မက်ဆီရဲ့နောက်ထပ်ကလပ်ကို ပေါ်တင်ကြီးဖောက်သည်ချနေတဲ့ အဂူရိုကြောင့် မက်ဇီရိုဒရီဂွက်ဇ်က စကားလမ်းကြောင်းလွှဲခဲ့ရ

မက်ဆီဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ အဂူရိုနဲ့သီးသန့်စကားပြောဆိုမှုတွေ

ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့နောက်ထပ်ကလပ်က ပေါက်ကြားသွားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ သက်တမ်းအလိုက် အာဂျင်တီးနားလူငယ်

အသင်းတွေမှာကတည်းက အတူတွဲကစားခဲ့ဖူးသူတွေဖြစ်တယ်။

အဂူရိုဟာ ဘလွန်းဒီအော်စံချိန်ရှင်နဲ့ပက်သတ်လို့ဝေဖန်မှုမှန်သမျှကို

အမြဲလိုလိုခုခံကာကွယ်ပေးခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးအသင်း

ထာဝရဂိုးသွင်းအများဆုံးကစားသမားရဲ့ အင်တာဗျူးအစီအစဉ်တစ်ခုက

မက်ဆီရဲ့အနာဂတ်အစီအစဉ်တွေကိုပျက်ပြားသွားစေနိုင်ပါတယ်။

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြီးကတည်းက

ပီအက်စ်ဂျီနဲ့စာချုပ်သစ်ကိစ္စကိုရပ်ဆိုင်းခဲ့သလို ဘာစီလိုနာကို

ပြန်သွားဖို့အတွက်ဆွေးနွေးနေတယ်လို့ ကောလဟလတွေ

ထွက်ပေါ်ခဲ့တာဖြစ်တယ်။ အခြားတစ်ဖက်မှာတော့ အဂူရိုက

မက်ဆီဟာ ငယ်ဘဝကလပ် နယူးဝဲလ်အိုးလ်ဘွိုင်းကိုပြန်သွားဖို့

စဉ်းစားနေတယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

“သူက နယူးဝဲလ်အတွက်ကစားပေးဖို့ဖြစ်နိုင်ခြေကို အလေးအနက်ထား

စဉ်းစားနေတယ်” လို့ အဂူရိုက ဆိုခဲ့ပါတယ်။ မက်ဆီနဲ့ ပက်သတ်လို့

အဂူရိုဘက်က အလွန်အကျွံမပြောခင်မှာ လီဗာပူးနဲ့

အာဂျင်တီးနားကြယ်ပွင့်ဟောင်း မက်ဇီရိုဒရီဂွက်ဇ်က “အဂူရိုက အဂူရိုပါ။

သူက တိတ်တိတ်နေလို့မရဘူး။ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။

ကောလဟလတွေကြီးကြီးမားမားထွက်ပေါ်လာတာကြောင့်

ဒီကိစ္စပြောဖို့ခက်တယ်။ ဘာတွေဆက်ဖြစ်မလဲစောင့်ကြည့်ရအောင်။

ကျွန်တော်တို့ကအဖြစ်မှန်ကိုရှေ့တန်းတင်မှာ မဟုတ်ပါဘူး” လို့

စကားလမ်းကြောင်းလွှဲပေးလိုက်တာဖြစ်တယ်။ မက်ဇီရိုဒရီဂွက်ဇ်ကလည်း

ကစားသမားဘဝကို နယူးဝဲလ်မှာစတင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ

ပရော်ဖက်ရှင်နယ်ဘဝကိုအဆုံးသတ်ခဲ့သူဖြစ်ပါတယ်။

အာဂျင်တီးနားသတင်းစာ Ole ရဲ့ဖော်ပြချက်အရ မက်ဆီဟာ

၁၉၉၄ ကနေ ၁၉၉၉ အထိ နယူးဝဲလ်အသင်းရဲ့ ဘောကောက်

လူငယ်လေးအဖြစ်စတင်ခဲ့သလို အသင်းအတွက် ၁၇၆ ပွဲမှာ

၂၃၄ ဂိုးအထိ သွင်းယူခဲ့တယ်လို့သိရပါတယ်။

zawgyi

မက္ဆီရဲ႕ေနာက္ထပ္ကလပ္ကို ေပၚတင္ႀကီးေဖာက္သည္ခ်ေနတဲ့ အဂူ႐ိုေၾကာင့္ မက္ဇီ႐ိုဒရီဂြက္ဇ္က စကားလမ္းေၾကာင္းလႊဲခဲ့ရ

မက္ဆီဟာ အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ အဂူ႐ိုနဲ႔သီးသန႔္စကားေျပာဆိုမႈေတြ

ျပဳလုပ္ခဲ့တာေၾကာင့္ သူ႔ရဲ႕ေနာက္ထပ္ကလပ္က ေပါက္ၾကားသြားခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ သက္တမ္းအလိုက္ အာဂ်င္တီးနားလူငယ္

အသင္းေတြမွာကတည္းက အတူတြဲကစားခဲ့ဖူးသူေတြျဖစ္တယ္။

အဂူ႐ိုဟာ ဘလြန္းဒီေအာ္စံခ်ိန္ရွင္နဲ႔ပက္သတ္လို႔ေဝဖန္မႈမွန္သမွ်ကို

အၿမဲလိုလိုခုခံကာကြယ္ေပးခဲ့တာပါ။ ဒါေပမယ့္ မန္စီးတီးအသင္း

ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားရဲ႕ အင္တာဗ်ဴးအစီအစဥ္တစ္ခုက

မက္ဆီရဲ႕အနာဂတ္အစီအစဥ္ေတြကိုပ်က္ျပားသြားေစႏိုင္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ မက္ဆီဟာ ကမာၻ႔ဖလားၿပီးကတည္းက

ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သစ္ကိစၥကိုရပ္ဆိုင္းခဲ့သလို ဘာစီလိုနာကို

ျပန္သြားဖို႔အတြက္ေဆြးေႏြးေနတယ္လို႔ ေကာလဟလေတြ

ထြက္ေပၚခဲ့တာျဖစ္တယ္။ အျခားတစ္ဖက္မွာေတာ့ အဂူ႐ိုက

မက္ဆီဟာ ငယ္ဘဝကလပ္ နယူးဝဲလ္အိုးလ္ဘြိဳင္းကိုျပန္သြားဖို႔

စဥ္းစားေနတယ္လို႔ အခိုင္အမာေျပာဆိုလိုက္ပါတယ္။

“သူက နယူးဝဲလ္အတြက္ကစားေပးဖို႔ျဖစ္ႏိုင္ေျခကို အေလးအနက္ထား

စဥ္းစားေနတယ္” လို႔ အဂူ႐ိုက ဆိုခဲ့ပါတယ္။ မက္ဆီနဲ႔ ပက္သတ္လို႔

အဂူ႐ိုဘက္က အလြန္အကြၽံမေျပာခင္မွာ လီဗာပူးနဲ႔

အာဂ်င္တီးနားၾကယ္ပြင့္ေဟာင္း မက္ဇီ႐ိုဒရီဂြက္ဇ္က “အဂူ႐ိုက အဂူ႐ိုပါ။

သူက တိတ္တိတ္ေနလို႔မရဘူး။ ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ရမွာပါ။

ေကာလဟလေတြႀကီးႀကီးမားမားထြက္ေပၚလာတာေၾကာင့္

ဒီကိစၥေျပာဖို႔ခက္တယ္။ ဘာေတြဆက္ျဖစ္မလဲေစာင့္ၾကည့္ရေအာင္။

ကြၽန္ေတာ္တို႔ကအျဖစ္မွန္ကိုေရွ႕တန္းတင္မွာ မဟုတ္ပါဘူး” လို႔

စကားလမ္းေၾကာင္းလႊဲေပးလိုက္တာျဖစ္တယ္။ မက္ဇီ႐ိုဒရီဂြက္ဇ္ကလည္း

ကစားသမားဘဝကို နယူးဝဲလ္မွာစတင္ခဲ့သူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ

ပေရာ္ဖက္ရွင္နယ္ဘဝကိုအဆုံးသတ္ခဲ့သူျဖစ္ပါတယ္။

အာဂ်င္တီးနားသတင္းစာ Ole ရဲ႕ေဖာ္ျပခ်က္အရ မက္ဆီဟာ

၁၉၉၄ ကေန ၁၉၉၉ အထိ နယူးဝဲလ္အသင္းရဲ႕ ေဘာေကာက္

လူငယ္ေလးအျဖစ္စတင္ခဲ့သလို အသင္းအတြက္ ၁၇၆ ပြဲမွာ

၂၃၄ ဂိုးအထိ သြင္းယူခဲ့တယ္လို႔သိရပါတယ္။