မက်ဆီရဲ့အင်္ကျီလဲလှယ်ရန် တောင်းဆိုခြင်းခံရမှုအတွက်အကြီးအကျယ်အံ့ဩသင့်ခဲ့ရကြောင်း  အိန်ဂျယ်ဂိုမက်စ် ဆို

လိုင်လီရှေ့တန်းကစားသမားအိန်ဂျယ်ဂိုမက်စ်က

ပီအက်စ်ဂျီနှင့်ပွဲစဉ်တွင် Ballon d’Or ဆုခုနှစ်ကြိမ်ရ

လီယွန်နယ်မက်ဆီရဲ့အင်္ကျီလဲလှယ်ရန်

တောင်းဆိုခြင်းခံရမှုအတွက်အကြီးအကျယ်အံ့ဩသင့်ခဲ့ရကြောင်းဆိုသွားပါတယ်။

ပီအက်စ်ဂျီဟာတနင်္ဂနွေနေ့တုန်းက Stade Pierre Mauroy တွင်

၅-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းနိုင်ပွဲကြောင့်ပိုချက်တီနိုရဲ့ပီအက်စ်ဂျီဟာရမှတ်၁၃မှတ်အထိဖြတ်ကာ

လီဂူး၁အမှတ်ပေးဇယားမှာရပ်တည်လာနိုင်ပါတယ်။

လက်ရှိချန်ပီယံလိုင်လီဟာယခုရာသီတွင်ရုန်းကန်ရတဲ့အသင်းဖြစ်ပြီး

ပီအက်စ်ဂျီနှင့်ရင်ဆိုင်ရချိန်မှာအဆိုးရွားဆုံးညတစ်ညပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း

အိန်ဂျယ်ဂိုမက်စ်အတွက်တော့မမေ့နိုင်စရာညတစ်ညဖြစ်ခဲ့ရပါတယ်။

သူဟာဘာစီလိုနာစူပါစတားဟောင်းကအင်္ကျီလဲလှယ်ရန်

တောင်းဆိုခြင်းခံရမှုအတွက်အကြီးအကျယ်အံ့ဩခဲ့ရပါတယ်။

ဂိုမက်စ်ဟာယူနိုက်တက်သို့အသက်၆နှစ်အရွယ်တွင်ရောက်ပြီး

နောက်၁၄နှစ်ကြာကစားခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းကလိုင်လီသို့ပြောင်းခဲ့ပေမဲ့

ပေါ်တူဂီကလပ်ဘိုအာဗစ်စတာသို့အချက်ချင်းအငှားချခြင်းခံခဲ့ရပါတယ်။

သူဟာယခုရာသီတွင်လိုင်လီသို့ပြန်လည်ရောက်လာပြီး

နောက်၁၆ပွဲကစားခွင့်ရရှိထားပါတယ်။

zawgyi

မက္ဆီရဲ႕အက်ႌလဲလွယ္ရန္ ေတာင္းဆိုျခင္းခံရမႈအတြက္အႀကီးအက်ယ္အံ့ဩသင့္ခဲ့ရေၾကာင္း  အိန္ဂ်ယ္ဂိုမက္စ္ ဆို

လိုင္လီေရွ႕တန္းကစားသမားအိန္ဂ်ယ္ဂိုမက္စ္က

ပီအက္စ္ဂ်ီႏွင့္ပြဲစဥ္တြင္ Ballon d’Or ဆုခုႏွစ္ႀကိမ္ရ

လီယြန္နယ္မက္ဆီရဲ႕အက်ႌလဲလွယ္ရန္

ေတာင္းဆိုျခင္းခံရမႈအတြက္အႀကီးအက်ယ္အံ့ဩသင့္ခဲ့ရေၾကာင္းဆိုသြားပါတယ္။

ပီအက္စ္ဂ်ီဟာတနဂၤေႏြေန႔တုန္းက Stade Pierre Mauroy တြင္

၅-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းႏိုင္ပြဲေၾကာင့္ပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီဟာရမွတ္၁၃မွတ္အထိျဖတ္ကာ

လီဂူး၁အမွတ္ေပးဇယားမွာရပ္တည္လာႏိုင္ပါတယ္။

လက္ရွိခ်န္ပီယံလိုင္လီဟာယခုရာသီတြင္႐ုန္းကန္ရတဲ့အသင္းျဖစ္ၿပီး

ပီအက္စ္ဂ်ီႏွင့္ရင္ဆိုင္ရခ်ိန္မွာအဆိုး႐ြားဆုံးညတစ္ညပိုင္ဆိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း

အိန္ဂ်ယ္ဂိုမက္စ္အတြက္ေတာ့မေမ့ႏိုင္စရာညတစ္ညျဖစ္ခဲ့ရပါတယ္။

သူဟာဘာစီလိုနာစူပါစတားေဟာင္းကအက်ႌလဲလွယ္ရန္

ေတာင္းဆိုျခင္းခံရမႈအတြက္အႀကီးအက်ယ္အံ့ဩခဲ့ရပါတယ္။

ဂိုမက္စ္ဟာယူႏိုက္တက္သို႔အသက္၆ႏွစ္အ႐ြယ္တြင္ေရာက္ၿပီး

ေနာက္၁၄ႏွစ္ၾကာကစားခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၂၀ခုႏွစ္၊ဩဂုတ္လတုန္းကလိုင္လီသို႔ေျပာင္းခဲ့ေပမဲ့

ေပၚတူဂီကလပ္ဘိုအာဗစ္စတာသို႔အခ်က္ခ်င္းအငွားခ်ျခင္းခံခဲ့ရပါတယ္။

သူဟာယခုရာသီတြင္လိုင္လီသို႔ျပန္လည္ေရာက္လာၿပီး

ေနာက္၁၆ပြဲကစားခြင့္ရရွိထားပါတယ္။