မက်ဆီ နဲ့ အဆင်မပြေရင် ရောင်းထုတ်ခံရမယ်

PSG အသင်းဟာ အာဂျင်တီးနား နာမည်ကျော် ကစားသမား လီယို မက်ဆီ နဲ့

ဆက်ဆံရေးအဆင်မပြေတဲ့ တိုက်စစ်မှူး အီကာဒီ ကို လာမယ့်အပြောင်းအရွှေ့

ကာလမှာ ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပဲရစ်ကလပ်ရဲ့

ကစားသမားအသစ် မက်ဆီ ဟာ ဘာပေ အပါအဝင် ကျန်တဲ့ PSG အသင်းသား

အားလုံးနဲ့ ဆက်ဆံရေးကောင်းတွေကို တည်ဆောက်ထားနိုင်နေပြီဖြစ်ပေမဲ့

တနိုင်ငံတည်းသား အီကာဒီ နဲ့တော့ တင်းမာမှုတွေရှိနေတယ်လို့ El National

သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အီကာဒီ က အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ သူရွေးချယ်မခံရတာဟာ

အသင်းခေါင်းဆောင် မက်ဆီ ကြောင့်လို့ ယူဆနေပြီး မက်ဆီ အပေါ် မကျေနပ်မှု

တွေရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် PSG အသင်းက အဝတ်လဲခန်းထဲမှာ

ပြဿနာတွေ မပေါ်လာခင် အီကာဒီ ကို အမြန်ဆုံးရောင်းချသွားဖို့ ပြင်ဆင်နေ

တာပဲဖြစ်ပါတယ်။

သတင်းတွေအရ PSG အသင်းဟာ အီကာဒီ ကို မက်ဆီ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း

ဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှူးအသစ် အဂွဲရိုး နဲ့ တိုက်ရိုက်အလဲအထပ်ပြုလုပ်ဖို့

ဆန္ဒရှိနေပြီး ဘာစီလိုနာအသင်းကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အီကာဒီ ဟာ မက်ဆီ နဲ့ ဆက်ဆံရေးအဆင်မပြေတဲ့အပြင် ကွင်းပြင်ပနေထိုင်မှုပုံစံ

တွေဟာလည်း ပရိသတ်တွေကြားမှာ အမြဲဝေဖန်ခံရလေ့ရှိတဲ့ ကစားသမားတဦး

ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဇနီးသည် ဝမ်ဒါ နာရာ က အီကာဒီဟာ

အိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့

အတွက် အီကာဒီ ဟာ PSG အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို လာရောက်ဖို့

ပျက်ကွက်ခဲ့ပြီး ပွဲစဉ် ၂ ပွဲလောက်ကို လွဲချော်ခဲ့ပါတယ်။

PSG အသင်းကတော့ ကွင်းပြင်ပမှာ ပြဿနာရှာလေ့ရှိတဲ့အပြင် မက်ဆီ နဲ့ပါ

ဆက်ဆံရေး တင်းမာနေတဲ့ အီကာဒီ ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ

အသင်းကနေ အမြန်ဆုံးရှင်းထုတ်သွားမယ်လို့ သိရပါတယ်။

Zawgyi

မက္ဆီ နဲ႔ အဆင္မေျပရင္ ေရာင္းထုတ္ခံရမယ္

PSG အသင္းဟာ အာဂ်င္တီးနား နာမည္ေက်ာ္ ကစားသမား လီယို မက္ဆီ နဲ႔

ဆက္ဆံေရးအဆင္မေျပတဲ့ တိုက္စစ္မႉး အီကာဒီ ကို လာမယ့္အေျပာင္းအေ႐ႊ႕

ကာလမွာ ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ပဲရစ္ကလပ္ရဲ႕

ကစားသမားအသစ္ မက္ဆီ ဟာ ဘာေပ အပါအဝင္ က်န္တဲ့ PSG အသင္းသား

အားလုံးနဲ႔ ဆက္ဆံေရးေကာင္းေတြကို တည္ေဆာက္ထားႏိုင္ေနၿပီျဖစ္ေပမဲ့

တႏိုင္ငံတည္းသား အီကာဒီ နဲ႔ေတာ့ တင္းမာမႈေတြရွိေနတယ္လို႔ El National

သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အီကာဒီ က အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းမွာ သူေ႐ြးခ်ယ္မခံရတာဟာ

အသင္းေခါင္းေဆာင္ မက္ဆီ ေၾကာင့္လို႔ ယူဆေနၿပီး မက္ဆီ အေပၚ မေက်နပ္မႈ

ေတြရွိေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ PSG အသင္းက အဝတ္လဲခန္းထဲမွာ

ျပႆနာေတြ မေပၚလာခင္ အီကာဒီ ကို အျမန္ဆုံးေရာင္းခ်သြားဖို႔ ျပင္ဆင္ေန

တာပဲျဖစ္ပါတယ္။

သတင္းေတြအရ PSG အသင္းဟာ အီကာဒီ ကို မက္ဆီ ရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္း

ျဖစ္တဲ့ ဘာစီလိုနာ တိုက္စစ္မႉးအသစ္ အဂြဲ႐ိုး နဲ႔ တိုက္႐ိုက္အလဲအထပ္ျပဳလုပ္ဖို႔

ဆႏၵရွိေနၿပီး ဘာစီလိုနာအသင္းကို ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။

အီကာဒီ ဟာ မက္ဆီ နဲ႔ ဆက္ဆံေရးအဆင္မေျပတဲ့အျပင္ ကြင္းျပင္ပေနထိုင္မႈပုံစံ

ေတြဟာလည္း ပရိသတ္ေတြၾကားမွာ အၿမဲေဝဖန္ခံရေလ့ရွိတဲ့ ကစားသမားတဦး

ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း ဇနီးသည္ ဝမ္ဒါ နာရာ က အီကာဒီဟာ

အိမ္ေထာင္ေရးေဖာက္ျပန္ခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔

အတြက္ အီကာဒီ ဟာ PSG အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကို လာေရာက္ဖို႔

ပ်က္ကြက္ခဲ့ၿပီး ပြဲစဥ္ ၂ ပြဲေလာက္ကို လြဲေခ်ာ္ခဲ့ပါတယ္။

PSG အသင္းကေတာ့ ကြင္းျပင္ပမွာ ျပႆနာရွာေလ့ရွိတဲ့အျပင္ မက္ဆီ နဲ႔ပါ

ဆက္ဆံေရး တင္းမာေနတဲ့ အီကာဒီ ကို လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာပဲ

အသင္းကေန အျမန္ဆုံးရွင္းထုတ္သြားမယ္လို႔ သိရပါတယ္။