မက်ဆီ၊ နေမာတို့နဲ့ ပတ်သက်တဲ့ အရာရာတိုင်းက ရှုပ်ထွေးနေဆဲ ဆိုပေမယ့်၊ သူတို့တွေ ခြေစွမ်းပြလာနိုင်ဖို့ သိပ်မလိုတော့ပါဘူး – ဒီမာရီယာ

ပီအက်စ်ဂျီအသင်းတောင်ပံကစားသမား ဒီမာရီယာက ခြေစွမ်းပြနိုင်ဖို့

ရုန်းကန်ခဲ့ရတဲ့ ယူနိုက်တက်ကနေ ထွက်ပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့

လုပ်ဆောင်ခဲ့ချိန်ဟာ ကစားသမားဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်

တစ်ခုဖြစ်ခဲ့ကြောင်း ပြောဆိုပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ရီးရဲလ်ကနေ

ယူနိုက်တက်ကို ရောက်လာခဲ့တဲ့ ဒီမာရီယာဟာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့်

တစ်ရာသီအကြာပဲ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဒီမာရီယာက မက်ဆီ၊ နေမာတို့နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေလည်း ပေးထားပါတယ်။

နေမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက်

ပြိုင်ပွဲအရပ်ရပ် ၈ပွဲကစားထားပြီး ၂ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

အခြားတစ်ဖက်မှာ မက်ဆီကလည်း ပီအက်စ်ဂျီ အသင်းအတွက် ၇ပွဲကစားထားရာမှာ

၃ဂိုးသာ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခြင်း မရှိသေးပါဘူး။

မက်ဆီနဲ့ နေမာတို့ဟာ ဘာစီလိုနာ အသင်းမှာ ဘောလုံးရာသီ ၄ခုကြာအောင်

တွဲကစားခဲ့တုန်းကကောင်းကောင်း လိုက်ဖက်ညီခဲ့ပြီး၊အခုလည်း အဲဒီလို

ချိတ်ဆက်မှုမျိုး ပြန်လည်ရရှိဖို့ ကြိုးစားနေဆဲဖြစ်ပြီး ယခုအချိန်အထိတော့

သူတို့နှစ်ဦးရဲ့ အကောင်းဆုံး ပုံစံတွေကို ပြသနိုင်ဖို့ ခက်ခဲနေဆဲပါပဲ။

“မက်ဆီ ရောက်လာတာနဲ့အမျှ ကျွန်တော်တို့ အသင်းရဲ့ စည်းလုံးညီညွတ်မှုကို

ရှာတွေ့ဖို့က ပိုခက်ခဲပါတယ်။ ဒီအချိန်မှာ မက်ဆီ၊ နေမာတို့နဲ့ ပတ်သက်တဲ့

အရာရာတိုင်းက ရှုပ်ထွေးနေဆဲ ဆိုပေမယ့်၊ သူတို့တွေ ခြေစွမ်းပြလာနိုင်ဖို့ သိပ်မလိုတော့ပါဘူး။”

“နေမာက ကြီးကျယ်ခမ်းနားတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး၊

လက်ရှိမှာ ခြေစွမ်း ကျနေပေမယ့် သိပ်မကြာခင် တဖြည်းဖြည်းနဲ့

ထိပ်တန်း အဆင့်ကို ပြန်ရောက် လာမှာပါ။” လို့ အာဂျင်တီးနား ကွင်းလယ်လူ ဒီမာရီယာက ပြောပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ မက်ဆီ နေမာနဲ့ အမ်ဘာပေတို့လို ကစားသမားတွေ

ပိုင်ဆိုင်ထားပြီး၊ ဒီရာသီ လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ဖို့

ရေပန်းအစားဆုံး ဖြစ်နေတာကြောင့် ပိုချက်တီနို အနေနဲ့ ဒီကစားသမား သုံးဦးဆီက

အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူသုံးစွဲနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့လိုအပ်ပါတယ်။

zawgyi

မက္ဆီ၊ ေနမာတို႔နဲ႔ ပတ္သက္တဲ့ အရာရာတိုင္းက ရႈပ္ေထြးေနဆဲ ဆိုေပမယ့္၊ သူတို႔ေတြ ေျခစြမ္းျပလာႏိုင္ဖို႔ သိပ္မလိုေတာ့ပါဘူး – ဒီမာရီယာ

ပီအက္စ္ဂ်ီအသင္းေတာင္ပံကစားသမား ဒီမာရီယာက ေျခစြမ္းျပႏိုင္ဖို႔

႐ုန္းကန္ခဲ့ရတဲ့ ယူႏိုက္တက္ကေန ထြက္ၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ဖို႔

လုပ္ေဆာင္ခဲ့ခ်ိန္ဟာ ကစားသမားဘဝမွာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္

တစ္ခုျဖစ္ခဲ့ေၾကာင္း ေျပာဆိုပါတယ္။ ၂၀၁၄ ခုႏွစ္တုန္းက ရီးရဲလ္ကေန

ယူႏိုက္တက္ကို ေရာက္လာခဲ့တဲ့ ဒီမာရီယာဟာ ေျခစြမ္းျပႏိုင္ျခင္းမရွိတာေၾကာင့္

တစ္ရာသီအၾကာပဲ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

ဒီမာရီယာက မက္ဆီ၊ ေနမာတို႔နဲ႔ ပတ္သက္ၿပီး ထင္ျမင္ခ်က္ေတြလည္း ေပးထားပါတယ္။

ေနမာဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ပီအက္စ္ဂ်ီ အသင္းအတြက္

ၿပိဳင္ပြဲအရပ္ရပ္ ၈ပြဲကစားထားၿပီး ၂ဂိုးသာ သြင္းယူထားႏိုင္ပါတယ္။

အျခားတစ္ဖက္မွာ မက္ဆီကလည္း ပီအက္စ္ဂ်ီ အသင္းအတြက္ ၇ပြဲကစားထားရာမွာ

၃ဂိုးသာ သြင္းယူထားႏိုင္ၿပီး ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ျခင္း မရွိေသးပါဘူး။

မက္ဆီနဲ႔ ေနမာတို႔ဟာ ဘာစီလိုနာ အသင္းမွာ ေဘာလုံးရာသီ ၄ခုၾကာေအာင္

တြဲကစားခဲ့တုန္းကေကာင္းေကာင္း လိုက္ဖက္ညီခဲ့ၿပီး၊အခုလည္း အဲဒီလို

ခ်ိတ္ဆက္မႈမ်ိဳး ျပန္လည္ရရွိဖို႔ ႀကိဳးစားေနဆဲျဖစ္ၿပီး ယခုအခ်ိန္အထိေတာ့

သူတို႔ႏွစ္ဦးရဲ႕ အေကာင္းဆုံး ပုံစံေတြကို ျပသႏိုင္ဖို႔ ခက္ခဲေနဆဲပါပဲ။

“မက္ဆီ ေရာက္လာတာနဲ႔အမွ် ကြၽန္ေတာ္တို႔ အသင္းရဲ႕ စည္းလုံးညီၫြတ္မႈကို

ရွာေတြ႕ဖို႔က ပိုခက္ခဲပါတယ္။ ဒီအခ်ိန္မွာ မက္ဆီ၊ ေနမာတို႔နဲ႔ ပတ္သက္တဲ့

အရာရာတိုင္းက ရႈပ္ေထြးေနဆဲ ဆိုေပမယ့္၊ သူတို႔ေတြ ေျခစြမ္းျပလာႏိုင္ဖို႔ သိပ္မလိုေတာ့ပါဘူး။”

“ေနမာက ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမား တစ္ဦးျဖစ္ၿပီး၊

လက္ရွိမွာ ေျခစြမ္း က်ေနေပမယ့္ သိပ္မၾကာခင္ တျဖည္းျဖည္းနဲ႔

ထိပ္တန္း အဆင့္ကို ျပန္ေရာက္ လာမွာပါ။” လို႔ အာဂ်င္တီးနား ကြင္းလယ္လူ ဒီမာရီယာက ေျပာပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ မက္ဆီ ေနမာနဲ႔ အမ္ဘာေပတို႔လို ကစားသမားေတြ

ပိုင္ဆိုင္ထားၿပီး၊ ဒီရာသီ လီဂူးဝမ္းနဲ႔ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ဖို႔

ေရပန္းအစားဆုံး ျဖစ္ေနတာေၾကာင့္ ပိုခ်က္တီႏို အေနနဲ႔ ဒီကစားသမား သုံးဦးဆီက

အေကာင္းဆုံး အရည္အေသြးေတြ ထုတ္ယူသုံးစြဲႏိုင္မယ့္ နည္းလမ္းကို ရွာေဖြဖို႔လိုအပ္ပါတယ္။