မက်ဆီရဲ့ မှော်ဝင်တဲ့ ခြေစွမ်းမှာ ခရိုအေးရှားခံစစ်ရဲ့ လူငယ်ကြယ်ပွင့်ရူးခါသွားခဲ့ရ

အာဂျင်တီးနားအသင်း နာမည်ကျော်ကစားသမား မက်ဆီဟာ ခရိုအေးရှားနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ

ပြိုင်ဘက်အသင်း လူငယ်ကြယ်ပွင့်နောက်ခံလူ ဂါဒီယောကို သူ့ရဲ့ ပဉ္စလက်ဆန်တဲ့ ခြေစွမ်းနဲ့ မညှာမတာ အနိုင်ကျင့်ခဲ့ပါတယ်။

အဲဒီပွဲမှာ အာဂျင်တီးနားအသင်းဟာ (၃-ဝ)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး မက်ဆီက ပယ်နယ်တီကနေ အဖွင့်ဂိုး၊

လူငယ်တိုက်စစ်ကစားသမား အယ်လ်ဗာရက်ဇ်က (၂)ဂိုးသွင်းယူခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအတွက် တတိယမြောက်ဂိုးဟာ မက်ဆီက ညာခြမ်းကနေ ဂါဒီယောကို အရူးလုပ်၊ ကျော်ဖြတ်ပြီးတော့

ပယ်နယ်တီဧရိယာအတွင်း ခင်းပေးလိုက်တာကို အသင့်ရှိနေတဲ့ အယ်လ်ဗာရက်ဇ်က အပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ လိုက်ပ်ဇစ်နောက်ခံလူ ဂါဒီယောဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်

ခရိုအေးရှားခံစစ်မှာ အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြနေတာဖြစ်ပြီး သူ့ကိုခေါ်ဖို့

မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြပါတယ်။

ဒါပေမဲ့လည်း အခု အာဂျင်တီးနားနဲ့ပွဲမှာ မက်ဆီက ဂါဒီယောတစ်ယောက်

အတွေ့အကြုံတွေအများကြီး သင်ယူဖို့လိုအပ်နေတယ်ဆိုတာ ကောင်းကောင်း သင်ခန်းစာပေးခဲ့ပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ပရိသတ်တွေက ‘မက်ဆီကတော့ ဟာသပဲ။

(၁၀)စက္ကန့်အတွင်းမှာ ဂါဒီယောကို တစ်စစီဖြစ်သွားအောင် မညှာမတာအနိုင်ကျင့်ခဲ့ပါတယ်’၊

‘ဂါဒီယောဟာ တကယ်ကောင်းတဲ့ နောက်ခံလူတစ်ဦးပါ။

ဒါပေမဲ့ မက်ဆီက သူ့ကို ပညာပြပြီး တစ်စီဖျက်ဆီးခဲ့ပါတယ်’ဆိုပြီးတော့ နောက်ပြောင်ရေးသားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ခရိုအေးရှားအသင်းကို အနိုင်ရခဲ့တာကြောင့် အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်

ဆီမီးဖိုင်နယ်(၅)ကြိမ်ကစားခဲ့တာမှာ ပွဲတိုင်းအနိုင်ရတဲ့ စံချိန်ကောင်းပိုင်ဆိုင်ခဲ့ပါတယ်။

ဒ့ါအပြင် အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၆)ကြိမ်မြောက် တက်ရောက်ခွင့်ရရှိခဲ့ပြီး

အီတလီ၊ ဘရာဇီးလ်တို့နဲ့ အကြိမ်အရေအတွက်ချင်း တူညီသွားသလို အာဂျင်တီးနားထက်

ဗိုလ်လုပွဲအကြိမ် ပိုများတာဆိုလို့ ဂျာမနီ(၈ကြိမ်)တစ်သင်းသာ ရှိပါတော့တယ်။

zawgyi

မက္ဆီရဲ႕ ေမွာ္ဝင္တဲ့ ေျခစြမ္းမွာ ခ႐ိုေအးရွားခံစစ္ရဲ႕ လူငယ္ၾကယ္ပြင့္ရူးခါသြားခဲ့ရ

အာဂ်င္တီးနားအသင္း နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ခ႐ိုေအးရွားနဲ႔ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲမွာ

ၿပိဳင္ဘက္အသင္း လူငယ္ၾကယ္ပြင့္ေနာက္ခံလူ ဂါဒီေယာကို သူ႔ရဲ႕ ပၪၥလက္ဆန္တဲ့ ေျခစြမ္းနဲ႔ မညႇာမတာ အႏိုင္က်င့္ခဲ့ပါတယ္။

အဲဒီပြဲမွာ အာဂ်င္တီးနားအသင္းဟာ (၃-ဝ)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီး မက္ဆီက ပယ္နယ္တီကေန အဖြင့္ဂိုး၊

လူငယ္တိုက္စစ္ကစားသမား အယ္လ္ဗာရက္ဇ္က (၂)ဂိုးသြင္းယူခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းအတြက္ တတိယေျမာက္ဂိုးဟာ မက္ဆီက ညာျခမ္းကေန ဂါဒီေယာကို အ႐ူးလုပ္၊ ေက်ာ္ျဖတ္ၿပီးေတာ့

ပယ္နယ္တီဧရိယာအတြင္း ခင္းေပးလိုက္တာကို အသင့္ရွိေနတဲ့ အယ္လ္ဗာရက္ဇ္က အပိုင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

အသက္(၂၀)သာရွိေသးတဲ့ လိုက္ပ္ဇစ္ေနာက္ခံလူ ဂါဒီေယာဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္

ခ႐ိုေအးရွားခံစစ္မွာ အဓိက,ကစားသမားအျဖစ္ ေျခစြမ္းျပေနတာျဖစ္ၿပီး သူ႔ကိုေခၚဖို႔

မန္ခ်က္စတာယူႏိုက္တက္အပါအဝင္ ဥေရာပထိပ္သီးအသင္းေတြက ပစ္မွတ္ထားေနၾကပါတယ္။

ဒါေပမဲ့လည္း အခု အာဂ်င္တီးနားနဲ႔ပြဲမွာ မက္ဆီက ဂါဒီေယာတစ္ေယာက္

အေတြ႕အႀကဳံေတြအမ်ားႀကီး သင္ယူဖို႔လိုအပ္ေနတယ္ဆိုတာ ေကာင္းေကာင္း သင္ခန္းစာေပးခဲ့ပါတယ္။

အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး အြန္လိုင္းမွာ ပရိသတ္ေတြက ‘မက္ဆီကေတာ့ ဟာသပဲ။

(၁၀)စကၠန႔္အတြင္းမွာ ဂါဒီေယာကို တစ္စစီျဖစ္သြားေအာင္ မညႇာမတာအႏိုင္က်င့္ခဲ့ပါတယ္’၊

‘ဂါဒီေယာဟာ တကယ္ေကာင္းတဲ့ ေနာက္ခံလူတစ္ဦးပါ။

ဒါေပမဲ့ မက္ဆီက သူ႔ကို ပညာျပၿပီး တစ္စီဖ်က္ဆီးခဲ့ပါတယ္’ဆိုၿပီးေတာ့ ေနာက္ေျပာင္ေရးသားခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ခ႐ိုေအးရွားအသင္းကို အႏိုင္ရခဲ့တာေၾကာင့္ အသင္းရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္

ဆီမီးဖိုင္နယ္(၅)ႀကိမ္ကစားခဲ့တာမွာ ပြဲတိုင္းအႏိုင္ရတဲ့ စံခ်ိန္ေကာင္းပိုင္ဆိုင္ခဲ့ပါတယ္။

ဒ့ါအျပင္ အာဂ်င္တီးနားတို႔ ကမာၻ႔ဖလားဗိုလ္လုပြဲကို (၆)ႀကိမ္ေျမာက္ တက္ေရာက္ခြင့္ရရွိခဲ့ၿပီး

အီတလီ၊ ဘရာဇီးလ္တို႔နဲ႔ အႀကိမ္အေရအတြက္ခ်င္း တူညီသြားသလို အာဂ်င္တီးနားထက္

ဗိုလ္လုပြဲအႀကိမ္ ပိုမ်ားတာဆိုလို႔ ဂ်ာမနီ(၈ႀကိမ္)တစ္သင္းသာ ရွိပါေတာ့တယ္။