လိုင်လီနဲ့ပွဲစဉ်က မက်ဆီရဲ့ရင်သပ်ရှုမောဖွယ်ရာ ဖရီးကစ်အနိုင်ဂိုးအပေါ်
အမ်ဘာပီရဲ့တုံ့ပြန်ပုံနဲ့ပက်သတ်လို့ အွန်လိုင်းပေါ်မှာပွဲဆူနေခဲ့ပါတယ်။
မိနစ် ၉၀ အထိ ၃ဂိုးစီသရေကျနေတဲ့ပွဲစဉ်မှာ မက်ဆီက ပွဲချိန် ၉၅ မိနစ်ရောက်မှ
သေသပ်လွန်းတဲ့ဖရီးကစ်ကန်ချက်ကနေ ပီအက်စ်ဂျီအတွက်
အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်တယ်။ ဘလွန်းဒီအော်စံချိန်ရှင်ရဲ့
သွင်းဂိုးရရှိခဲ့ချိန်မှာ ပီအက်စ်ဂျီအသင်းသားတွေ အားပါးတရ
အောင်ပွဲခံခဲ့ကြသလို အထူးသဖြင့်တော့ အမ်ဘာပီဟာ ဒီသွင်းဂိုးကို
အရမ်းသဘောကျနှစ်ခြိုက်ခဲ့ပါတယ်။ ပြင်သစ်ကြယ်ပွင့်ဟာ မက်ဆီကို
အတင်းပွေ့ဖက်ပြီးအောင်ပွဲခံသွားခဲ့တာဖြစ်တယ်။
စူပါစတားနှစ်ယောက်ရဲ့ဆက်ဆံရေးကိုတော့ ပရိသတ်တွေက
အထူးသဘောကျခဲ့ပါတယ်။ “အမ်ဘာပီဟာ မက်ဆီကိုပွေ့ဖက်ခဲ့သလို
နောက်တစ်ကြိမ်ထပ်ပြီးပွေ့ဖက်လိုက်ပါသေးတယ်” လို့
ပရိသတ်တစ်ယောက်က မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က
“မက်ဆီက ရော်နယ်ဒို ပရိသတ်ကောင်လေးကိုနှစ်ကြိမ်ပွေ့ဖက်ခိုင်းလိုက်တယ်။
စစ်မှန်တဲ့ GOAT” လို့ တုံ့ပြန်ခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့
“မက်ဆီဂိုးသွင်းလိုက်တဲ့နောက် အချိုမြိန်ဆုံးအရာက အမ်ဘာပီရဲ့
ရူးသွပ်တဲ့တုံ့ပြန်မှုပါ။ မက်ဆီနဲ့ပက်သတ်လို့ သူမယုံနိုင်လောက်အောင်
ပျော်နေတယ်ဆိုတာ စကားလုံးတွေနဲ့ဖော်ပြလိုက်သလိုပဲ။
ဘရို…အမ်ဘာပီကို မမုန်းလိုက်ပါနဲ့။ သူက လှပတဲ့ဂိမ်းတွေအတွက်
နောက်ထပ်ကြီးမားတဲ့အရာပါ” လို့ ရေးသားသွားခဲ့တာဖြစ်တယ်။
အခြားသောပရိသတ်တွေကတော့ “အမ်ဘာပီက မက်ဆီကို
၃ကြိမ်လောက်ပွေ့ဖက်ပြီးပျော်နေတယ်ဆိုတာ မင်းသိလား” ၊
“ဘရို…မယုံနိုင်ဘူးဆိုတဲ့ပုံစံနဲ့ အမ်ဘာပီက မက်ဆီကို
ပြန်ပြီးပွေ့ဖက်ခဲ့ရတယ်” လို့ အသီးသီးမှတ်ချက်ပေးခဲ့ပါတယ်။
zawgyi
မက်ဆီရဲ့နောက်ကျဖရီးကစ်အနိုင်ဂိုးအတွက် ရူးသွပ်စွာအောင်ပွဲခံခဲ့တဲ့ အမ်ဘာပီကိုမမုန်းလိုက်ပါနဲ့လို့ ပရိသတ်တွေ တုံ့ပြန်လာ