မက်ဆီအပေါ်တိကျတဲ့ဖျက်ထုတ်မှုလုပ်ခဲ့တဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ် ဟာပီအက်စ်ဂျီနဲ့ပွဲမှာ

ပြိုင်ဘက်မက်ဆီအပေါ်တိကျသေချာတဲ့ ဖျက် ထုတ်မှုပြုလုပ်ပြီး

နက်စတာလိုမျိုးစွမ်းဆောင်ပြသွားတာကို ပရိသတ်တွေ

သဘောကျနေကြတယ်လို့ သိရပါတယ်။ ဘာ နေဗျူးမျာကျင်းပခဲ့တဲ့

အဲဒီပွဲမှာ ရီးရဲလ်ဟာ ဘန်ဇီမာရဲ့ဟက်ထရစ်နဲ့ ပီအက်စ်ဂျီကို

၃-၁ နဲ့အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီက ဘာပေ ကဦးဆောင်ဂိုးသွင်းခဲ့လို့

နှစ်ပွဲပေါင်းရလဒ် ၂-၀ ဖြစ်ခဲ့သေးပေမယ့် ဘန်ဇီမာ ရဲ့အစွမ်းနဲ့ ၃-၂ နဲ့အနိုင်ရကာ

နောက်တစ်ဆင့်တက်ခဲ့တာပါ။ ဒီပွဲမှာ မိုဒရစ် ဟာ

ရီးရဲလ်ကွင်းလယ်ကိုဦးဆောင် နိုင်ခဲ့သလို ဘန်ဇီမာ ရဲ့

ဒုတိယဂိုးအတွက်လည်းဖန်တီးပေးနိုင်ခဲ့တာပါ။

အဲဒီဂိုးမတိုင်ခင်မှာ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ

မက်ဆီကိုဖျက်ထုတ်မှုပြုလုပ်ပြီးသူ့ရဲ့ မယုံနိုင်စရာကောင်းတဲ့

အဖျက်စွမ်းရည်ကိုပြသခဲ့သေးတာပါ။

ပွဲချိန်မိနစ် ၇၀ ကျော်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့်

မက်ဆီ ဘောလုံးဆွဲပြေးလာတာကို မိုဒရစ်ကတိကျလွန်းတဲ့

ဖျက်ထုတ်မှု နဲ့ ဘောလုံးပျက်သွားအောင်စွမ်းဆောင်ပြခဲ့တာပါ။

သူ့ဖျက်ထုတ်မှုကိုကြည့်ပြီး အီတလီဂန္ထဝင်နောက်ခံလူ

နက်စတာ လိုကိုပြန်ပြီးအမှတ်ရကြတယ်လို့ ပရိသတ်တွေကဆိုပါတယ်။

နက်စတာ ဟာသူ့ခေတ်တုန်းကကမ္ဘာ့အကောင်းဆုံးစာရင်း ဝင်ဖြစ်ပြီး

လျှောထိုးဖျက်ထုတ်မှုတွေ တိကျသေချာတဲ့သူလို့နာမည်ကျော်ကြားတာပါ။

ဒါကြောင့်လည်း အဲဒီပွဲရဲ့အစီအစဥ်တင်ဆက်သူတွေက ဂန္ထဝင်နှစ်ဦးရင်ဆိုင်ကြတဲ့ပွဲမှာ

မက်ဆီကျန်ရစ်ခဲ့တယ်လို့ မှတ်ချက် ပြုကြတာပါ။

တွစ်တာအသုံးပြုသူတစ်ဦးကလည်း” ၃၆ နှစ်သားမိုဒရစ် က

သူ့စွမ်းဆောင်မှုကိုပြသသွားမှုပေါ့ဗျာ။ မိုဒရစ်က အသက်ကြီးလာမှုနဲ့အတူ

ပိုလည်းကောင်းလာလို့ ဝိုင် လို့ခေါ်လို့ရပေမယ့် မက်ဆီကတော့

ပါကင်ထိုးထားရတော့မယ့် ထရပ် ကားအိုကြီးဖြစ်သွားပြီ” လို့ ဆိုခဲ့တာပါ။

နောက်ထပ်ပို့စ်တွေမှာလည်း” မိုဒရစ်ကို မချစ်ဘဲဘယ်လိုနေနိုင်မှာလည်း။

မက်ဆီအပေါ်သူ့ဖျက်ထုတ်မှုက တကယ့်ကိုနှစ်သက်စရာကောင်းတယ်”၊

” ဘယ်လိုကစားသမားမျိုးလဲကွာ၊ ဒီလိုကြီးကျယ်ခမ်း နားတဲ့အဆင့်မျိုးအပြင်

ပြိုင်ဘက်ကောင်းနဲ့တွေ့ချိန်မှာ အမှန်အကန်စွမ်းဆောင်ပြသွားတာပါ။

ထိပ်တန်းအဆင့်ဘဲ”၊ ” မက် ဆီအနေနဲ့ ဒီဖျက်ထုတ်ခံရမှုအတွက်

မိုဒရစ်ကိုလေးစားသင့်တယ်” လို့ရေးခဲ့ပါတယ်။

zawgyi

မက္ဆီအေပၚတိက်တဲ့ဖ်က္ထုတ္မႈလုပ္ခဲ့တဲ့ မိုဒရစ္

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ဖန္တီးရွင္ လူကာမိုဒရစ္ ဟာပီအက္စ္ဂ်ီနဲ႔ပြဲမွာ

ၿပိဳင္ဘက္မက္ဆီအေပၚတိက်ေသခ်ာတဲ့ ဖ်က္ ထုတ္မႈျပဳလုပ္ၿပီး

နက္စတာလိုမ်ိဳးစြမ္းေဆာင္ျပသြားတာကို ပရိသတ္ေတြ

သေဘာက်ေနၾကတယ္လို႔ သိရပါတယ္။ ဘာ ေနဗ်ဴးမ်ာက်င္းပခဲ့တဲ့

အဲဒီပြဲမွာ ရီးရဲလ္ဟာ ဘန္ဇီမာရဲ႕ဟက္ထရစ္နဲ႔ ပီအက္စ္ဂ်ီကို

၃-၁ နဲ႔အႏိုင္ရကာ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားခဲ့ပါတယ္။

ဒီပြဲမွာ ပီအက္စ္ဂ်ီက ဘာေပ ကဦးေဆာင္ဂိုးသြင္းခဲ့လို႔

ႏွစ္ပြဲေပါင္းရလဒ္ ၂-၀ ျဖစ္ခဲ့ေသးေပမယ့္ ဘန္ဇီမာ ရဲ႕အစြမ္းနဲ႔ ၃-၂ နဲ႔အႏိုင္ရကာ

ေနာက္တစ္ဆင့္တက္ခဲ့တာပါ။ ဒီပြဲမွာ မိုဒရစ္ ဟာ

ရီးရဲလ္ကြင္းလယ္ကိုဦးေဆာင္ ႏိုင္ခဲ့သလို ဘန္ဇီမာ ရဲ႕

ဒုတိယဂိုးအတြက္လည္းဖန္တီးေပးႏိုင္ခဲ့တာပါ။

အဲဒီဂိုးမတိုင္ခင္မွာ အသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ မိုဒရစ္ဟာ

မက္ဆီကိုဖ်က္ထုတ္မႈျပဳလုပ္ၿပီးသူ႔ရဲ႕ မယုံႏိုင္စရာေကာင္းတဲ့

အဖ်က္စြမ္းရည္ကိုျပသခဲ့ေသးတာပါ။

ပြဲခ်ိန္မိနစ္ ၇၀ ေက်ာ္မွာ တန္ျပန္တိုက္စစ္ကေနတစ္ဆင့္

မက္ဆီ ေဘာလုံးဆြဲေျပးလာတာကို မိုဒရစ္ကတိက်လြန္းတဲ့

ဖ်က္ထုတ္မႈ နဲ႔ ေဘာလုံးပ်က္သြားေအာင္စြမ္းေဆာင္ျပခဲ့တာပါ။

သူ႔ဖ်က္ထုတ္မႈကိုၾကည့္ၿပီး အီတလီဂႏၴဝင္ေနာက္ခံလူ

နက္စတာ လိုကိုျပန္ၿပီးအမွတ္ရၾကတယ္လို႔ ပရိသတ္ေတြကဆိုပါတယ္။

နက္စတာ ဟာသူ႔ေခတ္တုန္းကကမာၻ႔အေကာင္းဆုံးစာရင္း ဝင္ျဖစ္ၿပီ

း ေလွ်ာထိုးဖ်က္ထုတ္မႈေတြ တိက်ေသခ်ာတဲ့သူလို႔နာမည္ေက်ာ္ၾကားတာပါ။

ဒါေၾကာင့္လည္း အဲဒီပြဲရဲ႕အစီအစဥ္တင္ဆက္သူေတြက ဂႏၴဝင္ႏွစ္ဦးရင္ဆိုင္ၾကတဲ့ပြဲမွာ

မက္ဆီက်န္ရစ္ခဲ့တယ္လို႔ မွတ္ခ်က္ ျပဳၾကတာပါ။

တြစ္တာအသုံးျပဳသူတစ္ဦးကလည္း” ၃၆ ႏွစ္သားမိုဒရစ္ က

သူ႔စြမ္းေဆာင္မႈကိုျပသသြားမႈေပါ့ဗ်ာ။ မိုဒရစ္က အသက္ႀကီးလာမႈနဲ႔အတူ

ပိုလည္းေကာင္းလာလို႔ ဝိုင္ လို႔ေခၚလို႔ရေပမယ့္ မက္ဆီကေတာ့

ပါကင္ထိုးထားရေတာ့မယ့္ ထရပ္ ကားအိုႀကီးျဖစ္သြားၿပီ” လို႔ ဆိုခဲ့တာပါ။

ေနာက္ထပ္ပို႔စ္ေတြမွာလည္း” မိုဒရစ္ကို မခ်စ္ဘဲဘယ္လိုေနႏိုင္မွာလည္း။

မက္ဆီအေပၚသူ႔ဖ်က္ထုတ္မႈက တကယ့္ကိုႏွစ္သက္စရာေကာင္းတယ္”၊

” ဘယ္လိုကစားသမားမ်ိဳးလဲကြာ၊ ဒီလိုႀကီးက်ယ္ခမ္း နားတဲ့အဆင့္မ်ိဳးအျပင္

ၿပိဳင္ဘက္ေကာင္းနဲ႔ေတြ႕ခ်ိန္မွာ အမွန္အကန္စြမ္းေဆာင္ျပသြားတာပါ။

ထိပ္တန္းအဆင့္ဘဲ”၊ ” မက္ ဆီအေနနဲ႔ ဒီဖ်က္ထုတ္ခံရမႈအတြက္

မိုဒရစ္ကိုေလးစားသင့္တယ္” လို႔ေရးခဲ့ပါတယ္။