မက်ဆီဟာ ပီအက်စ်ဂျီကစားသမားဘဝမှာ အထနှေးခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးလို့ဆိုတဲ့ ပိုချက်တီနို

လိုင်လီကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီရဲ့တနင်္ဂနွေညလီဂူးပွဲစဉ်မှာ

မက်ဆီဟာ man-of-the-match စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။

အဲဒီအာဂျင်တီးနားစူပါစတားဟာ ဒီရာသီ သူ့ရဲ့ဒုတိယမြောက်

လီဂူးဂိုးကိုသွင်းယူနိုင်ခဲ့သလို တစ်ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တာပါ။

ပြင်သစ်ဖလားကနေ ထွက်ခဲ့ရတဲ့ပီအက်စ်ဂျီအတွက်

အကောင်းဆုံးပြန်လည်ရုန်းထနိုင်မှု ဖြစ်ခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာ နည်းပြပိုချက်တီနိုကလည်း

သူနဲ့တစ်နိုင်ငံတည်းသားမက်ဆီဟာ

ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားအဖြစ် ဆက်ရှိနေဆဲဆိုတာ

ဘယ်တုန်းကမှ သံသယမရှိခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီကစားသမားဘဝမှာ အထနှေးခဲ့ပေမယ့်

သူ့နည်ပြကတော့ ထောက်ခံစကားပြောကြားလိုက်တာပါ။

”လီယိုဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဆိုတာ

ကျွန်တော်သံသယမရှိခဲ့ပါဘူး။ ဘယ်သူ့မဆိုလိုပဲ

သူ့အတွက် အသားကျဖို့အချိန်လိုအပ်ခဲ့တာပါ။

ကိုဗစ်ကြောင့် တစ်လလောက် မကစားခဲ့ရတဲ့အတွက်

သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးဖြစ်ဖို့ အချိန်လိုအပ်ခဲ့ပါတယ်။

သူ့ဘက်က ဒီလိုလုပ်ပြနိုင်တာကိုကပဲ အရေးကြီးတာပါ”လို့

ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

အဲဒီပွဲက ဂိုးကြောင့်လည်း မက်ဆီဟာ ပီအက်စ်ဂျီကစားသမားဘ၀

ပြိုင်ပွဲအရပ်ရပ်မှာ ၆ ဂိုးရှိသွားခဲ့ပါပြီ။

သူဟာ ၂၀၂၂ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်

ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီအာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ၂၀၀၅ ကတည်းက

ပြက္ခဒိန်တစ်နှစ်တာတိုင်း ဂိုးသွင်းနိုင်ခဲ့တာပါ။

လာမယ့်ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်

ပထမအကျော့ပွဲစဉ်ကစားရမှာဆိုတော့ အခုလို မက်ဆီ အကောင်းဆုံးပုံစံပြန်ရတာ

ပီအက်စ်ဂျီအတွက် ဝမ်းသားစရာဖြစ်ခဲ့ပါတယ်။

zawgyi

မက္ဆီဟာ ပီအက္စ္ဂ်ီကစားသမားဘဝမွာ အထေႏွးခဲ့ေပမယ့္ ကမာၻ႔အေကာင္းဆုံးလို႔ဆိုတဲ့ ပိုခ်က္တီႏို

လိုင္လီကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပီအက္စ္ဂ်ီရဲ႕တနဂၤေႏြညလီဂူးပြဲစဥ္မွာ

မက္ဆီဟာ man-of-the-match စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ပါတယ္။

အဲဒီအာဂ်င္တီးနားစူပါစတားဟာ ဒီရာသီ သူ႔ရဲ႕ဒုတိယေျမာက္

လီဂူးဂိုးကိုသြင္းယူႏိုင္ခဲ့သလို တစ္ဂိုးဖန္တီးမႈလည္း ျပဳလုပ္ႏိုင္ခဲ့တာပါ။

ျပင္သစ္ဖလားကေန ထြက္ခဲ့ရတဲ့ပီအက္စ္ဂ်ီအတြက္

အေကာင္းဆုံးျပန္လည္႐ုန္းထႏိုင္မႈ ျဖစ္ခဲ့ပါတယ္။

အဲဒီပြဲအၿပီးမွာ နည္းျပပိုခ်က္တီႏိုကလည္း

သူနဲ႔တစ္ႏိုင္ငံတည္းသားမက္ဆီဟာ

ကမာၻေပၚမွာ အေကာင္းဆုံးကစားသမားအျဖစ္ ဆက္ရွိေနဆဲဆိုတာ

ဘယ္တုန္းကမွ သံသယမရွိခဲ့ေၾကာင္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီကစားသမားဘဝမွာ အထေႏွးခဲ့ေပမယ့္

သူ႔နည္ျပကေတာ့ ေထာက္ခံစကားေျပာၾကားလိုက္တာပါ။

”လီယိုဟာ ကမာၻေပၚက အေကာင္းဆုံးကစားသမားဆိုတာ

ကြၽန္ေတာ္သံသယမရွိခဲ့ပါဘူး။ ဘယ္သူ႔မဆိုလိုပဲ

သူ႔အတြက္ အသားက်ဖို႔အခ်ိန္လိုအပ္ခဲ့တာပါ။

ကိုဗစ္ေၾကာင့္ တစ္လေလာက္ မကစားခဲ့ရတဲ့အတြက္

သူ႔အေနနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအေကာင္းဆုံးျဖစ္ဖို႔ အခ်ိန္လိုအပ္ခဲ့ပါတယ္။

သူ႔ဘက္က ဒီလိုလုပ္ျပႏိုင္တာကိုကပဲ အေရးႀကီးတာပါ”လို႔

ပိုခ်က္တီႏိုက ေျပာၾကားခဲ့ပါတယ္။

အဲဒီပြဲက ဂိုးေၾကာင့္လည္း မက္ဆီဟာ ပီအက္စ္ဂ်ီကစားသမားဘ၀

ၿပိဳင္ပြဲအရပ္ရပ္မွာ ၆ ဂိုးရွိသြားခဲ့ပါၿပီ။

သူဟာ ၂၀၂၂ အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္

ဂိုးသြင္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ အဲဒီအာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ ၂၀၀၅ ကတည္းက

ျပကၡဒိန္တစ္ႏွစ္တာတိုင္း ဂိုးသြင္းႏိုင္ခဲ့တာပါ။

လာမယ့္ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ ရီးရဲလ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္

ပထမအေက်ာ့ပြဲစဥ္ကစားရမွာဆိုေတာ့ အခုလို မက္ဆီ အေကာင္းဆုံးပုံစံျပန္ရတာ

ပီအက္စ္ဂ်ီအတြက္ ဝမ္းသားစရာျဖစ္ခဲ့ပါတယ္။