
အသင်းကိုရောက်လာချိန်ကတည်း ပုံမှန်ခြေစွမ်းမပြနိုင်တဲ့အပြင်
ညကရီးရဲလ်နဲ့ပွဲမှာ ပင်နယ်တီမဝင်ခဲ့တဲ့ မက်ဆီ့ကို
ပီအက်စ်ဂျီ ပရိသတ်တွေအချို့ကစိတ်ပျက်လာနေကြပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့
ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ပင်နယ်တီကန်ချက်ကို
ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့နောက် မက်ဆီ့ကို အွန်လိုင်းမှာ
ပရိသတ်တွေက ” မက်ဆီရဲ့ ခေတ် ပြီးဆုံးသွားပြီ” ဆိုတဲ့
ငြိုငြင်လာတဲ့ ပိုစ်တွေရေးသားလာကြပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို
၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့အဖြစ် ဧည့်ခံကစားခဲ့တာဖြစ်ပြီး
ပထမပိုင်းပြီးသွားတဲ့အချိန်အထိ နှစ်သင်းစလုံးဟာ ဂိုးမရှိသရေကျခေဲ့ပါတယ်။
ဒုတိယပိုင်းမိနစ်(၆၀)မှာ ရီးရဲလ်ရဲ့ ညာနောက်ခံလူ ဒါနီရယ် ကာဗာဟယ်လ်ဟာ
အမ်ဘာပေကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့်
ပီအက်စ်ဂျီအသင်းအနေနဲ့ ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပါတယ်။
ဒီပင်နယ်တီကို မက်ဆီက ရီးရဲလ်ဂိုးသမား ကော့တွိုင်း ရဲ့
ဘယ်ဘက် အောက်ခြေတိုင်ထောင့်ကို အပြင်းကန် ကန်သွင်းခဲ့ပေမယ့်
ကော့တွိုင်း က မက်ဆီရဲ့ ပင်နယ်တီကန်ချက်ကို အပိုင်ကာကွယ်သွားခဲ့ပါတယ်။
ဘောလွန်းဒီအော် (၇) ကြိမ်ရထားခဲ့တဲ့ မက်ဆီရဲ့ လွဲချော်မှုဟာ
ပီအက်စ်ဂျီတွေကြားမှာ အသင်း နောက်တစ်ဆင့်တက်နိုင်ရေးနဲ့ပတ်သက်လို့
စိုးရိမ်စိတ်တွေဖြစ်စေခဲ့သလို ပရိသတ်တွေက မက်ဆီကို
“သူကိုယ်တိုင်ရဲ့ အရိပ်ပြန်ဖြစ်နေပြီ”လို့ ဝေဖန်မှုတွေ
လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာခဲ့တာလည်း ဖြစ်ပါတယ်။
တွစ်တာမှာ ပရိသတ်တစ်ယောက်က “မက်ဆီက အခု သူကိုယ်တိုင်ရဲ့
အရိပ်အောက်ကို ပြန်ရောက်နေတာလား?” လို့
မေးခွန်းထုတ်ခဲ့သလို နောက်တစ်ယောက်ကလည်း
“ဘောလုံးကို အသက်ဝင်အောင် ကစားနိုင်ခဲ့တာဆိုလို့
အမ်ဘာပေတစ်ယောက်ပဲရှိတယ်။ မက်ဆီရဲ့ မှော်ဝင်တဲ့
အခိုက်အတန့်အချို့ကို မျှော်လင့်ခဲ့ပေမယ့် သူက သူ့ရဲ့အရင်တုန်းကပုံစံရဲ့
အရိပ်အောက်ထဲမှာ လောင်းရိပ်မိနေတယ် ”လို့ ရေးသားခဲ့ပါတယ်။
ပရိသတ်တွေရဲ့ဝေဖန်မှုတွေဟာ ဒီလောက်နဲ့ရပ်တန့်မသွားသေးပဲ
ပင်နယ်တီကို မက်ဆီ ကန်တာထက် ဘာပေးပဲ ကန်သင့်တယ်ဆိုပြီး
“မက်ဆီ့ရဲ့ အကောင်းဆုံးအချိန်ကပြီးသွားပြီ၊ ဘာပေးရဲ့အချိန်ရောက်လာနေပြီ၊
နောက်ပွဲတွေ ပင်နယ်တီဆိုရင် ဘာပေးပဲကန်သင့်တယ်”လို့
ပြောလာတဲ့ပရိသတ်တွေရှိလာသလို “မက်ဆီအနေနဲ့ အမ်ဘာပေရဲ့
လောင်းရိပ်အောက်မှာ ကစားနေရတယ်”လို့
ရေးသွားလာတဲ့သူတွေလည်းရှိလာပါတယ်။
ဆိုးဆိုးရွားရွားရေးသားချက် တွေ ထဲမှာဆိုရင်လည်း
“မက်ဆီက မယုံနိုင်စရာကောင်းလောက်အောင် ပြီးဆုံးသွားပါပြီ။
သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်လိုက်ပါတော့ IMO ရေ”လို့
ပရိသတ်တစ်ယောက်က မှတ်ချက်ဝင်ပေးသွားခဲ့ပါသေးတယ်။
မက်ဆီအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ အခွင့်အရေးကောင်းတစ်ခုကို
လွဲချော်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းအနေနဲ့ အမ်ဘာပေကို
ကျေးဇူးတင်ရမှာဖြစ်ပြီး သူ့ရဲ့ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ
သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့အတူ စပိန်အင်အားကြီးကလပ်ကို
အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲပြီးခါနီးမှာတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီအတွက်
အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကို ဒုတိယပိုင်းမှာ
ဒီမာရီယာအစား လူစားဝင်လာခဲ့တဲ့ နေမာနဲ့ ချိတ်ဆက်ပြီး သွင်းယူသွားခဲ့တာပါ။
ဘာပေကို ဘောလုံးချပေးခဲ့ချိန်ကနေမာက ဘောလုံးကို ဖနောင့်နဲ့ပေါက်ပြီး
လှလှပပပေးသွားခဲ့တာကိုလည်း ပရိသတ်တွေက သဘောကျခဲ့ကြပါတယ်။
နေမာ့ဆီကရလာတဲ့ဘောလုံးကို ဘာပေက ဂိုးဧရိယာထဲကိုဆွဲယူသွားခဲ့ပြီး
အီဒါ မီလီတာအိုနဲ့ လူးကပ်စ် ဗျက်စ်ကွက်ဇ်တို့ကို ကျော်ဖြတ်ကာ
ဂိုးသမား ကော့တွိုင်း ရဲ့ ပေါင်ကြားထဲကနေ
ဘောလုံးကို အပြင်းကန်ထည့်ပြီး သွင်းယူသွားခဲ့ပါတယ်။
အိမ်ကွင်းမှာ (၁-ဝ)နဲ့အနိုင်ရခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ
ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းဆီ မတ်လ ၉ ရက်နေ့ မှာ
သွားရောက်ကစားရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို
ကျော်ဖြတ်နိုင်ပါ့မလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။
တစ်ကယ်လို့သာ ဒီနှစ် ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ် ခရီးစဉ်ဟာ
ဘာနေဗျူးမှာပဲ အဆုံးသတ်ခဲ့ရမယ်ဆိုရင်တော့ ပင်နယ်တီလွဲချော်ခဲ့တဲ့
မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ဖလားလိုချင်နေတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေဆီက
ဒီထက်ပိုတဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ သေချာနေပါပြီ။
zawgyi
“မက္ဆီရဲ႕ ေခတ္ ၿပီးဆုံးသြားၿပီ” ဆိုတဲ့ ၿငိဳျငင္လာတဲ့ ပိုစ္ေတြေရးသားလာၾကတဲ့ ပီအက္စ္ဂ်ီ ပရိသတ္ေတြ
အသင္းကိုေရာက္လာခ်ိန္ကတည္း ပုံမွန္ေျခစြမ္းမျပႏိုင္တဲ့အျပင္
ညကရီးရဲလ္နဲ႔ပြဲမွာ ပင္နယ္တီမဝင္ခဲ့တဲ့ မက္ဆီ့ကို
ပီအက္စ္ဂ်ီ ပရိသတ္ေတြအခ်ိဳ႕ကစိတ္ပ်က္လာေနၾကပါတယ္။
ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္ပြဲစဥ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔
ပြဲစဥ္မွာ အသင္းအတြက္ အေရးပါတဲ့ ပင္နယ္တီကန္ခ်က္ကို
ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့တဲ့ေနာက္ မက္ဆီ့ကို အြန္လိုင္းမွာ
ပရိသတ္ေတြက ” မက္ဆီရဲ႕ ေခတ္ ၿပီးဆုံးသြားၿပီ” ဆိုတဲ့
ၿငိဳျငင္လာတဲ့ ပိုစ္ေတြေရးသားလာၾကပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ အိမ္ကြင္းမွာ ရီးရဲလ္မက္ဒရစ္အသင္းကို
၁၆ သင္း ရႈံးထြက္အဆင့္ ပထမအေက်ာ့အျဖစ္ ဧည့္ခံကစားခဲ့တာျဖစ္ၿပီး
ပထမပိုင္းၿပီးသြားတဲ့အခ်ိန္အထိ ႏွစ္သင္းစလုံးဟာ ဂိုးမရွိသေရက်ေခဲ့ပါတယ္။
ဒုတိယပိုင္းမိနစ္(၆၀)မွာ ရီးရဲလ္ရဲ႕ ညာေနာက္ခံလူ ဒါနီရယ္ ကာဗာဟယ္လ္ဟာ
အမ္ဘာေပကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္
ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ပင္နယ္တီကန္သြင္းခြင့္ရရွိခဲ့ပါတယ္။
ဒီပင္နယ္တီကို မက္ဆီက ရီးရဲလ္ဂိုးသမား ေကာ့တြိဳင္း ရဲ႕
ဘယ္ဘက္ ေအာက္ေျခတိုင္ေထာင့္ကို အျပင္းကန္ ကန္သြင္းခဲ့ေပမယ့္
ေကာ့တြိဳင္း က မက္ဆီရဲ႕ ပင္နယ္တီကန္ခ်က္ကို အပိုင္ကာကြယ္သြားခဲ့ပါတယ္။
ေဘာလြန္းဒီေအာ္ (၇) ႀကိမ္ရထားခဲ့တဲ့ မက္ဆီရဲ႕ လြဲေခ်ာ္မႈဟာ
ပီအက္စ္ဂ်ီေတြၾကားမွာ အသင္း ေနာက္တစ္ဆင့္တက္ႏိုင္ေရးနဲ႔ပတ္သက္လို႔
စိုးရိမ္စိတ္ေတြျဖစ္ေစခဲ့သလို ပရိသတ္ေတြက မက္ဆီကို
“သူကိုယ္တိုင္ရဲ႕ အရိပ္ျပန္ျဖစ္ေနၿပီ”လို႔ ေဝဖန္မႈေတြ
လူမႈကြန္ယက္ေတြမွာ ပ်ံ႕ႏွံ႔လာခဲ့တာလည္း ျဖစ္ပါတယ္။
တြစ္တာမွာ ပရိသတ္တစ္ေယာက္က “မက္ဆီက အခု သူကိုယ္တိုင္ရဲ႕
အရိပ္ေအာက္ကို ျပန္ေရာက္ေနတာလား?” လို႔
ေမးခြန္းထုတ္ခဲ့သလို ေနာက္တစ္ေယာက္ကလည္း
“ေဘာလုံးကို အသက္ဝင္ေအာင္ ကစားႏိုင္ခဲ့တာဆိုလို႔
အမ္ဘာေပတစ္ေယာက္ပဲရွိတယ္။ မက္ဆီရဲ႕ ေမွာ္ဝင္တဲ့
အခိုက္အတန႔္အခ်ိဳ႕ကို ေမွ်ာ္လင့္ခဲ့ေပမယ့္ သူက သူ႔ရဲ႕အရင္တုန္းကပုံစံရဲ႕
အရိပ္ေအာက္ထဲမွာ ေလာင္းရိပ္မိေနတယ္ ”လို႔ ေရးသားခဲ့ပါတယ္။
ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြဟာ ဒီေလာက္နဲ႔ရပ္တန႔္မသြားေသးပဲ
ပင္နယ္တီကို မက္ဆီ ကန္တာထက္ ဘာေပးပဲ ကန္သင့္တယ္ဆိုၿပီး
“မက္ဆီ့ရဲ႕ အေကာင္းဆုံးအခ်ိန္ကၿပီးသြားၿပီ၊ ဘာေပးရဲ႕အခ်ိန္ေရာက္လာေနၿပီ၊
ေနာက္ပြဲေတြ ပင္နယ္တီဆိုရင္ ဘာေပးပဲကန္သင့္တယ္”လို႔
ေျပာလာတဲ့ပရိသတ္ေတြရွိလာသလို “မက္ဆီအေနနဲ႔ အမ္ဘာေပရဲ႕
ေလာင္းရိပ္ေအာက္မွာ ကစားေနရတယ္”လို႔
ေရးသြားလာတဲ့သူေတြလည္းရွိလာပါတယ္။
ဆိုးဆိုး႐ြား႐ြားေရးသားခ်က္ ေတြ ထဲမွာဆိုရင္လည္း
“မက္ဆီက မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ၿပီးဆုံးသြားပါၿပီ။
သူနဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ဖ်က္လိုက္ပါေတာ့ IMO ေရ”လို႔
ပရိသတ္တစ္ေယာက္က မွတ္ခ်က္ဝင္ေပးသြားခဲ့ပါေသးတယ္။
မက္ဆီအေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲမွာ အခြင့္အေရးေကာင္းတစ္ခုကို
လြဲေခ်ာ္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အမ္ဘာေပကို
ေက်းဇူးတင္ရမွာျဖစ္ၿပီး သူ႔ရဲ႕ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ
သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔အတူ စပိန္အင္အားႀကီးကလပ္ကို
အိမ္ကြင္းမွာ အႏိုင္ယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ပြဲၿပီးခါနီးမွာေတာ့ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအတြက္
အႏိုင္ဂိုးကိုသြင္းယူေပးခဲ့ပါတယ္။ ဒီဂိုးကို ဒုတိယပိုင္းမွာ
ဒီမာရီယာအစား လူစားဝင္လာခဲ့တဲ့ ေနမာနဲ႔ ခ်ိတ္ဆက္ၿပီး သြင္းယူသြားခဲ့တာပါ။
ဘာေပကို ေဘာလုံးခ်ေပးခဲ့ခ်ိန္ကေနမာက ေဘာလုံးကို ဖေနာင့္နဲ႔ေပါက္ၿပီး
လွလွပပေပးသြားခဲ့တာကိုလည္း ပရိသတ္ေတြက သေဘာက်ခဲ့ၾကပါတယ္။
ေနမာ့ဆီကရလာတဲ့ေဘာလုံးကို ဘာေပက ဂိုးဧရိယာထဲကိုဆြဲယူသြားခဲ့ၿပီး
အီဒါ မီလီတာအိုနဲ႔ လူးကပ္စ္ ဗ်က္စ္ကြက္ဇ္တို႔ကို ေက်ာ္ျဖတ္ကာ
ဂိုးသမား ေကာ့တြိဳင္း ရဲ႕ ေပါင္ၾကားထဲကေန
ေဘာလုံးကို အျပင္းကန္ထည့္ၿပီး သြင္းယူသြားခဲ့ပါတယ္။
အိမ္ကြင္းမွာ (၁-ဝ)နဲ႔အႏိုင္ရခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းဟာ
ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဘာေနဗ်ဴးကြင္းဆီ မတ္လ ၉ ရက္ေန႔ မွာ
သြားေရာက္ကစားရမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို
ေက်ာ္ျဖတ္ႏိုင္ပါ့မလား ဆိုတာက စိတ္ဝင္စားစရာပါပဲ။
တစ္ကယ္လို႔သာ ဒီႏွစ္ ပီအက္စ္ဂ်ီအသင္းရဲ႕ ခ်န္ပီယံလိဂ္ ခရီးစဥ္ဟာ
ဘာေနဗ်ဴးမွာပဲ အဆုံးသတ္ခဲ့ရမယ္ဆိုရင္ေတာ့ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့
မက္ဆီအေနနဲ႔ ခ်န္ပီယံလိဂ္ဖလားလိုခ်င္ေနတဲ့ ပီအက္စ္ဂ်ီ ပရိသတ္ေတြဆီက
ဒီထက္ပိုတဲ့ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ရေတာ့မယ္ဆိုတာ ေသခ်ာေနပါၿပီ။