မက်ဆီအတွက် တံခါး အမြဲတမ်းဖွင့်ထားတယ်လို့ ဘာစီလိုနာနည်းပြ ဇာဗီ ဖွင့်ဟ

ဘာစီလိုနာအသင်းနည်းပြအဖြစ် မိမိ ရှိနေသမျှကာလပတ်လုံး

အသင်းခေါင်းဆောင်ဟောင်း မက်ဆီကို အသင်းဘက်က
တံခါး အမြဲတမ်းဖွင့်ပေးထားပြီး နွေးထွေးစွာ ပြန်လည်ကြိုဆိုသွားမယ်လို့
နည်းပြဇာဗီက အခိုင်အမာပြောပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီက တိုက်စစ်မှူးမက်ဆီကို
စာချုပ်သစ်ချုပ်ဆိုဖို့ မတတ်နိုင်ခဲ့တာကြောင့်

လက်လွှတ်ဆုံးရှုံးခဲ့ရပြီး မက်ဆီလည်း
ပီအက်စ်ဂျီအသင်းထံ ၂နှစ်စာချုပ်နဲ့ ရောက်ရှိသွားပါတယ်။
ဒါပေမဲ့ မက်ဆီဟာ အသင်းသစ်မှာ အထိုင်ကျဖို့
ရုန်းကန်နေရပြီး အခုနောက်ပိုင်း ကိုယ့်အသင်းပရိသတ်တွေရဲ့
လှောင်ပြောင်အော်ဟစ်မှုတွေနဲ့ပါ ရင်ဆိုင်နေရရာ

ယခုရာသီအကုန်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့
ပြန်လည်စဉ်းစားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
”ဘာစီလိုနာမှာ မက်ဆီအတွက် တံခါးတွေ အမြဲတမ်းဖွင့်ထားပါတယ်။
ဒါကလည်း သူနဲ့ထိုက်တန်တဲ့တုံ့ပြန်မှုပါ။
ကျွန်တော် ဒီမှာ နည်းပြအဖြစ် ရှိနေသမျှ

ဘယ်လိုပုံစံနဲ့ သူပြန်လာ ပြန်လာ နွေးထွေးစွာကြိုဆိုနေမှာပါ။
ထရိန်နင်ဆင်းတာကို လာကြည့်တာမျိုး၊ ကျွန်တော့်ကို
အကြံဉာဏ်ပေးတာမျိုးလည်း အပါအဝင်ပေါ့။
သူ့ရဲ့အကြံဉာဏ်တွေကလည်း ကျွန်တော်တို့အတွက်
တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်လာမှာပါ။

သူက သမိုင်းတစ်လျှောက် အကောင်းဆုံးသမားဖြစ်ပါတယ်။
သူဟာ ကျွန်တော်တို့အသင်းရဲ့ကြီးမားတဲ့ ဂုဏ်ပြုမှုနဲ့ထိုက်တန်ပါတယ်။
ဒါပေမဲ့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ၂နှစ်စာချုပ်ချုပ်ဆိုထားပါတယ်”လို့ ဇာဗီက ပြောပါတယ်။
ဘာစီလိုနာဟာ ယနေ့ညကစားရမယ့် ပြိုင်ဘက် ရီးရဲလ်နဲ့
၁၅ မှတ်အထိ ပြတ်နေပြီး ရီးရဲလ်နဲ့

ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ပွဲဆက် အရေးနိမ့်ထားပါတယ်။
ဒါပေမဲ့ ဇာဗီရောက်ရှိလာမှု၊ ဘာစီလိုနာအသင်း
တတိယနေရာ တက်လှမ်းလာမှုနဲ့ လာလီဂါမှာ
၁၅ပွဲကနေ ၃၄မှတ်အထိ ရယူနိုင်မှုတွေကြောင့်
ဒီညကစားရမယ့် အယ်လ်ကလက်စီကိုဒါဘီပွဲက

ပိုမိုစိတ်ဝင်စားစရာကောင်းနေပါတယ်။

Zawgyi

မက္ဆီအတြက္ တံခါး အၿမဲတမ္းဖြင့္ထားတယ္လုိ႔ ဘာစီလုိနာနည္းျပ ဇာဗီ ဖြင့္ဟ

ဘာစီလုိနာအသင္းနည္းျပအျဖစ္ မိမိ ရွိေနသမွ်ကာလပတ္လုံး
အသင္းေခါင္းေဆာင္ေဟာင္း မက္ဆီကို အသင္းဘက္က
တံခါး အၿမဲတမ္းဖြင့္ေပးထားၿပီး ေႏြးေထြးစြာ ျပန္လည္ႀကိဳဆုိသြားမယ္လုိ႔
နည္းျပဇာဗီက အခုိင္အမာေျပာပါတယ္။
ဘာစီလုိနာဟာ ၿပီးခဲ့တ့ဲေႏြရာသီက တုိက္စစ္မွဴးမက္ဆီကို

စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ မတတ္ႏိုင္ခဲ့တာေၾကာင့္
လက္လႊတ္ဆုံးရံႈးခဲ့ရၿပီး မက္ဆီလည္း
ပီအက္စ္ဂ်ီအသင္းထံ ၂ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိသြားပါတယ္။
ဒါေပမဲ့ မက္ဆီဟာ အသင္းသစ္မွာ အထုိင္က်ဖုိ႔
ရုန္းကန္ေနရၿပီး အခုေနာက္ပိုင္း ကိုယ့္အသင္းပရိသတ္ေတြရဲ႕

ေလွာင္ေျပာင္ေအာ္ဟစ္မႈေတြနဲ႔ပါ ရင္ဆိုင္ေနရရာ
ယခုရာသီအကုန္မွာ သူ႕ရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔
ျပန္လည္စဥ္းစားဖြယ္ရွိတယ္လုိ႔ သတင္းေတြထြက္ေပၚေနပါတယ္။
”ဘာစီလုိနာမွာ မက္ဆီအတြက္ တံခါးေတြ အၿမဲတမ္းဖြင့္ထားပါတယ္။
ဒါကလည္း သူနဲ႔ထုိက္တန္တဲ့တု႔ံျပန္မႈပါ။

ကၽြန္ေတာ္ ဒီမွာ နည္းျပအျဖစ္ ရွိေနသမွ်
ဘယ္လုိပုံစံနဲ႔ သူျပန္လာ ျပန္လာ ေႏြးေထြးစြာႀကိဳဆုိေနမွာပါ။
ထရိန္နင္ဆင္းတာကို လာၾကည့္တာမ်ိဳး၊ ကၽြန္ေတာ့္ကို
အႀကံဉာဏ္ေပးတာမ်ိဳးလည္း အပါအ၀င္ေပါ့။
သူ႕ရဲ႕အႀကံဉာဏ္ေတြကလည္း ကၽြန္ေတာ္တုိ႔အတြက္

တန္ဖိုးမျဖတ္ႏိုင္တဲ့အရာေတြျဖစ္လာမွာပါ။
သူက သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးသမားျဖစ္ပါတယ္။
သူဟာ ကၽြန္ေတာ္တုိ႔အသင္းရဲ႕ႀကီးမားတဲ့ ဂုဏ္ျပဳမႈနဲ႔ထုိက္တန္ပါတယ္။
ဒါေပမဲ့ မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔ ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္”လုိ႔ ဇာဗီက ေျပာပါတယ္။
ဘာစီလုိနာဟာ ယေန႔ညကစားရမယ့္ ၿပိဳင္ဘက္ ရီးရဲလ္နဲ႔

၁၅ မွတ္အထိ ျပတ္ေနၿပီး ရီးရဲလ္နဲ႔
ရင္ဆုိင္ခဲ့တဲ့ ေနာက္ဆုံး ၅ပြဲဆက္ အေရးနိမ့္ထားပါတယ္။
ဒါေပမဲ့ ဇာဗီေရာက္ရွိလာမႈ၊ ဘာစီလုိနာအသင္း
တတိယေနရာ တက္လွမ္းလာမႈနဲ႔ လာလီဂါမွာ
၁၅ပြဲကေန ၃၄မွတ္အထိ ရယူႏိုင္မႈေတြေၾကာင့္

ဒီညကစားရမယ့္ အယ္လ္ကလက္စီကိုဒါဘီပြဲက
ပိုမိုစိတ္၀င္စားစရာေကာင္းေနပါတယ္။