အာဂျင်တီးနားနဲ့အတူသမိုင်းဝင်အောင်မြင်မှုရခဲ့တဲ့ မက်ဆီနဲ့ပက်သတ်လို့
ကမ္ဘာတစ်လွှားက ပရိသတ်တွေစိတ်မခိုင်ခဲ့ပါဘူး။
တက်တူးအနုပညာရှင်တွေဟာ မက်ဆီ ကမ္ဘာ့ဖလားရရှိခဲ့တဲ့နောက်
အလုပ်ဖြစ်ခဲ့ကြပြီး ပရိသတ်အများစုဟာ အာဂျင်တီးနား
ကြယ်ပွင့်နဲ့ပက်သတ်လို့ ရူးသွပ်ကုန်ကြပါတယ်။
ဒီထဲမှာ ကိုလံဘီယာသားတစ်ယောက်ဖြစ်တဲ့ မိုက်ဂျမ့်စ်က
တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူကတော့ မက်ဆီရဲ့အမည်ကို
နဖူးမှာသေရာပါ တက်တူးထိုးခဲ့တာဖြစ်တယ်။
ဒါဟာ မိုက်မဲလွန်းတယ်လို့ ဝေဖန်သူတွေရှိတဲ့ကြားက
မိုက်ဂျမ့်စ်က မရမကလုပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့
နာရီတွေကိုနောက်ပြန်လှည့်ချင်ပြီး နောင်တရမိတယ်လို့
ကာယကံရှင်က ဝန်ခံသွားပါတယ်။ သူ့အနေနဲ့ အင်စတာဂရမ်
စာမျက်နှာမှာ ထူးဆန်းတဲ့တက်တူးဗီဒီယိုဖိုင်ကို တင်ခဲ့ပြီးနောက်
ဝေဖန်ရေးသမားတွေကိုအစွမ်းကုန်ခုခံခဲ့ပါတယ်။
“ငါ ဘယ်သူ့ကိုမှမထိခိုက်ဘူး။ တရားမဝင်တာဘာမှမလုပ်ခဲ့ဘူး” လို့
တုံ့ပြန်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ နောင်တရတယ်
ဆိုတာကိုပြန်ပြီး ဝန်ခံခဲ့ပါတယ်။ “တက်တူးထိုးပြီး နောင်တ
ရမိတာကတော့ ကိုယ်ရေးကိုယ်တာတွေကိုယူဆောင်မိခဲ့တဲ့အတွက်
မိသားစုထဲမှာအပျက်သဘောဆောင်တာတွေအများကြီးဖြစ်လာတယ်။
ပထမတော့ ရက်အနည်းငယ်အကြာမှာဂုဏ်ယူမိပေမဲ့
နောက်ပိုင်းမှာတော့ မလုပ်ဖြစ်သေးတာကောင်းတယ်လို့
ထင်မိတယ်” လို့ မိုက်ဂျမ့်စ်က ဖွင့်ဟခဲ့ပါတယ်။
zawgyi
မက်ဆီရဲ့နာမည်ကိုနဖူးမှာ တက်တူးထိုးမိတဲ့အတွက်နောင်တရမိတယ်လို့ ပရိသတ်တစ်ဦး ဖွင့်ဟလာ