
ပြင်သစ်လူမျိုး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ နာဘီလ်ဂျဲလ်လစ်က
မက်ဆီရဲ့ပုံစံက ဘလွန်းဒီအော် ၇ ကြိမ်ရထားတဲ့ ကစားသမား တစ်ယောက်ရဲ့
ပုံစံမျိုး ရှိမနေဘူးလို့ ပြောလိုက်ပါတယ်။
“လီယွန်နယ် မက်ဆီဟာ လီဂူးဝမ်းမှာ ကျဆုံးခဲ့တယ်လို့ ပြောလာခဲ့ရင်၊
အဲဒါက ဒီရာသီ ပထမပိုင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကြောင့်
အခုလို ဝေဖန်တာလို့ ပြောရမှာပဲ။”
” ဘာလို့လဲ ဆိုတော့ သူက ရာသီဝက်ကာလ အတွင်းမှာ တစ်ဂိုးသာ
သွင်းယူ နိုင်ခဲ့တယ်။ ဒီကစားသမားဟာ အရင်ကလို ခြေစွမ်းမျိုး
ပြန်ရလာလိမ့်မယ်လို့ ပြောလာခဲ့ရင် အဲဒါက ကျွန်တော့် အမြင်အရတော့
စိတ်ကူးယဉ်ဆန်တဲ့ အတွေးလို့ ပြောချင်ပါတယ်။ ”
“ဒီလိုပြောရတာက သူ့အတွက် ကံမကောင်းဘူး ဆိုပေမယ့်၊
လက်ခံရမယ့် အမှန်တရားတစ်ခုပါ။”
“သူဟာ ပီအက်စ်ဂျီ အသင်းရဲ့ ပွဲစဉ် အများစုမှာ ထူးထူးခြားခြား
စွမ်းဆောင် ပြနိုင်ခဲ့တာမျိုး မရှိပါဘူး။ အဲဒါကြောင့် သူ့ရဲ့ ပီအက်စ်ဂျီ
ကစားသမား ဘဝဟာ မအောင်မြင်ဘူးလို့ ပြောရမှာပါ။”
” လက်ရှိ သူ့ရဲ့ပုံစံက ဘလွန်းဒီအော်ဆု ၇ကြိမ်ရထားတဲ့ ကစားသမား
တစ်ယောက်နဲ့ မတူပါဘူး။ဟုတ်ပါတယ် မက်ဆီရဲ့ လက်ရှိပုံစံက
အဲလို စံချိန်မျိုး ရထားတဲ့ ကစားသမား တစ်ယောက်လို့ အသိအမှတ်ပြုဖို့ ခက်ခဲပါတယ်။”
” ဒီနေရာမှာ ပီအက်စ်ဂျီ အသင်းရဲ့ အမှားတွေ ရှိကောင်း ရှိပါလိမ့်မယ်။
ဒါပေမယ့် အခု မက်ဆီ လုပ်ပြထားတဲ့ အရာတွေက ကျွန်တော်တို့
မျှော်လင့်ထားတဲ့ အနေအထားနဲ့ အလှမ်းကွာလွန်းပါတယ်။”
“ကျွန်တော်တို့ အခုပြောနေတာက လီယွန်နယ် မက်ဆီရဲ့ အကြောင်းဖြစ်လို့၊
သူ့အနေနဲ့ အခုထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ရမှာပါ။” လို့
နာဘီလ်ဂျဲလစ်က ပြောဆိုသွား ခဲ့ပါတယ်။
zawgyi
မက္ဆီရဲ႕ပုံစံက ဘလြန္းဒီေအာ္ ၇ ႀကိမ္ရထားတဲ့ ကစားသမား တစ္ေယာက္ရဲ႕ ပုံစံမ်ိဳး ရွိမေနဘူးလို႔ နာဘီလ္ဂ်ဲလ္လစ္ ေဝဖန္
ျပင္သစ္လူမ်ိဳး ေဘာလုံးေရးရာ ေဝဖန္သုံးသပ္သူ နာဘီလ္ဂ်ဲလ္လစ္က
မက္ဆီရဲ႕ပုံစံက ဘလြန္းဒီေအာ္ ၇ ႀကိမ္ရထားတဲ့ ကစားသမား တစ္ေယာက္ရဲ႕
ပုံစံမ်ိဳး ရွိမေနဘူးလို႔ ေျပာလိုက္ပါတယ္။
“လီယြန္နယ္ မက္ဆီဟာ လီဂူးဝမ္းမွာ က်ဆုံးခဲ့တယ္လို႔ ေျပာလာခဲ့ရင္၊
အဲဒါက ဒီရာသီ ပထမပိုင္းမွာ ျပသခဲ့တဲ့ သူ႔ရဲ႕ ေျခစြမ္းေၾကာင့္
အခုလို ေဝဖန္တာလို႔ ေျပာရမွာပဲ။”
” ဘာလို႔လဲ ဆိုေတာ့ သူက ရာသီဝက္ကာလ အတြင္းမွာ တစ္ဂိုးသာ
သြင္းယူ ႏိုင္ခဲ့တယ္။ ဒီကစားသမားဟာ အရင္ကလို ေျခစြမ္းမ်ိဳး
ျပန္ရလာလိမ့္မယ္လို႔ ေျပာလာခဲ့ရင္ အဲဒါက ကြၽန္ေတာ့္ အျမင္အရေတာ့
စိတ္ကူးယဥ္ဆန္တဲ့ အေတြးလို႔ ေျပာခ်င္ပါတယ္။ ”
“ဒီလိုေျပာရတာက သူ႔အတြက္ ကံမေကာင္းဘူး ဆိုေပမယ့္၊
လက္ခံရမယ့္ အမွန္တရားတစ္ခုပါ။”
“သူဟာ ပီအက္စ္ဂ်ီ အသင္းရဲ႕ ပြဲစဥ္ အမ်ားစုမွာ ထူးထူးျခားျခား
စြမ္းေဆာင္ ျပႏိုင္ခဲ့တာမ်ိဳး မရွိပါဘူး။ အဲဒါေၾကာင့္ သူ႔ရဲ႕ ပီအက္စ္ဂ်ီ
ကစားသမား ဘဝဟာ မေအာင္ျမင္ဘူးလို႔ ေျပာရမွာပါ။”
” လက္ရွိ သူ႔ရဲ႕ပုံစံက ဘလြန္းဒီေအာ္ဆု ၇ႀကိမ္ရထားတဲ့ ကစားသမား
တစ္ေယာက္နဲ႔ မတူပါဘူး။ဟုတ္ပါတယ္ မက္ဆီရဲ႕ လက္ရွိပုံစံက
အဲလို စံခ်ိန္မ်ိဳး ရထားတဲ့ ကစားသမား တစ္ေယာက္လို႔ အသိအမွတ္ျပဳဖို႔ ခက္ခဲပါတယ္။”
” ဒီေနရာမွာ ပီအက္စ္ဂ်ီ အသင္းရဲ႕ အမွားေတြ ရွိေကာင္း ရွိပါလိမ့္မယ္။
ဒါေပမယ့္ အခု မက္ဆီ လုပ္ျပထားတဲ့ အရာေတြက ကြၽန္ေတာ္တို႔
ေမွ်ာ္လင့္ထားတဲ့ အေနအထားနဲ႔ အလွမ္းကြာလြန္းပါတယ္။”
“ကြၽန္ေတာ္တို႔ အခုေျပာေနတာက လီယြန္နယ္ မက္ဆီရဲ႕ အေၾကာင္းျဖစ္လို႔၊
သူ႔အေနနဲ႔ အခုထက္ ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ေတြ ျပသႏိုင္ရမွာပါ။” လို႔
နာဘီလ္ဂ်ဲလစ္က ေျပာဆိုသြား ခဲ့ပါတယ္။