မက်ဆီရဲ့ ချီးကျူးခြင်းခံခဲ့တဲ့ စီရော်နယ်ဒို

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒီကနေ့ည မန်စီးတီးကိုဆန့်ကျင်ပြီး

ပီအက်စ်ဂျီကိုအားပေးလိမ့်မယ်လို့ သတင်းတွေကသုံး
သပ်ဖော်ပြနေကြပါတယ်။ မက်ဆီပါဝင်တဲ့ ပီအက်စ်ဂျီဟာဒီညမှာ မန်စီးတီးနဲ့

မန်ချက်စတာမြေမှာ ကစားရမှာဖြစ်ပါတယ်။ ဒီအာဂျင်တီး

နားသားဟာ မကြာသေးခင်သူနဲ့လာလီဂါမှာပြိုင်ဘက်အကြာကြီးဖြစ်ခဲ့ဘူးတဲ့

စီရော်နယ်ဒိုကို မန်ယူမှာအလျင်အမြန်အထိုင်ကျပြီး ဂိုးသွင်းနေတာကို

ချီးကျူးဂုဏ်ပြုခဲ့သူဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီချန်ပီယံလိဂ်မှာနောက်တစ်ဆင့်ကိုတက်ရောက်ဖို့ နီးစပ်နေပြီ

ဖြစ်ပေမယ့် မန်ယူရဲ့မြို့ခံပြိုင်ဘက်ဖြစ်တဲ့အပြင် ပီအက်စ်ဂျီမှာမက်ဆီလည်း

ပါဝင်နေလို့ ပြန်လှန်ဂုဏ်ပြုတဲ့အနေနဲ့ ပီအက်စ်ဂျီကိုဘဲ
စီရော်နယ်ဒိုအားပေးနေမယ်လို့ လူမှုမီဒီယာအသုံးပြုသူတွေအကြားမှာ

ပြောဆိုမှုတွေရှိနေပါတယ်။

မကြာသေးခင်က မက်ဆီက”စီရော်နယ်ဒိုဟာ မန်ယူအကြောင်းကောင်းကောင်း

သိထားသူဖြစ်ပေမယ့် အခုလိုမျိုးမတူညီတဲ့အခြေအနေ

မျိုးမှာတောင် အားရစရာကောင်းတဲ့ပုံစံနဲ့ အထိုင်ကျမြန်ခဲ့ပါတယ်။ မန်ယူကို

ပြန်ရောက်ကတည်းကသူအရင်ကလုပ်ပြခဲ့သလိုမျိုး ဂိုးတွေသွင်းယူပြီး
အသားကျဖို့ပြဿနာမရှိတာကိုပြသခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

စီရော်နယ်ဒိုကလည်း မက်ဆီချီးကျူးရလောက်အောင်ဘဲ
ခြေစွမ်းပြနေပြီး ဗီလာရီးရဲလ်နဲ့ပွဲမှာအရေးပါတဲ့အဖွင့်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဒီပွဲမှာမန်ယူဟာ အိမ်ရှင်ဗီလာရီးရဲလ်ရဲ့ဖိအားပေးမှုကိုခံ
ခဲ့ရပေမယ့် ဂိုးသမားဒီဂီယာရဲ့လက်စွမ်းပြမှု၊ စီရော်နယ်ဒိုရဲ့အဆုံးသတ်သေချာမှု

တွေကြောင့်နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ မန်ယူအတွက်နောက်တစ်ဂိုးကိုတော့

ဆန်ချိုကသွင်းယူပြီး ၂-၀ နဲ့အနိုင်ရခဲ့ပါတယ်။

ဒီဂိုးကြောင့်စီရော်နယ်ဒိုဟာတစ်ရာသီအတွင်းချန်ပီယံလိဂ်(ယခင်ဥရောပဖလားအမည်နဲ့ပါ

အပါအဝင်) မှာ ၅ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့အင်္ဂလိပ်ကလပ်တစ်ခုက ပထမဆုံးကစားသမား

အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာအိုးလ်ထရက်ဖို့ဒ်မှာ ဗီလာရီးရဲလ်နဲ့

အတ္တလန္တာတို့ကိုအနိုင်ရခဲ့တဲ့ပွဲတွေမှာလည်း နောက်ကျအနိုင်ဂိုးတွေသွင်းပေးခဲ့

သူဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာပထမအကျော့အိမ်ကွင်းမှာတုန်းက မက်ဆီရဲ့ဂိုး

အပါအဝင် မန်စီးတီးကို ၂-၀ နဲ့နိုင်ခဲ့ပါတယ်။

Zawgyi

မက္ဆီရဲ႕ ခ်ီးက်ဴးျခင္းခံခဲ့တဲ့ စီေရာ္နယ္ဒို

မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ဒီကေန႔ည မန္စီးတီးကိုဆန႔္က်င္ၿပီး

ပီအက္စ္ဂ်ီကိုအားေပးလိမ့္မယ္လို႔ သတင္းေတြကသုံး
သပ္ေဖာ္ျပေနၾကပါတယ္။ မက္ဆီပါဝင္တဲ့ ပီအက္စ္ဂ်ီဟာဒီညမွာ မန္စီးတီးနဲ႔

မန္ခ်က္စတာေျမမွာ ကစားရမွာျဖစ္ပါတယ္။ ဒီအာဂ်င္တီး
နားသားဟာ မၾကာေသးခင္သူနဲ႔လာလီဂါမွာၿပိဳင္ဘက္အၾကာႀကီးျဖစ္ခဲ့ဘူးတဲ့

စီေရာ္နယ္ဒိုကို မန္ယူမွာအလ်င္အျမန္အထိုင္က်ၿပီး ဂိုးသြင္းေနတာကို

ခ်ီးက်ဴးဂုဏ္ျပဳခဲ့သူျဖစ္ပါတယ္။ မန္စီးတီးဟာ ဒီရာသီခ်န္ပီယံလိဂ္မွာ

ေနာက္တစ္ဆင့္ကိုတက္ေရာက္ဖို႔ နီးစပ္ေနၿပီ
ျဖစ္ေပမယ့္ မန္ယူရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့အျပင္ ပီအက္စ္ဂ်ီမွာမက္ဆီလည္

းပါဝင္ေနလို႔ ျပန္လွန္ဂုဏ္ျပဳတဲ့အေနနဲ႔ ပီအက္စ္ဂ်ီကိုဘဲ
စီေရာ္နယ္ဒိုအားေပးေနမယ္လို႔ လူမႈမီဒီယာအသုံးျပဳသူေတြအၾကားမွာ

ေျပာဆိုမႈေတြရွိေနပါတယ္။
မၾကာေသးခင္က မက္ဆီက”စီေရာ္နယ္ဒိုဟာ မန္ယူအေၾကာင္းေကာင္းေကာင္း

သိထားသူျဖစ္ေပမယ့္ အခုလိုမ်ိဳးမတူညီတဲ့အေျခအေန

မ်ိဳးမွာေတာင္ အားရစရာေကာင္းတဲ့ပုံစံနဲ႔ အထိုင္က်ျမန္ခဲ့ပါတယ္။ မန္ယူကို

ျပန္ေရာက္ကတည္းကသူအရင္ကလုပ္ျပခဲ့သလိုမ်ိဳး ဂိုးေတြသြင္းယူၿပီး
အသားက်ဖို႔ျပႆနာမရွိတာကိုျပသခဲ့ပါတယ္” လို႔ေျပာခဲ့ပါတယ္။

စီေရာ္နယ္ဒိုကလည္း မက္ဆီခ်ီးက်ဴးရေလာက္ေအာင္ဘဲ
ေျခစြမ္းျပေနၿပီး ဗီလာရီးရဲလ္နဲ႔ပြဲမွာအေရးပါတဲ့အဖြင့္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဒီပြဲမွာမန္ယူဟာ အိမ္ရွင္ဗီလာရီးရဲလ္ရဲ႕ဖိအားေပးမႈကိုခံ
ခဲ့ရေပမယ့္ ဂိုးသမားဒီဂီယာရဲ႕လက္စြမ္းျပမႈ၊ စီေရာ္နယ္ဒိုရဲ႕အဆုံးသတ္ေသခ်ာမႈ

ေတြေၾကာင့္ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။ မန္ယူအတြက္ေနာက္တစ္ဂိုးကိုေတာ့

ဆန္ခ်ိဳကသြင္းယူၿပီး ၂-၀ နဲ႔အႏိုင္ရခဲ့ပါတယ္။ဒီဂိုးေၾကာင့္စီေရာ္နယ္ဒိုဟာ

တစ္ရာသီအတြင္းခ်န္ပီယံလိဂ္(ယခင္ဥေရာပဖလားအမည္နဲ႔ပါအပါအဝင္)

မွာ ၅ ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တဲ့အဂၤလိပ္ကလပ္တစ္ခုက ပထမဆုံးကစားသမား

အျဖစ္လည္းမွတ္တမ္းဝင္ခဲ့ပါတယ္။ သူဟာအိုးလ္ထရက္ဖို႔ဒ္မွာ ဗီလာရီးရဲလ္နဲ႔

အတၱလႏၲာတို႔ကိုအႏိုင္ရခဲ့တဲ့ပြဲေတြမွာလည္း ေနာက္က်အႏိုင္ဂိုးေတြသြင္းေပးခဲ့

သူျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာပထမအေက်ာ့အိမ္ကြင္းမွာတုန္းက မက္ဆီရဲ႕ဂိုး

အပါအဝင္ မန္စီးတီးကို ၂-၀ နဲ႔ႏိုင္ခဲ့ပါတယ္။