မက်ဆီ၊ နေမာ၊ အမ်ဘာပီ ဘယ်လောက်ကောင်းကောင်း ချန်ပီယံလိဂ်တော့ မမှန်းနဲ့ဆိုတဲ့ ရှမိုက်ကယ်
ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာ၊ အမ်ဘာပီတို့ရဲ့ တိုက်စစ်အင်အားစုကြီးနဲ့ အတူ ဂိုးတွေဒါဇင်ဝက်ကျော် သွင်းပြနေပေမဲ့
ဒီရာသီ ချန်ပီယံလိဂ်ဖလားကိုတော့ မရနိုင်ဘူးလို့ မန်ယူဂန္ထဝင် ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က ပြောဆိုလိုက်ပါတယ်။
ရှမိုက်ကယ်ဟာ ဝါရင့်ဂိုးသမားဟောင်းပီပီ ပြင်သစ် ကလပ်ရဲ့ ခံစစ်ပိုင်းအားနည်းချက်ကို အဓိက ထောက်ပြသွားခဲ့ပြီး
ဘောလုံး နဲ့အတူ ရှိမနေချိန်မှာ တိုက်စစ်ကစားသမား ၃ ယောက်ရဲ့ အကာအကွယ် ပေးနိုင်မှု
လျော့နည်းလွန်းတာကြောင့် အခက်အခဲတွေ အများကြီး ရှိလာနိုင် တယ်လို့ သုံးသပ်ခဲ့ပါတယ်။
အစ္စရေးကလပ် မက္ကာဘီဟိုင်ဖာကို ၇-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီနဲ့ အမ်ဘာပီဟာ နှစ်ဂိုး သွင်းနိုင်ခဲ့သလို နေမာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ ချန်ပီယံ လိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့အ ဆင့်မီ တိုက်စစ်မှူး သုံးယောက်ရဲ့ စွမ်းပကားကို ရှမိုက်ကယ်က
အထင်မကြီး သလို ခံစစ်ပိုင်းမှာ အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
‘’သူတို့အသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အကြောင်း ပြောကြမယ် ဆိုရင် ဒီနေ့ပွဲမှာလည်း သူတို့ ပြဿနာရှိနေတယ်လို့ ကျွန်တော် ထင်တယ်။
ဟုတ်ပြီ။ သူတို့ ၄-၀ နဲ့ အနိုင်ရနေချိန်မှာ ချက်ချင်းပဲ ၄-၂ ပြန်ဖြစ်သွားတယ်။
ပွဲတွေနိုင်ဖို့အတွက် သူတို့ ဂိုးတွေ အများကြီး သွင်းရတယ်။
အဲဒါမျိုးက အမြဲ တမ်း ဘယ်လိုလုပ် ဖြစ်နေနိုင်မလဲ။
ကစားကွက်မှာ တိုက်စစ်မှူး ၃ ယောက်ရှိနေပြီး ခံစစ်ကို မကူပေးနိုင်ရင် ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ဆိုတာပြောဖို့ စောပါသေးတယ်။
မက်ဆီ၊ နေမာနဲ့ အမ်ဘာပီတို့က တိုက်စစ်မှာ ဂိုးသွင်းဖို့ပဲ အားထုတ်နေမယ်ဆိုရင်တော့
သူတို့ဟာ ခံစစ်ပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ ကျွန်တော် ပြောချင်တာပါ’’ လို့
မန်ယူနဲ့အတူ တစ်ရာသီ အတွင်းမှာ ဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားကြီးက CBS Sport ကို ပြောဆိုခဲ့ပါတယ်။
နောက်ပြီး ဥရောပ အဆင့်ရှိတဲ့ အသင်းကြီး တွေဖြစ်ကြတဲ့ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့ တိုက်စစ်ကစားတဲ့အခါ
၁၁ ယောက်စလုံး ပါဝင်သလို ခံစစ်ကစားတဲ့အခါမှာလည်း ၁၁ ယောက်လုံး ပတ် သက်မှုရှိပြီး ပီအက်စ်ဂျီကတော့ အဲဒီလိုမျိုး မရှိဘူးလို့ ထောက်ပြပါတယ်။
နောက်ပြီး တစ်သင်းလုံးတက်ပြီး တစ်သင်းလုံး ဆင်းကစားပေးကြတာဟာ ခေတ်သစ်ဘောလုံးလောကရဲ့ ကစားနည်းပဲဖြစ်တယ်လို့ ရှမိုက်ကယ်က မှတ် ချက်ပြုခဲ့ပါတယ်။
(Zawgyi)