မက်ဆီအပါအဝင် ကစားသမား(၄)ဦး ကိုဗစ်ရောဂါကူးစက်ခံထားရ

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ အသင်းရဲ့

နာမည်ကျော်ကစားသမားမက်ဆီအပါအဝင် ကစားသမား(၄)ဦး

ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဆောင်းရာသီအားလပ်ရက်အတွင်း

ရိုဆာရီယိုမှာရှိတဲ့ သူမွေးရပ်မြေကို ပြန်လည်ရောက်ရှိနေပြီး

ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလတွေကို မိသားစု၊

သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ဇနီးသည်နဲ့အတူ ဂီတပွဲတစ်ခုကို

တက်ရောက်ခဲ့ပြီး အဲဒီပွဲမှာ လူစုလူဝေးဖြစ်နေတာကြောင့်

အဲဒီကတစ်ဆင့်ကူးစက်တာလားဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

PSG အသင်းက မက်ဆီနဲ့အတူ ဆာဂျီယိုရီကို၊ ဟွမ်ဘားနက်၊

ဘီတူမာဇာလာတို့အားလုံး ကိုဗစ်ရောဂါကူးစက်ခံထားရလို့ တစ်ယောက်ချင်းစီ

သီးသန့်နေထိုင်ရမှာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

မက်ဆီအနေနဲ့ PSG အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့တာက

ဒီဇင်ဘာ(၂၂)ရက်တုန်းက လော်ရီယန့်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့

ပြင်သစ်လီဂူးပွဲမှာဖြစ်ပြီး အဲဒီပွဲအပြီး ဆောင်းရာသီအားလပ်ရက်အဖြစ်

ပြိုင်ပွဲကို ခဏရပ်နားပြီးတဲ့နောက် လာမယ့်တနင်္လာနေ့ကျရင်

ပြင်သစ်ဖလားပွဲအဖြစ် Vannes အသင်းနဲ့ကစားရမှာဖြစ်သလို

ဇန်နဝါရီ(၉)ရက်မှာ လိုင်ယွန်နဲ့ပြင်သစ်လီဂူးပွဲကျပ်ကစားရမှာဖြစ်ပါတယ်။

PSG အသင်းနည်းပြပိုချက်တီနိုက မက်ဆီဟာ အာဂျင်တီးနားမှာရှိနေဆဲဖြစ်ပြီး

Negative မဖြစ်မချင်း ကလပ်အသင်းဆီပြန်လာမှာမဟုတ်ဘူးလို့ဆိုခဲ့တာကြောင့်

လာမ့ယ်ပွဲတွေကို မက်ဆီလွဲချော်ဖို့က သေချာနေပါပြီ။

zawgyi

မက္ဆီအပါအဝင္ ကစားသမား(၄)ဦး ကိုဗစ္ေရာဂါကူးစက္ခံထားရ

ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ အသင္းရဲ႕

နာမည္ေက်ာ္ကစားသမားမက္ဆီအပါအဝင္ ကစားသမား(၄)ဦး

ကိုဗစ္ေရာဂါကူးစက္ခံထားရတယ္လို႔အတည္ျပဳထုတ္ျပန္ေၾကညာလိုက္ပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ေဆာင္းရာသီအားလပ္ရက္အတြင္း

႐ိုဆာရီယိုမွာရွိတဲ့ သူေမြးရပ္ေျမကို ျပန္လည္ေရာက္ရွိေနၿပီး

ခရစၥမတ္ကာလနဲ႔ ႏွစ္သစ္ကူးကာလေတြကို မိသားစု၊

သူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းခဲ့ပါတယ္။

မက္ဆီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက သူ႔ရဲ႕ဇနီးသည္နဲ႔အတူ ဂီတပြဲတစ္ခုကို

တက္ေရာက္ခဲ့ၿပီး အဲဒီပြဲမွာ လူစုလူေဝးျဖစ္ေနတာေၾကာင့္

အဲဒီကတစ္ဆင့္ကူးစက္တာလားဆိုတာ အတိအက် မေျပာႏိုင္ေသးပါဘူး။

PSG အသင္းက မက္ဆီနဲ႔အတူ ဆာဂ်ီယိုရီကို၊ ဟြမ္ဘားနက္၊

ဘီတူမာဇာလာတို႔အားလုံး ကိုဗစ္ေရာဂါကူးစက္ခံထားရလို႔ တစ္ေယာက္ခ်င္းစီ

သီးသန႔္ေနထိုင္ရမွာျဖစ္တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။

မက္ဆီအေနနဲ႔ PSG အသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားခဲ့တာက

ဒီဇင္ဘာ(၂၂)ရက္တုန္းက ေလာ္ရီယန႔္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့

ျပင္သစ္လီဂူးပြဲမွာျဖစ္ၿပီး အဲဒီပြဲအၿပီး ေဆာင္းရာသီအားလပ္ရက္အျဖစ္

ၿပိဳင္ပြဲကို ခဏရပ္နားၿပီးတဲ့ေနာက္ လာမယ့္တနလၤာေန႔က်ရင္

ျပင္သစ္ဖလားပြဲအျဖစ္ Vannes အသင္းနဲ႔ကစားရမွာျဖစ္သလို

ဇန္နဝါရီ(၉)ရက္မွာ လိုင္ယြန္နဲ႔ျပင္သစ္လီဂူးပြဲက်ပ္ကစားရမွာျဖစ္ပါတယ္။

PSG အသင္းနည္းျပပိုခ်က္တီႏိုက မက္ဆီဟာ အာဂ်င္တီးနားမွာရွိေနဆဲျဖစ္ၿပီး

Negative မျဖစ္မခ်င္း ကလပ္အသင္းဆီျပန္လာမွာမဟုတ္ဘူးလို႔ဆိုခဲ့တာေၾကာင့္

လာမ့ယ္ပြဲေတြကို မက္ဆီလြဲေခ်ာ္ဖို႔က ေသခ်ာေနပါၿပီ။