
အာဆင်နယ်အသင်းဟာ မက်ဆီအငယ်စားလေးလို့ နာမည်ကြီးနေတဲ့ ၅ နှစ်အရွယ်
ကလေးတစ်ယောက်ကို စာချုပ်ခေါ်ယူထားတယ်လို့ သိရပါတယ်။
အလီဆယ်လ်မန်လို့ အမည်ရတဲ့အဲဒီကလေးဟာ ဒီလန်ဒန်အခြေစိုက်အသင်းရဲ့
အကယ်ဒမီအကြိုသင်တန်းကိုရောက်ရှိစဉ်က ၄ နှစ်သာရှိသေးလို့ အာဆင်နယ်
အသင်းသမိုင်းမှာ အငယ်ဆုံးခေါ်ယူခဲ့သူလည်း ဖြစ်လာခဲ့ပါယတ်။
ဆယ်လ်မန်ရဲ့ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ
ကြည်ရှုသူအရေအတွက် ထောင်နဲ့ချီရှိပြီး အဲဒီကလေးရဲ့ဘောလုံးစကေးတွေကို
လီယွန်နယ်မက်ဆီနဲ့ ခိုင်းနှိုင်းနေကြပါတယ်။ ဆယ်လ်မန်ကလည်း
သူကြိုက်တဲ့အသင်းဟာ အာဆင်နယ်လို့ ပြောထားပါတယ်။
ဆယ်လ်မန်ရဲ့နည်းပြဟောင်းဖြစ်တဲ့အော်စတင်စကိုးဖီးလ်က”သူ့အရွယ် ကလေးတွေနဲ့
ကျွန်တော်တို့ထားကြည့်ပါတယ်။ ဒါပေမဲ့ သူက အားလုံးထက် ပိုကောင်းနေတယ်။
သူက ပိုလျှင်မြန်ပြီးတော့ တခြားသူတွေထက် အများကြီးကျော်ဖြတ်
ဂိုးသွင်းနိုင်ပါတယ်။ အဲဒါကြောင့်လည်း ကလေးကို နေရာကောင်းတစ်ခုမှာထားဖို့
သူ့အဖေနဲ့ စကားပြောခဲ့တာပါ”လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
ဆယ်လ်မန်ဟာ သူ့ထက်အရွယ်ကြီးသူတွေနဲ့ကစားရလည်း ပြသနာမရှိသူဖြစ်ပြီး
တခြားကလေးတွေနဲ့မတူတာကြောင့် သူ့သားဟာ ပရီးမီးယားလိဂ်ကလပ်တစ်ခုကို
ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ ဖခင်ဖြစ်သူက ယုံကြည်ထားပါတယ်။
အာဆင်နယ်အကယ်ဒမီအသင်းနည်းပြဖြစ်တဲ့ နောက်ခံလူဟောင်း
မာတီဆက်ကာဟာလည်း ဆယ်လ်မန်နဲ့ ဓာတ်ပုံတွဲရိုက်ထားပါတယ်။
အာဆင်နယ်အသင်းကင်းထောက်ဖြစ်တဲ့စတီဖင်ဒင်းကလည်း”ကျွန်တော်
သူ့ကို စမြင်တော့ ၄ နှစ်လို့တောင် မယုံခဲ့ဘူး။ အဲဒီနောက် သူ့မိဘတွေနဲ့စကားပြောပြီး
လေ့ကျင့်ခန်းအစီအစဉ်တွေလုပ်တဲ့နေရာကို ခေါ်လာတော့ သူလုံးဝအမှားမရှိခဲ့ပါဘူး”လို့
ဖွင့်ဟပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာ ဆယ်လ်မန်ဟာ အာဆင်နယ်အသင်းနဲ့
လေ့ကျင့်နေပေမယ့် အရမ်းငယ်သေးတာကြောင့် ကလပ်က သူ့ကို
တရားဝင်စာချုပ်ထားတာတော့ မဟုတ်ပါဘူး။
zawgyi
မက္ဆီအငယ္စားေလးလို႔ နာမည္ႀကီးေနတဲ့ ၅ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ကို ေခၚယူထားတဲ့ အာဆင္နယ္
အာဆင္နယ္အသင္းဟာ မက္ဆီအငယ္စားေလးလို႔ နာမည္ႀကီးေနတဲ့ ၅ ႏွစ္အ႐ြယ္
ကေလးတစ္ေယာက္ကို စာခ်ဳပ္ေခၚယူထားတယ္လို႔ သိရပါတယ္။
အလီဆယ္လ္မန္လို႔ အမည္ရတဲ့အဲဒီကေလးဟာ ဒီလန္ဒန္အေျခစိုက္အသင္းရဲ႕
အကယ္ဒမီအႀကိဳသင္တန္းကိုေရာက္ရွိစဥ္က ၄ ႏွစ္သာရွိေသးလို႔ အာဆင္နယ္
အသင္းသမိုင္းမွာ အငယ္ဆုံးေခၚယူခဲ့သူလည္း ျဖစ္လာခဲ့ပါယတ္။
ဆယ္လ္မန္ရဲ႕ဗီဒီယိုေတြဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ
ၾကည္ရႈသူအေရအတြက္ ေထာင္နဲ႔ခ်ီရွိၿပီး အဲဒီကေလးရဲ႕ေဘာလုံးစေကးေတြကို
လီယြန္နယ္မက္ဆီနဲ႔ ခိုင္းႏႈိင္းေနၾကပါတယ္။ ဆယ္လ္မန္ကလည္း
သူႀကိဳက္တဲ့အသင္းဟာ အာဆင္နယ္လို႔ ေျပာထားပါတယ္။
ဆယ္လ္မန္ရဲ႕နည္းျပေဟာင္းျဖစ္တဲ့ေအာ္စတင္စကိုးဖီးလ္က”သူ႔အ႐ြယ္ ကေလးေတြနဲ႔
ကြၽန္ေတာ္တို႔ထားၾကည့္ပါတယ္။ ဒါေပမဲ့ သူက အားလုံးထက္ ပိုေကာင္းေနတယ္။
သူက ပိုလွ်င္ျမန္ၿပီးေတာ့ တျခားသူေတြထက္ အမ်ားႀကီးေက်ာ္ျဖတ္
ဂိုးသြင္းႏိုင္ပါတယ္။ အဲဒါေၾကာင့္လည္း ကေလးကို ေနရာေကာင္းတစ္ခုမွာထားဖို႔
သူ႔အေဖနဲ႔ စကားေျပာခဲ့တာပါ”လို႔ ဘီဘီစီသတင္းဌာနကို ေျပာပါတယ္။
ဆယ္လ္မန္ဟာ သူ႔ထက္အ႐ြယ္ႀကီးသူေတြနဲ႔ကစားရလည္း ျပသနာမရွိသူျဖစ္ၿပီး
တျခားကေလးေတြနဲ႔မတူတာေၾကာင့္ သူ႔သားဟာ ပရီးမီးယားလိဂ္ကလပ္တစ္ခုကို
ေျပာင္းေ႐ႊ႕ႏိုင္လိမ့္မယ္လို႔ ဖခင္ျဖစ္သူက ယုံၾကည္ထားပါတယ္။
အာဆင္နယ္အကယ္ဒမီအသင္းနည္းျပျဖစ္တဲ့ ေနာက္ခံလူေဟာင္
းမာတီဆက္ကာဟာလည္း ဆယ္လ္မန္နဲ႔ ဓာတ္ပုံတြဲ႐ိုက္ထားပါတယ္။
အာဆင္နယ္အသင္းကင္းေထာက္ျဖစ္တဲ့စတီဖင္ဒင္းကလည္း”ကြၽန္ေတာ္
သူ႔ကို စျမင္ေတာ့ ၄ ႏွစ္လို႔ေတာင္ မယုံခဲ့ဘူး။ အဲဒီေနာက္ သူ႔မိဘေတြနဲ႔စကားေျပာၿပီး
ေလ့က်င့္ခန္းအစီအစဥ္ေတြလုပ္တဲ့ေနရာကို ေခၚလာေတာ့ သူလုံးဝအမွားမရွိခဲ့ပါဘူး”လို႔
ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ေလာေလာဆယ္မွာ ဆယ္လ္မန္ဟာ အာဆင္နယ္အသင္းနဲ႔
ေလ့က်င့္ေနေပမယ့္ အရမ္းငယ္ေသးတာေၾကာင့္ ကလပ္က သူ႔ကို
တရားဝင္စာခ်ဳပ္ထားတာေတာ့ မဟုတ္ပါဘူး။