မက်ဆီ ပထမဆုံးပွဲထွက်ခွင့်ရတဲ့နှစ်မှာ မွေးဖွားခဲ့တဲ့ ဂါဗီကတော့ မက်ဆီ ကလုန်းလေးပါပဲ

ဘာစီလိုနာ အသင်းဟာ အယ်လ်ချီနဲ့ကစားခဲ့တဲ့လာလီဂါ ပွဲစဉ် (၁၇)မှာ

ပထမပိုင်း သွင်းဂိုး (၂)ဂိုးနဲ့ ပွဲကိုဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် (၆၀)ကျော်မှာ

(၁) မိနစ်အတွင်း ပြိုင်ဘက် အယ်လ်ချီကို (၂) ဂိုးပြန် ပေးခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် (၇၂)မိနစ်မှာလူစားဝင်လာတဲ့ နီတိုဂွန်ဇာလက်ဇ်က (၈၅)မိနစ်မှာ

သွင်းယူပေးခဲ့တဲ့ဂိုးကြောင့်သာ ဘာစီလိုနာတို့နိုင်ပွဲရခဲ့သလို

ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအတွက် ပထမပိုင်းမှာရရှိခဲ့တဲ့ ဦးဆောင်ဂိုးတွေကို (၂၂) နှစ်သား

ဟတ်ဂ်လာနဲ့ (၁၇) နှစ်အရွယ် ဂါဗီတို့က သွင်းယူခဲ့ကြတာ ဖြစ်ပြီး

အယ်လ်ချီရဲ့ ခြေပဂိုးတွေကို မော်ရန်တေးနဲ့ မီလ်လာတို့က သွင်းယူပေးခဲ့ကြတာပါ။

အယ်လ်ချီနဲ့ပွဲမှာ ဘာစီလိုနာရဲ့အသင်းလိုက် ခြေစွမ်းပိုင်းကပြောစရာဖြစ်လောက်တဲ့အထိ

မရှိခဲ့ပေမယ့် အသက် ၁၇ နှစ်သားကွင်းလယ်ကစားသမားလေးရဲ့

ခြေစွမ်းအဆင့်အတန်းကတော့ ဘာစီလိုနာပရိသတ်တွေကြားမှာ

ပြောစရာဖြစ်ခဲ့သလို သူကအံ့အားသင့်ဖွယ်ကောင်းတဲ့ တစ်ကိုယ်တော် စွမ်းရည်နဲ့

ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။ သူသွင်းယူခဲ့တဲ့ဂိုးက ပြိုင်ဘက်ကစားသမားတွေ

လူကပ်ထားတဲ့ကြားက ရအောင် ကျော်ဖြတ်ပြပြီး ဂိုးတွေ သွင်းယူခဲ့တာကြောင့်

မက်ဆီရဲ့ပုံစံအတိုင်းလို့တောင် ပြောလို့ရပါတယ်။

ဂါဗီဟာ ပြိုင်ဘက်ကွင်းဘက်ခြမ်းရဲ့ကွင်းလယ်စက်ဝိုင်းနားမှာ

ပြိုင်ဘက်ကစားသမားကပ်ထားတဲ့ကြားက ဘောလုံးလက်ခံရယူပြီး

၁၈၀ ဒီဂရီလှည့်ထွက်ခဲ့ကာ အယ်လ်ချီကစားသမားကို လှလှပပ ကျော်ဖြတ်ခဲ့ပြီး

အယ်လ်ချီ ဂိုးဧရိယာနားကို ဆွဲပြေသွားခဲ့ပါတယ်။

သည့်နောက်မှာ နောက်ထပ် အယ်လ်ချီ နောက်ခံကစားသမားတစ်ဦးကိုပါ

ထပ်ကျော်ဖြတ်ခဲ့ပြီး ဂိုးဧရိယာထိပ် ဘီးကုပ်စက်ဝိုင်းနားကနေ

ဂိုးသမားရဲ့ညာဘက်ထောင့်ထဲကို အလွန်အားပါတဲ့ ညာခြေနဲ့

အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ တကယ့်ကို ရင်သပ် ရှုမောစရာကောင်းတဲ့

solo ဂိုးပါပဲ။ ဂါဗီရဲ့ သွင်းဂိုးဟာ ဘာစီလိုနာပရိသတ်တွေအတွက်လည်း

မက်ဆီကို ပြန်လည်သတိရစေမိစေခဲ့သလို ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်ကနေ

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး

အကြီးအကျယ် အောင်ပွဲခံနေကြပါတယ်။

ဘာစီလိုနာပရိသတ်တွေက “ကောင်းလိုက်တဲ့ဂိုးကွာ။ ဂါဗီဆီရဲ့ ဂိုးက

မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။ ဘာကာရဲ့လူငယ်လေးရဲ့

သွင်းဂိုးကလုံးဝ အံ့မခန်းပဲ”လို့ ရေးထားကြသလို မက်ဆီရဲ့အမာခံ

ဘာစီလိုနာပရိသတ်တစ်ဦးကဆိုရင် ” ဂါဗီဟာ ဘာစီလိုနာအတွက်

လီယွန်နယ်မက်ဆီ ပထမဆုံးပွဲထွက်ခွင့်ရတဲ့နှစ်မှာ မွေးဖွားခဲ့တဲ့သူပါ။

သူ့လက်ရှိအသက်အရွယ်က ကလေးတစ်ယောက် အဖြစ်သာရှိပါသေးတယ်။

ဒါပေမယ့် သူက ဘောလုံးမှာ ပင်ကိုယ်စရိုက်၊ ပါးနပ်မှုနဲ့ စစ်မှန်တဲ့

နည်းစနစ်စွမ်းရည်တွေရှိပြီး ပါရမီရှိတဲ့သူတစ်ယောက်ဖြစ်သလို

ပြိုင်ဘက်နဲ့ရင်ဆိုင်ရာမှာ မကြောက်မရွံ့ဘဲ ဘောလုံးကစားတယ်။

သူ့ကစားပုံကို လုံးဝကြိုက်တယ်” လို့ လည်း မှတ်ချက်ပေးခဲ့ပါတယ်။

zawgyi

မက္ဆီ ပထမဆုံးပြဲထြက္ခြင့္ရတဲ့ႏွစ္မွာ ေမြးဖြားခဲ့တဲ့ ဂါဗီကေတာ့ မက္ဆီ ကလုန္းေလးပါပဲ

ဘာစီလိုနာ အသင္းဟာ အယ္လ္ခ်ီနဲ႔ကစားခဲ့တဲ့လာလီဂါ ပြဲစဥ္ (၁၇)မွာ

ပထမပိုင္း သြင္းဂိုး (၂)ဂိုးနဲ႔ ပြဲကိုဦးေဆာင္ခဲ့ေပမယ့္ ဒုတိယပိုင္း မိနစ္ (၆၀)ေက်ာ္မွာ

(၁) မိနစ္အတြင္း ၿပိဳင္ဘက္ အယ္လ္ခ်ီကို (၂) ဂိုးျပန္ ေပးခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ (၇၂)မိနစ္မွာလူစားဝင္လာတဲ့ နီတိုဂြန္ဇာလက္ဇ္က (၈၅)မိနစ္မွာ

သြင္းယူေပးခဲ့တဲ့ဂိုးေၾကာင့္သာ ဘာစီလိုနာတို႔ႏိုင္ပြဲရခဲ့သလို

ၿပိဳင္ပြဲစုံ ေနာက္ဆုံး (၄) ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးေနမႈကိုလည္း အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာအတြက္ ပထမပိုင္းမွာရရွိခဲ့တဲ့ ဦးေဆာင္ဂိုးေတြကို (၂၂) ႏွစ္သား

ဟတ္ဂ္လာနဲ႔ (၁၇) ႏွစ္အ႐ြယ္ ဂါဗီတို႔က သြင္းယူခဲ့ၾကတာ ျဖစ္ၿပီး

အယ္လ္ခ်ီရဲ႕ ေျခပဂိုးေတြကို ေမာ္ရန္ေတးနဲ႔ မီလ္လာတို႔က သြင္းယူေပးခဲ့ၾကတာပါ။

အယ္လ္ခ်ီနဲ႔ပြဲမွာ ဘာစီလိုနာရဲ႕အသင္းလိုက္ ေျခစြမ္းပိုင္းကေျပာစရာျဖစ္ေလာက္တဲ့အထိ

မရွိခဲ့ေပမယ့္ အသက္ ၁၇ ႏွစ္သားကြင္းလယ္ကစားသမားေလးရဲ႕

ေျခစြမ္းအဆင့္အတန္းကေတာ့ ဘာစီလိုနာပရိသတ္ေတြၾကားမွာ

ေျပာစရာျဖစ္ခဲ့သလို သူကအံ့အားသင့္ဖြယ္ေကာင္းတဲ့ တစ္ကိုယ္ေတာ္ စြမ္းရည္နဲ႔

ဂိုးသြင္းယူေပးသြားခဲ့ပါတယ္။ သူသြင္းယူခဲ့တဲ့ဂိုးက ၿပိဳင္ဘက္ကစားသမားေတြ

လူကပ္ထားတဲ့ၾကားက ရေအာင္ ေက်ာ္ျဖတ္ျပၿပီး ဂိုးေတြ သြင္းယူခဲ့တာေၾကာင့္

မက္ဆီရဲ႕ပုံစံအတိုင္းလို႔ေတာင္ ေျပာလို႔ရပါတယ္။

ဂါဗီဟာ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းရဲ႕ကြင္းလယ္စက္ဝိုင္းနားမွာ

ၿပိဳင္ဘက္ကစားသမားကပ္ထားတဲ့ၾကားက ေဘာလုံးလက္ခံရယူၿပီး

၁၈၀ ဒီဂရီလွည့္ထြက္ခဲ့ကာ အယ္လ္ခ်ီကစားသမားကို လွလွပပ ေက်ာ္ျဖတ္ခဲ့ၿပီး

အယ္လ္ခ်ီ ဂိုးဧရိယာနားကို ဆြဲေျပသြားခဲ့ပါတယ္။

သည့္ေနာက္မွာ ေနာက္ထပ္ အယ္လ္ခ်ီ ေနာက္ခံကစားသမားတစ္ဦးကိုပါ

ထပ္ေက်ာ္ျဖတ္ခဲ့ၿပီး ဂိုးဧရိယာထိပ္ ဘီးကုပ္စက္ဝိုင္းနားကေန

ဂိုးသမားရဲ႕ညာဘက္ေထာင့္ထဲကို အလြန္အားပါတဲ့ ညာေျခနဲ႔

အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ တကယ့္ကို ရင္သပ္ ရႈေမာစရာေကာင္းတဲ့

solo ဂိုးပါပဲ။ ဂါဗီရဲ႕ သြင္းဂိုးဟာ ဘာစီလိုနာပရိသတ္ေတြအတြက္လည္း

မက္ဆီကို ျပန္လည္သတိရေစမိေစခဲ့သလို ပြဲအၿပီးမွာ လူမႈကြန္ရက္ေပၚကေန

ဘာစီလိုနာကြင္းလယ္ၾကယ္ပြင့္ရဲ႕ သြင္းဂိုးနဲ႔ပတ္သက္ၿပီး

အႀကီးအက်ယ္ ေအာင္ပြဲခံေနၾကပါတယ္။

ဘာစီလိုနာပရိသတ္ေတြက “ေကာင္းလိုက္တဲ့ဂိုးကြာ။ ဂါဗီဆီရဲ႕ ဂိုးက

မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပါပဲ။ ဘာကာရဲ႕လူငယ္ေလးရဲ႕

သြင္းဂိုးကလုံးဝ အံ့မခန္းပဲ”လို႔ ေရးထားၾကသလို မက္ဆီရဲ႕အမာခံ

ဘာစီလိုနာပရိသတ္တစ္ဦးကဆိုရင္ ” ဂါဗီဟာ ဘာစီလိုနာအတြက္

လီယြန္နယ္မက္ဆီ ပထမဆုံးပြဲထြက္ခြင့္ရတဲ့ႏွစ္မွာ ေမြးဖြားခဲ့တဲ့သူပါ။

သူ႔လက္ရွိအသက္အ႐ြယ္က ကေလးတစ္ေယာက္ အျဖစ္သာရွိပါေသးတယ္။

ဒါေပမယ့္ သူက ေဘာလုံးမွာ ပင္ကိုယ္စ႐ိုက္၊ ပါးနပ္မႈနဲ႔ စစ္မွန္တဲ့

နည္းစနစ္စြမ္းရည္ေတြရွိၿပီး ပါရမီရွိတဲ့သူတစ္ေယာက္ျဖစ္သလို

ၿပိဳင္ဘက္နဲ႔ရင္ဆိုင္ရာမွာ မေၾကာက္မ႐ြံ႕ဘဲ ေဘာလုံးကစားတယ္။

သူ႔ကစားပုံကို လုံးဝႀကိဳက္တယ္” လို႔ လည္း မွတ္ခ်က္ေပးခဲ့ပါတယ္။