မက်ဆီရဲ့နှိမ်ချခြင်းခံရပြီးနောက် ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကိုကိုင်တွယ်ဖို့ ဗန်ဟားလ် လမ်းကြောင်းပေးလာ

ကမ္ဘာ့ဖလားခရီးစဉ်အပြီးမှာ နယ်သာလန်အသင်းနဲ့လမ်းခွဲခဲ့တဲ့

ဝါရင့်နည်းပြကြီး ဗန်ဟားလ်ဟာ ပေါ်တူဂီအသင်းကိုကိုင်တွယ်ဖို့အတွက်

လမ်းကြောင်းပေးပြောဆိုမှုတွေရှိလာပါတယ်။ အာဂျင်တီးနားနဲ့

ကွာတားဖိုင်နယ်မကန်ခင်မှာ နယ်သာလန်သားကြီးက မက်ဆီနဲ့ပတ်သတ်လို့

ဘယ်လိုထိန်းချုပ်မယ် ပီအက်စ်ဂျီကြယ်ပွင့်မှာ ဘယ်လိုအားနည်းချက်

ရှိတယ်ဆိုတာတွေကို ထောက်ပြပြောဆိုခဲ့ဖူးပါတယ်။ ပွဲချိန်အတွင်းမှာတော့

မက်ဆီက နယ်သာလန်ဘက်ကိုဂိုးသွင်းယူခဲ့ပြီး ဗန်ဟားလ်ရှေ့မှာ

အောင်ပွဲခံကာ လက်စားချေပြခဲ့ပါတယ်။ ဝါရင့်နည်းပြတစ်ယောက်အတွက်

ခံပြင်းစရာဖြစ်ခဲ့သလို လက်ရှိမှာ ပေါ်တူဂီအသင်းအကြောင်း

ပြောလာတာတွေက ရော်နယ်ဒိုနဲ့ပူးပေါင်းဖို့ ဆန္ဒရှိပုံရပါတယ်။

ပေါ်တူဂီအသင်းကလည်း နည်းပြဖာနန်ဒိုဆန်းတို့စ်နဲ့လမ်းခွဲထားပြီးဖြစ်လို့

လစ်လပ်နေတဲ့နေရာမှာ ဗန်ဟားလ်ဝင်ထိုင်ဖို့ စိတ်ဝင်စားပုံရပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဆီးကျိတ်ကင်ဆာကိုအောင်မြင်စွာခွဲစိတ်နိုင်ခဲ့တဲ့

အသက် ၇၁ နှစ်အရွယ် ဗန်ဟားလ်ဟာ ဒတ်ချ်ရေဒီယိုရှိုးတစ်ခုမှာ

ပရဟိတအတွက်လှူဒါန်းဖို့ ဖုန်းခေါ်ဆိုခဲ့တဲ့နောက် ပေါ်တူဂီ

အသင်းနဲ့ပတ်သတ်တဲ့ အနာဂတ်အစီအစဉ်တွေကို မေးမြန်းခံခဲ့ရပါတယ်။

“ကျွန်တော် နောက်တစ်ကြိမ်အနားယူနေပါတယ်။ ဒါပေမဲ့ သူတို့ဘက်က

ခေါ်ရင်တော့ ကျွန်တော်နားထောင်ကြည့်ဦးမယ်။ ငါ့ဘက်က

ဒီလောက်ပဲပြောနိုင်သေးတယ်” လို့ ဗန်ဟားလ်က တုံ့ပြန်ခဲ့ပါတယ်။

zawgyi

မက္ဆီရဲ႕ႏွိမ္ခ်ျခင္းခံရၿပီးေနာက္ ေရာ္နယ္ဒိုရဲ႕ ေပၚတူဂီအသင္းကိုကိုင္တြယ္ဖို႔ ဗန္ဟားလ္ လမ္းေၾကာင္းေပးလာ

ကမာၻ႔ဖလားခရီးစဥ္အၿပီးမွာ နယ္သာလန္အသင္းနဲ႔လမ္းခြဲခဲ့တဲ့

ဝါရင့္နည္းျပႀကီး ဗန္ဟားလ္ဟာ ေပၚတူဂီအသင္းကိုကိုင္တြယ္ဖို႔အတြက္

လမ္းေၾကာင္းေပးေျပာဆိုမႈေတြရွိလာပါတယ္။ အာဂ်င္တီးနားနဲ႔

ကြာတားဖိုင္နယ္မကန္ခင္မွာ နယ္သာလန္သားႀကီးက မက္ဆီနဲ႔ပတ္သတ္လို႔

ဘယ္လိုထိန္းခ်ဳပ္မယ္ ပီအက္စ္ဂ်ီၾကယ္ပြင့္မွာ ဘယ္လိုအားနည္းခ်က္

ရွိတယ္ဆိုတာေတြကို ေထာက္ျပေျပာဆိုခဲ့ဖူးပါတယ္။ ပြဲခ်ိန္အတြင္းမွာေတာ့

မက္ဆီက နယ္သာလန္ဘက္ကိုဂိုးသြင္းယူခဲ့ၿပီး ဗန္ဟားလ္ေရွ႕မွာ

ေအာင္ပြဲခံကာ လက္စားေခ်ျပခဲ့ပါတယ္။ ဝါရင့္နည္းျပတစ္ေယာက္အတြက္

ခံျပင္းစရာျဖစ္ခဲ့သလို လက္ရွိမွာ ေပၚတူဂီအသင္းအေၾကာင္း

ေျပာလာတာေတြက ေရာ္နယ္ဒိုနဲ႔ပူးေပါင္းဖို႔ ဆႏၵရွိပုံရပါတယ္။

ေပၚတူဂီအသင္းကလည္း နည္းျပဖာနန္ဒိုဆန္းတို႔စ္နဲ႔လမ္းခြဲထားၿပီးျဖစ္လို႔

လစ္လပ္ေနတဲ့ေနရာမွာ ဗန္ဟားလ္ဝင္ထိုင္ဖို႔ စိတ္ဝင္စားပုံရပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ ဆီးက်ိတ္ကင္ဆာကိုေအာင္ျမင္စြာခြဲစိတ္ႏိုင္ခဲ့တဲ့

အသက္ ၇၁ ႏွစ္အ႐ြယ္ ဗန္ဟားလ္ဟာ ဒတ္ခ်္ေရဒီယိုရႈိးတစ္ခုမွာ

ပရဟိတအတြက္လႉဒါန္းဖို႔ ဖုန္းေခၚဆိုခဲ့တဲ့ေနာက္ ေပၚတူဂီ

အသင္းနဲ႔ပတ္သတ္တဲ့ အနာဂတ္အစီအစဥ္ေတြကို ေမးျမန္းခံခဲ့ရပါတယ္။

“ကြၽန္ေတာ္ ေနာက္တစ္ႀကိမ္အနားယူေနပါတယ္။ ဒါေပမဲ့ သူတို႔ဘက္က

ေခၚရင္ေတာ့ ကြၽန္ေတာ္နားေထာင္ၾကည့္ဦးမယ္။ ငါ့ဘက္က

ဒီေလာက္ပဲေျပာႏိုင္ေသးတယ္” လို႔ ဗန္ဟားလ္က တုံ႔ျပန္ခဲ့ပါတယ္။