မက်ဆီ-စီရော်နယ်လ်ဒိုမရှိတော့တဲ့ပွဲဖြစ်ပြီး El Clasico မှာ နိုင်ပွဲရယူခဲ့တဲ့ ရီးယဲလ်

ဘာစီလိုနာနဲ့ရီးယဲလ်အသင်းတို့ရဲ့ El Clasico ပွဲက ဆယ်စုနှစ်တစ်ခုကျော်အတွင်း

ပထမဆုံးအကြိမ်အဖြစ် မက်ဆီ-စီရော်နယ်လ်ဒိုမရှိတော့တဲ့ပွဲဖြစ်ခဲ့ပြီး

မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ရဲ့တစ်ဦးချင်းအားပြိုင်မှုတွေကို မတွေ့ရတော့ပေမယ့်

နှစ်သင်းစလုံးရဲ့ ခြေစွမ်းနဲ့နည်းဗျူဟာပိုင်း၊ ကစားသမားတွေရဲ့တစ်ဦးချင်း

အရည်အသွေးတွေအရ တကယ်ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဗလင်စီယာ၊ ဒိုင်နမိုကိဗ်တို့ကို ဆက်တိုက်အနိုင်ယူပြီးခြေပြန်မှန်လာတဲ့

ဘာစီလိုနာအသင်းဟာ အခုပွဲမှာ သူတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်ရီးယဲလ်အသင်းကို

၂၀၁၈-၁၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည်အနိုင်ယူဖို့ကြိုးစားခဲ့ပေမယ့်

အခွင့်အရေးအသုံးချနိုင်မှုအပိုင်းမှာ အားနည်းခဲ့တာကြောင့် နူးကမ့်မှာရှုံးပွဲနဲ့

ဆက်လက်ရင်ဆိုင်ခဲ့ရတာပါ။ ဒီပွဲမှာ ရော်နယ်လ်ကိုးမန်းနဲ့အန်ဆယ်လော့တီတို့ဟာ

ထူးထူးခြားခြားဆိုသလိုပဲ (၄-၁-၂-၃)ကစားကွက်နဲ့ပွဲထွက်ခဲ့ကြပြီး

ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားခဲ့သလို

ရီးယဲလ်အသင်းက တန်ပြန်တိုက်စစ်နဲ့သာ ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။

ဘာစီလိုနာကွင်းလယ်လူဘူးစကွက်စ်နဲ့ ရီးယဲလ်ကွင်းလယ်လူကတ်စ်မဲရိုးတို့ကတော့

Holding Midfielders တွေပီပီ သူတို့အလုပ်ကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး

အခုနောက်ပိုင်း ရော်နယ်လ်ကိုးမန်းက ညာနောက်ခံလူဆာဂျင်နိုဒက်စ်ကို

တိုက်စစ်ညာခြမ်းမှာအသုံးပြုနေတာတွေ့ရပါတယ်။ ပထမပိုင်း(၂၄)မိနစ်မှာ

ဆာဂျင်နိုဒက်စ် အပိုင်အခွင့်အရေးရခဲ့ပေမယ့် မိုးပေါ်ထောင်ကန်ခဲ့လို့

ဘာစီလိုနာအသင်းနစ်နာခဲ့ရပါတယ်။ဘာစီလိုနာညာခြမ်းက မင်ဂွယ်ဇာနဲ့

ဆာဂျင်နိုဒက်စ်တို့ အတွဲအဖက်သိပ်မမိတာကြောင့် ရီးယဲလ်ဘယ်တောင်ပံ

တိုက်စစ်မှူးဗင်နီစီယက်စ်က တန်ပြန်တိုက်စစ်တွေကနေ တောက်လျှောက်

ခြိမ်းခြောက်ခဲ့ပြီး အဖွင့်ဂိုးရခဲ့တာကလည်း ဘယ်ခြမ်းကနေစတင်ခဲ့တာပါ။

(၃၂)မိနစ်မှာ အလာဘာရဲ့ဖျက်ထုတ်မှုကြောင့်ဒီပိုင်းဆီကနေ ပျက်သွားတဲ့

ဘောလုံးကနေ တစ်ဆင့် ဗင်နီစီယက်စ်က ညာခြမ်းမှာ Marking လွတ်နေတဲ့

ရိုဒရီဂိုဆီလှမ်းတင်ပေးလိုက်ပြီး ရိုဒရီဂိုထိုးပေးလိုက်တာကို ခံစစ်ကနေ

တောက်လျှောက်ပြေးတက်လာတဲ့ အလာဘာက ဘယ်ခြေနဲ့အပြင်းကန်သွင်းပြီးတော့

လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။ အလာဘာဟာ ၂၁ ရာစုအတွင်း

ရော်နယ်လ်ဒို(၂၀၀၃)၊ နစ္စတယ်လ်ရွိုင်း(၂၀၀၆)၊ ဗာရန်း(၂၀၁၃)၊

ဟယ်ဆေး(၂၀၁၃)တို့ပြီးရင် ရီးယဲလ်အသင်းအတွက် El Clasico ပွဲဦးထွက်မှာ

ဂိုးသွင်းနိုင်ခဲ့တဲ့ ပဉ္စမမြောက်ကစားသမားဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂိုးရဖို့တိုက်စစ်ဆင်ကစားခဲ့ပြီး Off The Ball Movement ၊

တွဲလုံးတွေနဲ့ Set Up Play ကောင်းပေမယ့် Final Third Zone နားရောက်ပြီဆို

အခွင့်အရေးဖန်တီးနိုင်မှုအားနည်းခဲ့တဲ့အပြင် မက်ဆီလိုမျိုး Finisher မရှိတာက

ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ ရီးယဲလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု

သိပ်မရပေမယ့် Counter ပြန်ပေါက်ရင် တစ်ကြိမ်ဆိုတစ်ကြိမ်ထိရောက်ခဲ့ပြီး

ဘန်ဇီမာရဲ့ကန်ချက်ကို ဂိုးသမားတာစတီဂန်ကာကွယ်နိုင်ခဲ့တာရယ်၊

အခွင့်အရေးတချို့လွဲချော်ခဲ့လို့ ဂိုးထပ်မရခဲ့တာပါ။

ဒါပေမဲ့ နာကျင်အချိန်ပိုမှာတော့ ရီးယဲလ်အနိုင်သေချာစေမယ့်ဂိုးထပ်ရခဲ့ပြီး

Counter ကနေ အဆန်စီယိုဆွဲပြေးကန်သွင်းတာကို တာစတီဂန်ကာကွယ်နိုင်ခဲ့ပေမယ့်

အသင့်လိုက်လာတဲ့ ဗက်ဇ်ကက်ဇ်က ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက် ချေပဂိုးကို ပွဲပြီးဖို့နောက်ဆုံးမိနစ်အရောက်မှာ

အဂွဲရိုးက သွင်းယူခဲ့တာဖြစ်ပြီး အဂွဲရိုးဟာ အသက်(၃၃)နှစ်၊ (၁၄၄)ရက်နဲ့

၂၁ ရာစုအတွင်း El Clasico ပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုပွဲရှုံးနိမ့်ခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ El Clasico နောက်ဆုံး(၅)ပွဲမှာ

(၄)ပွဲရှုံး၊ (၁)ပွဲသရေကျခဲ့သလို နည်းပြရော်နယ်လ်ကိုးမန်းကတော့

ပက်ထရစ်အိုကွန်နယ်လ်(၁၉၃၅-၁၉၄၀)နောက်ပိုင်း El Clasico (၃)ပွဲဆက်တိုက်

ရှုံးနိမ့်ခဲ့တဲ့ ဒုတိယမြောက်ဘာစီလိုနာနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

zawgyi

မက္ဆီ-စီေရာ္နယ္လ္ဒိုမရွိေတာ့တဲ့ပြဲျဖစ္ၿပီး El Clasico မွာ ႏိုင္ပြဲရယူခဲ့တဲ့ ရီးယဲလ္

ဘာစီလိုနာနဲ႔ရီးယဲလ္အသင္းတို႔ရဲ႕ El Clasico ပြဲက ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း

ပထမဆုံးအႀကိမ္အျဖစ္ မက္ဆီ-စီေရာ္နယ္လ္ဒိုမရွိေတာ့တဲ့ပြဲျဖစ္ခဲ့ၿပီး

မက္ဆီ၊ စီေရာ္နယ္လ္ဒိုတို႔ရဲ႕တစ္ဦးခ်င္းအားၿပိဳင္မႈေတြကို မေတြ႕ရေတာ့ေပမယ့္

ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းနဲ႔နည္းဗ်ဴဟာပိုင္း၊ ကစားသမားေတြရဲ႕တစ္ဦးခ်င္း

အရည္အေသြးေတြအရ တကယ္ၾကည့္ေကာင္းတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။

ဗလင္စီယာ၊ ဒိုင္နမိုကိဗ္တို႔ကို ဆက္တိုက္အႏိုင္ယူၿပီးေျချပန္မွန္လာတဲ့

ဘာစီလိုနာအသင္းဟာ အခုပြဲမွာ သူတို႔ရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ရီးယဲလ္အသင္းကို

၂၀၁၈-၁၉ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ျပန္လည္အႏိုင္ယူဖို႔ႀကိဳးစားခဲ့ေပမယ့္

အခြင့္အေရးအသုံးခ်ႏိုင္မႈအပိုင္းမွာ အားနည္းခဲ့တာေၾကာင့္ ႏူးကမ့္မွာရႈံးပြဲနဲ႔

ဆက္လက္ရင္ဆိုင္ခဲ့ရတာပါ။ ဒီပြဲမွာ ေရာ္နယ္လ္ကိုးမန္းနဲ႔အန္ဆယ္ေလာ့တီတို႔ဟာ

ထူးထူးျခားျခားဆိုသလိုပဲ (၄-၁-၂-၃)ကစားကြက္နဲ႔ပြဲထြက္ခဲ့ၾကၿပီး

ဘာစီလိုနာအသင္းက ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားခဲ့သလို

ရီးယဲလ္အသင္းက တန္ျပန္တိုက္စစ္နဲ႔သာ ျပန္လည္ရင္ဆိုင္ခဲ့ပါတယ္။

ဘာစီလိုနာကြင္းလယ္လူဘူးစကြက္စ္နဲ႔ ရီးယဲလ္ကြင္းလယ္လူကတ္စ္မဲ႐ိုးတို႔ကေတာ့

Holding Midfielders ေတြပီပီ သူတို႔အလုပ္ကို အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့ၿပီး

အခုေနာက္ပိုင္း ေရာ္နယ္လ္ကိုးမန္းက ညာေနာက္ခံလူဆာဂ်င္ႏိုဒက္စ္ကို

တိုက္စစ္ညာျခမ္းမွာအသုံးျပဳေနတာေတြ႕ရပါတယ္။ ပထမပိုင္း(၂၄)မိနစ္မွာ

ဆာဂ်င္ႏိုဒက္စ္ အပိုင္အခြင့္အေရးရခဲ့ေပမယ့္ မိုးေပၚေထာင္ကန္ခဲ့လို႔

ဘာစီလိုနာအသင္းနစ္နာခဲ့ရပါတယ္။ဘာစီလိုနာညာျခမ္းက မင္ဂြယ္ဇာနဲ႔

ဆာဂ်င္ႏိုဒက္စ္တို႔ အတြဲအဖက္သိပ္မမိတာေၾကာင့္ ရီးယဲလ္ဘယ္ေတာင္ပံ

တိုက္စစ္မႉးဗင္နီစီယက္စ္က တန္ျပန္တိုက္စစ္ေတြကေန ေတာက္ေလွ်ာက္

ၿခိမ္းေျခာက္ခဲ့ၿပီး အဖြင့္ဂိုးရခဲ့တာကလည္း ဘယ္ျခမ္းကေနစတင္ခဲ့တာပါ။

(၃၂)မိနစ္မွာ အလာဘာရဲ႕ဖ်က္ထုတ္မႈေၾကာင့္ဒီပိုင္းဆီကေန ပ်က္သြားတဲ့

ေဘာလုံးကေန တစ္ဆင့္ ဗင္နီစီယက္စ္က ညာျခမ္းမွာ Marking လြတ္ေနတဲ့

႐ိုဒရီဂိုဆီလွမ္းတင္ေပးလိုက္ၿပီး ႐ိုဒရီဂိုထိုးေပးလိုက္တာကို ခံစစ္ကေန

ေတာက္ေလွ်ာက္ေျပးတက္လာတဲ့ အလာဘာက ဘယ္ေျခနဲ႔အျပင္းကန္သြင္းၿပီးေတာ့

လွလွပပသြင္းယူခဲ့တာျဖစ္ပါတယ္။ အလာဘာဟာ ၂၁ ရာစုအတြင္း

ေရာ္နယ္လ္ဒို(၂၀၀၃)၊ နစၥတယ္လ္႐ြိဳင္း(၂၀၀၆)၊ ဗာရန္း(၂၀၁၃)၊

ဟယ္ေဆး(၂၀၁၃)တို႔ၿပီးရင္ ရီးယဲလ္အသင္းအတြက္ El Clasico ပြဲဦးထြက္မွ

ာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ပၪၥမေျမာက္ကစားသမားျဖစ္ခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ဂိုးရဖို႔တိုက္စစ္ဆင္ကစားခဲ့ၿပီး Off The Ball Movement ၊

တြဲလုံးေတြနဲ႔ Set Up Play ေကာင္းေပမယ့္ Final Third Zone နားေရာက္ၿပီဆို

အခြင့္အေရးဖန္တီးႏိုင္မႈအားနည္းခဲ့တဲ့အျပင္ မက္ဆီလိုမ်ိဳး Finisher မရွိတာက

ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။ ရီးယဲလ္အသင္းက ေဘာလုံးပိုင္ဆိုင္မႈ

သိပ္မရေပမယ့္ Counter ျပန္ေပါက္ရင္ တစ္ႀကိမ္ဆိုတစ္ႀကိမ္ထိေရာက္ခဲ့ၿပီး

ဘန္ဇီမာရဲ႕ကန္ခ်က္ကို ဂိုးသမားတာစတီဂန္ကာကြယ္ႏိုင္ခဲ့တာရယ္၊

အခြင့္အေရးတခ်ိဳ႕လြဲေခ်ာ္ခဲ့လို႔ ဂိုးထပ္မရခဲ့တာပါ။

ဒါေပမဲ့ နာက်င္အခ်ိန္ပိုမွာေတာ့ ရီးယဲလ္အႏိုင္ေသခ်ာေစမယ့္ဂိုးထပ္ရခဲ့ၿပီး

Counter ကေန အဆန္စီယိုဆြဲေျပးကန္သြင္းတာကို တာစတီဂန္ကာကြယ္ႏိုင္ခဲ့ေပမယ့္

အသင့္လိုက္လာတဲ့ ဗက္ဇ္ကက္ဇ္က ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအတြက္ ေခ်ပဂိုးကို ပြဲၿပီးဖို႔ေနာက္ဆုံးမိနစ္အေရာက္မွာ

အဂြဲ႐ိုးက သြင္းယူခဲ့တာျဖစ္ၿပီး အဂြဲ႐ိုးဟာ အသက္(၃၃)ႏွစ္၊ (၁၄၄)ရက္နဲ႔

၂၁ ရာစုအတြင္း El Clasico ပြဲမွာ အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

အခုပြဲရႈံးနိမ့္ခဲ့တဲ့အတြက္ ဘာစီလိုနာအသင္းဟာ El Clasico ေနာက္ဆုံး(၅)ပြဲမွ

ာ (၄)ပြဲရႈံး၊ (၁)ပြဲသေရက်ခဲ့သလို နည္းျပေရာ္နယ္လ္ကိုးမန္းကေတာ့

ပက္ထရစ္အိုကြန္နယ္လ္(၁၉၃၅-၁၉၄၀)ေနာက္ပိုင္း El Clasico (၃)ပြဲဆက္တိုက္

ရႈံးနိမ့္ခဲ့တဲ့ ဒုတိယေျမာက္ဘာစီလိုနာနည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။