေတြက ေရာ္နယ္ဒိုရဲ႕သြင္းဂိုးပမာဏနဲ႔နီးစပ္သြားေစမယ့္ ျငင္းခုန္မႈေတြျပဳလုပ္ခဲ့

အာဂ်င္တီးနားဂႏၲဝင္ရဲ႕ပရိသတ္ေတြကေတာ့ မက္ဆီဟာ ေရာ္နယ္ဒိုထက္

တစ္ဂိုးသာေလ်ာ့နည္းတာကိုသက္ေသျပဖို႔အတြက္ ကိန္းဂဏန္းေတြကို

အသုံးျပဳၿပီးျငင္းခုန္လာၾကပါတယ္။ အယ္လ္နက္ဆာနဲ႔အတူ လိဂ္သြင္းဂိုး

၅၀၀ ေျမာက္ကိုရယူခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕သတင္းက ေခါင္းႀကီးပိုင္းမွာ

ထြက္ေပၚလာခဲ့တာျဖစ္တယ္။ ေရာ္နယ္ဒိုဟာ ကစားသမားဘ၀

၁၁၄၉ ပြဲမွာ စုစုေပါင္း ၈၂၄ ဂိုးအထိသြင္းထားၿပီး လူတိုင္းက

သူနဲ႔နီးနီးစပ္စပ္မွာရွိမေနပါဘူး။ မက္ဆီကေတာ့ ထာဝရဂိုးသြင္း

အမ်ားဆုံးစာရင္းမွာ တတိယေနရာရပ္တည္ေနၿပီး ၇၉၇ ဂိုးသြင္း

ထားတာျဖစ္တယ္။ ေပၚတူဂီစူပါစတားဟာ စပို႔တင္း၊ ယူႏိုက္တက္၊

ရီးရဲလ္၊ ဂ်ဴဗင္တပ္နဲ႔ အယ္လ္နက္ဆာအသင္းေတြမွာကစားရင္း

ကလပ္ကစားသမားဘဝတစ္ေလွ်ာက္ ၇၀၆ ႀကိမ္အထိဂိုးေပါက္

ရွာေတြ႕ထားပါတယ္။ မက္ဆီက ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီအသင္းေတြမွာ

ကစားရင္း ၆၉၉ ဂိုးသြင္းယူထားေပမယ့္ သူ႔ပရိသတ္ေတြကေတာ့

၇၀၅ ဂိုးေျမာက္မွာအမွန္တကယ္ရွိေနသင့္ၿပီလို႔ အႀကံျပဳခဲ့ၾကတာျဖစ္တယ္။

ဘာေၾကာင့္လဲဆိုေတာ့ TeamForm ကေနထုတ္ျပန္တဲ့ ကမာၻ႔လိဂ္

အဆင့္သတ္မွတ္ခ်က္ေတြမွာ ေဆာ္ဒီပ႐ိုလိဂ္က ကမာၻ႔အဆင့္ ၆၆ မွာ

ရပ္တည္ေနတာျဖစ္လို႔ပါ။ မက္ဆီဟာ စပိန္တတိယတန္းမွာ

ဘာစီလိုနာ-B အသင္းအတြက္ ၂၂ပြဲ ကစား ၆ ဂိုး သြင္းခဲ့သလို

ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ စပိန္တတိယတန္းၿပိဳင္ပြဲက ကမာၻ႔အဆင့္ ၅၇ မွာ

ရပ္တည္ေနတာျဖစ္တယ္။ အဓိကအခ်က္ကေတာ့ အိုင္ကြန္ႏွစ္ေယာက္ရဲ႕

သြင္းဂိုးႏႈိင္းယွဥ္ခ်က္မွာ အယ္လ္နက္ဆာနဲ႔သြင္းယူထားတဲ့ ေရာ္နယ္ဒိုရဲ႕

သြင္းဂိုး ၅ ဂိုးကပါဝင္ေနၿပီး မက္ဆီကေတာ့ ဘာစီလိုနာ-B အသင္းမွာ

ရရွိခဲ့တဲ့ ၆ဂိုး မပါဝင္ခဲ့ပါဘူး။ နည္းစနစ္သတ္မွတ္ခ်က္ေတြအရၾကည့္ရင္ေတာ့

မက္ဆီဟာ စပိန္တတိယတန္းမွ ာမကစားခင္ တစ္လအလိုျဖစ္တဲ့

၂၀၀၄ ေဖေဖာ္ဝါရီလမွာ ဘာစီလိုနာနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္

ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ပါတယ္။ TeamForm ဟာ ထူးျခားဆန္းျပားလွတဲ့

အယ္လ္လဂိုရီသမ္ကိုသုံးၿပီး အဆင့္သတ္မွတ္ခ်က္ေတြကို

ေဘာလုံးပြဲေတြရဲ႕စြမ္းေဆာင္ရည္အေပၚအေျခခံကာ စဥ္ဆက္မျပတ္

ခ်ိန္ညႇိထားတာျဖစ္တယ္။ ဒီကုမၸဏီဟာ ကမာၻတစ္ဝွမ္းရွိ လိဂ္ေပါင္း

700 ေက်ာ္ကို လႊမ္းၿခဳံထားတာပါ။ မက္ဆီရဲ႕ ပရိသတ္ေတြ

အမွတ္ရလာႏိုင္ပါတယ္။ တကယ္ေတာ့ ကလပ္ကစားသမားဘဝ

သြင္းဂိုးမွတ္တမ္းစာအုပ္မွာ ေရာ္နယ္ဒို ၇၀၆ ဂိုးဆိုရင္ မက္ဆီက ၇၀၅ ဂိုးျဖစ္ေနရပါလိမ့္မယ္။