
ရီးရဲလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွေ့ဆုံမှုမှာ
အဆုံးအဖြတ်ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ တိုက်စစ်မှုးတွေပါပဲ။
နှစ်ကျော့စလုံးမှာ ရရှိခဲ့တဲ့ဂိုးတွေကိုလည်း တိုက်စစ်မှုးတွေကချည်း သွင်းခဲ့တာပါ။
ဒါပေမဲ့ ရီးရဲလ်က ဝါရင့်တိုက်စစ်မှုးဘင်ဇီမာဟာ ဒုတိယအကျော့မှာ
ပီအက်စ်ဂျီတိုက်စစ်က မက်ဆီ၊ နေမာနဲ့ အမ်ဘက်ပီတို့ကို
ငုတ်တုတ်မေ့အောင် လုပ်နိုင်ခဲ့ပါတယ်။
ပထမအကျော့မှာ အမ်ဘက်ပီရဲ့တစ်လုံးတည်းသောနောက်ကျဂိုးနဲ့
အနိုင်ရခဲ့လို့ ပီအက်စ်ဂျီဟာ ကွာတားအတွက် ပိုပြီးရေပန်းစားခဲ့သလို
ဒုတိယအကျော့မှာလည်း အဲဒီပြင်သစ်သားရဲ့ဂိုးနဲ့ပဲ ဦးဆောင်နိုင်ခဲ့လို့
နှစ်ကျော့ပေါင်း ၂-၀ နဲ့ ဦးဆောင်နိုင်နေခဲ့တာပါ။
ဒါပေမဲ့ ဒုတိယပိုင်းအရောက်မှာ ဘင်ဇီမာရဲ့ဟက်ထရစ်ကြောင့်
ပီအက်စ်ဂျီဟာ ပြိုလဲသွားခဲ့ရပါတယ်။
ဘင်ဇီမာဟာ ၁၈ မိနစ်အတွင်း ဟက်ထရစ်သွင်းခဲ့တာဖြစ်ပြီး
အဲဒီမှာ ၂ မိနစ်အတွင်း သွင်းယူခဲ့တာပါ။
အဲဒီပွဲမှာ သူ့ရဲ့အဆုံးသတ်ကောင်းတွေနဲ့ ဥရောပမှာ
ကြောက်စရာအကောင်းဆုံးတိုက်စစ်ပိုင်ဆိုင်ထားတဲ့ပီအက်စ်ဂျီကို
နောက်ကောက်ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီပွဲက ဟက်ထရစ်ကြောင့်လည်း ဘင်ဇီမာဟာ ၃၄ နှစ် ၈၀ ရက်နဲ့
ချန်ပီယံလိဂ်သမိုင်းမှာ အသက်အကြီးဆုံးဟက်ထရစ်ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် အဲဒီပွဲက ဟက်ထရစ်ကြောင့်ပဲ သူဟာ စုစုပေါင်း ၃၀၉ ဂိုးနဲ့
ရီးရဲလ်အသင်းသမိုင်းမှာ တတိယဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့တာပါ။
တစ်နည်းအားဖြင့် မနေ့ည ဘာနေဗျူးဟာ
ဘင်ဇီမာရဲ့ရှိုးပွဲဖြစ်ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။
သူဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနံပါတ် ၉ ကစားသမားတွေထဲက
တစ်ယောက်လို့လည်း ချီးကျူးနေကြတာပါ။
zawgyi
မက္ဆီ၊ေနမာနဲ႔ဘက္ပီတို႔ငုတ္တုတ္ေမ့သြားေစတဲ့ ဘင္ဇီမာရဲ႕ဟက္ထရစ္
ရီးရဲလ္နဲ႔ပီအက္စ္ဂ်ီတို႔ရဲ႕ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ေတြ႕ဆုံမႈမွာ
အဆုံးအျဖတ္ျဖစ္ေစတဲ့အေၾကာင္းအရင္းေတြထဲက တစ္ခုကေတာ့ တိုက္စစ္မႈးေတြပါပဲ။
ႏွစ္ေက်ာ့စလုံးမွာ ရရွိခဲ့တဲ့ဂိုးေတြကိုလည္း တိုက္စစ္မႈးေတြကခ်ည္း သြင္းခဲ့တာပါ။
ဒါေပမဲ့ ရီးရဲလ္က ဝါရင့္တိုက္စစ္မႈးဘင္ဇီမာဟာ ဒုတိယအေက်ာ့မွာ
ပီအက္စ္ဂ်ီတိုက္စစ္က မက္ဆီ၊ ေနမာနဲ႔ အမ္ဘက္ပီတို႔ကို
ငုတ္တုတ္ေမ့ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။
ပထမအေက်ာ့မွာ အမ္ဘက္ပီရဲ႕တစ္လုံးတည္းေသာေနာက္က်ဂိုးနဲ႔
အႏိုင္ရခဲ့လို႔ ပီအက္စ္ဂ်ီဟာ ကြာတားအတြက္ ပိုၿပီးေရပန္းစားခဲ့သလို
ဒုတိယအေက်ာ့မွာလည္း အဲဒီျပင္သစ္သားရဲ႕ဂိုးနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့လို႔
ႏွစ္ေက်ာ့ေပါင္း ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ေနခဲ့တာပါ။
ဒါေပမဲ့ ဒုတိယပိုင္းအေရာက္မွာ ဘင္ဇီမာရဲ႕ဟက္ထရစ္ေၾကာင့္
ပီအက္စ္ဂ်ီဟာ ၿပိဳလဲသြားခဲ့ရပါတယ္။
ဘင္ဇီမာဟာ ၁၈ မိနစ္အတြင္း ဟက္ထရစ္သြင္းခဲ့တာျဖစ္ၿပီး
အဲဒီမွာ ၂ မိနစ္အတြင္း သြင္းယူခဲ့တာပါ။
အဲဒီပြဲမွာ သူ႔ရဲ႕အဆုံးသတ္ေကာင္းေတြနဲ႔ ဥေရာပမွာ
ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္ပိုင္ဆိုင္ထားတဲ့ပီအက္စ္ဂ်ီကို
ေနာက္ေကာက္ခ်ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
အဲဒီပြဲက ဟက္ထရစ္ေၾကာင့္လည္း ဘင္ဇီမာဟာ ၃၄ ႏွစ္ ၈၀ ရက္နဲ႔
ခ်န္ပီယံလိဂ္သမိုင္းမွာ အသက္အႀကီးဆုံးဟက္ထရစ္ျဖစ္လာခဲ့ပါတယ္။
ဒါ့အျပင္ အဲဒီပြဲက ဟက္ထရစ္ေၾကာင့္ပဲ သူဟာ စုစုေပါင္း ၃၀၉ ဂိုးနဲ႔
ရီးရဲလ္အသင္းသမိုင္းမွာ တတိယဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့တာပါ။
တစ္နည္းအားျဖင့္ မေန႔ည ဘာေနဗ်ဴးဟာ
ဘင္ဇီမာရဲ႕ရႈိးပြဲျဖစ္ခဲ့တယ္လို႔ေတာင္ ဆိုႏိုင္ပါတယ္။
သူဟာ သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးနံပါတ္ ၉ ကစားသမားေတြထဲက
တစ္ေယာက္လို႔လည္း ခ်ီးက်ဴးေနၾကတာပါ။