





အာဂျင်တီးနားနဲ့ပွဲစဉ်မှာ မက်ဆီကြောင့်အကျပ်အတည်းဖြစ်ခဲ့ရတယ်လို့
ခရိုအေးရှားလူငယ်ကြယ်ပွင့်ဂါဒီယိုက ရိုးရိုးသားသား ဝန်ခံလိုက်ပါတယ်။





ဂျူလီယန်အဲလ်ဗာရက်ဇ်ရဲ့သွင်းဂိုးမှာ မက်ဆီက ဂါဒီယိုကိုရက်ရက်စက်စက်
လှည့်စားပြီး ဖန်တီးပေးခဲ့တာဖြစ်သလို ခရိုအေးရှားသားဘက်က
အဖြစ်မှန်ကိုဝန်ခံဖို့လက်မနှေးခဲ့တာဖြစ်တယ်။ အသက် ၂၀ အရွယ်





နောက်ခံလူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အလားအလာအကောင်းဆုံး
ကစားသမားတစ်ယောက်အဖြစ်သတ်မှတ်ခံထားရပေမဲ့ မက်ဆီနဲ့





တွေ့ဆုံမှုအပြီးမှာ သူ့ရဲ့ခံစစ်စွမ်းဆောင်ရည်အဆင့်ကမေးခွန်းထုတ်စရာ
ဖြစ်သွားခဲ့ရပါတယ်။ ကာယကံရှင်ဘက်ကတော့ အမှားတွေကို
ပြင်ဆင်ပြီး မော်ရိုကိုနဲ့ပွဲစဉ်မှာ ကြေးတံဆိပ်ရအောင်စွမ်းဆောင်မယ်လို့





ကတိပေးခဲ့တာဖြစ်တယ်။ ချဲလ်ဆီးအသင်းပစ်မှတ်ထားနေတဲ့
လိုက်ပ်ဇစ်နောက်ခံလူဂါဒီယိုက “အမှားကင်းတဲ့ကစားသမားဆိုတာ





မရှိပါဘူး၊ အထူးသဖြင့် ခံစစ်ကစားသမားတွေပေါ့။ အမှားဆိုတာ
အားကစားရဲ့ပင်ကိုယ်အစိတ်အပိုင်းဖြစ်ပြီး နောက်ထပ်ဖြစ်မလာဖို့
ကန့်သတ်ရမှာပါ။ ကျွန်တော့်ဘက်က တတ်နိုင်သလောက်





အမှားနည်းအောင်ကြိုးစားသွားပါ့မယ်” လို့ ဝန်ခံသွားပါတယ်။
ဆက်လက်ပြီး နိုင်ငံတစ်ကာနဲ့ ကလပ်အဆင့်မှာ မက်ဆီကို





ရင်ဆိုင်ရတာနဲ့ပတ်သတ်ပြီး ဂါဒီယိုက နှိုင်းယှဉ်ပြခဲ့ပါတယ်။
“ကျွန်တော်အရင်က မက်ဆီနဲ့ကစားဖူးပေမဲ့ နိုင်ငံအသင်းနဲ့
ကစားတဲ့အခါအလွန်ကွဲပြားတဲ့ကစားသမားဖြစ်သွားပါတယ်” လို့ ဂါဒီယိုက ပြောဆိုခဲ့ပါတယ်။





zawgyi





မက္ဆီဟာ ႏိုင္ငံတကာအဆင့္မွာအလြန္ကြဲျပားသြားတယ္လို႔ ခ႐ိုေအးရွားေနာက္ခံလူ ဂါဒီယို ဝန္ခံ
အာဂ်င္တီးနားနဲ႔ပြဲစဥ္မွာ မက္ဆီေၾကာင့္အက်ပ္အတည္းျဖစ္ခဲ့ရတယ္လို႔
ခ႐ိုေအးရွားလူငယ္ၾကယ္ပြင့္ဂါဒီယိုက ႐ိုး႐ိုးသားသား ဝန္ခံလိုက္ပါတယ္။





ဂ်ဴလီယန္အဲလ္ဗာရက္ဇ္ရဲ႕သြင္းဂိုးမွာ မက္ဆီက ဂါဒီယိုကိုရက္ရက္စက္စက္
လွည့္စားၿပီး ဖန္တီးေပးခဲ့တာျဖစ္သလို ခ႐ိုေအးရွားသားဘက္က





အျဖစ္မွန္ကိုဝန္ခံဖို႔လက္မေႏွးခဲ့တာျဖစ္တယ္။ အသက္ ၂၀ အ႐ြယ္
ေနာက္ခံလူဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕အလားအလာအေကာင္းဆုံး
ကစားသမားတစ္ေယာက္အျဖစ္သတ္မွတ္ခံထားရေပမဲ့ မက္ဆီနဲ႔





ေတြ႕ဆုံမႈအၿပီးမွာ သူ႔ရဲ႕ခံစစ္စြမ္းေဆာင္ရည္အဆင့္ကေမးခြန္းထုတ္စရာ
ျဖစ္သြားခဲ့ရပါတယ္။ ကာယကံရွင္ဘက္ကေတာ့ အမွားေတြကို





ျပင္ဆင္ၿပီး ေမာ္႐ိုကိုနဲ႔ပြဲစဥ္မွာ ေၾကးတံဆိပ္ရေအာင္စြမ္းေဆာင္မယ္လို႔
ကတိေပးခဲ့တာျဖစ္တယ္။ ခ်ဲလ္ဆီးအသင္းပစ္မွတ္ထားေနတဲ့
လိုက္ပ္ဇစ္ေနာက္ခံလူဂါဒီယိုက “အမွားကင္းတဲ့ကစားသမားဆိုတာ





မရွိပါဘူး၊ အထူးသျဖင့္ ခံစစ္ကစားသမားေတြေပါ့။ အမွားဆိုတာ
အားကစားရဲ႕ပင္ကိုယ္အစိတ္အပိုင္းျဖစ္ၿပီး ေနာက္ထပ္ျဖစ္မလာဖို႔





ကန႔္သတ္ရမွာပါ။ ကြၽန္ေတာ့္ဘက္က တတ္ႏိုင္သေလာက္
အမွားနည္းေအာင္ႀကိဳးစားသြားပါ့မယ္” လို႔ ဝန္ခံသြားပါတယ္။
ဆက္လက္ၿပီး ႏိုင္ငံတစ္ကာနဲ႔ ကလပ္အဆင့္မွာ မက္ဆီကို





ရင္ဆိုင္ရတာနဲ႔ပတ္သတ္ၿပီး ဂါဒီယိုက ႏႈိင္းယွဥ္ျပခဲ့ပါတယ္။
“ကြၽန္ေတာ္အရင္က မက္ဆီနဲ႔ကစားဖူးေပမဲ့ ႏိုင္ငံအသင္းနဲ႔





ကစားတဲ့အခါအလြန္ကြဲျပားတဲ့ကစားသမားျဖစ္သြားပါတယ္” လို႔ ဂါဒီယိုက ေျပာဆိုခဲ့ပါတယ္။