မက်ဆီရဲ့နည်းပြက ဖီးလ်နဗီးလ်ဆို အရယ်ရဆုံးဖြစ်မှာလို့ ပရိသတ်တွေနောင်ပြောင်နေကြ

မက်ဆီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ချိန်မှာ အင်တာမီယာမီကိုပြောင်းနိုင်တယ်လို့

သတင်းထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေဟာ အဲဒီအပေါ် ဝေဖန်နောက်ပြောင်နေကြပါတယ်။

ဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့အင်တာမီယာမီဟာ လာမယ့်လတွေမှာ

အဲဒီ Ballon d’Or ၇ ထပ်ကွမ်းကစားသမားကို ခေါ်ယူနိုင်မယ်လို့

ယုံကြည်ထားကြောင်း ဗြိတိန်အားကစားသတင်းဌာန The Athletic က ဖော်ပြခဲ့တာပါ။

ဒါပေမဲ့လည်း ဆိုရှယ်မီဒီယာပေါ်က ပရိသတ်အများစုဟာ အဲဒီသတင်းအပေါ် အနုတ်လက္ခဏာသဘောမျိုး တုံ့ပြန်နေကြပါတယ်။

သူတို့က အမေရိကန်မေဂျာလိဂ်ကို မက်ဆီပြောင်းနိုင်တဲ့အပေါ် မလိုလားကြပါဘူး။

”မက်ဆီကို ဖီးလ်နဗီးလ်ကသာ ကိုယ်တွယ်မယ်ဆို အဲဒါက ဘောလုံးအပေါ် ရာဇဝတ်မှုကျူးလွန်တာ ဖြစ်မှာပါ”လို့

ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တစ်ယောက်က တုံ့ပြန်ပါတယ်။

နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း

”ဖီးလ်နဗီးလ်က မက်ဆီကို နည်းပြမယ်ဆို အရယ်ရဆုံးအရာဖြစ်မှာ”လို့ ဆိုခဲ့တာပါ။

မန်ယူနောက်ခံလူဟောင်းဖီးလ်နဗီးလ်ဟာ ၂၀၂၁ ဇန်နဝါရီကတည်းက အင်တာမီယာမီကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့သက်တမ်းမကြာသေးတဲ့နည်းပြဘဝမှာ ဝေဖန်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရတာပါ။

သူဟာ အင်္ဂလန်အမျိုးသမီးအသင်းကို ၂၀၁၈ ဇန်နဝါရီကနေ ၂၀၂၁ ဇန်နဝါရီအထိ ကိုင်တွယ်ခဲ့ပေမယ့်

သူ့လက်ထက်မှာ အသင်းဟာ ပုံမှန်စွမ်းဆောင်မှုအောက်ရောက်နေပြီး သူမရှိတော့မှ

အင်္ဂလန်အမျိုးသမီးဟာ သမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲတစ်ရပ်မှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဖီးလ်နဗီးလ်ဟာ အင်္ဂလန်က ထွက်ခွာပြီး ရက်ပိုင်းအကြာမှာပဲ မေဂျာလိဂ်အသင်းတစ်သင်းကို ကိုင်တွယ်ခဲ့တာပါ။

ဒါပေမဲ့ သူ့ရဲ့အင်တာမီယာမီအသင်းဟာ အဲဒီနှစ်က ၁၂ ပွဲအပြီးမှာ ၂ ပွဲသာနိုင်ပြီး အဆိုးဆုံးမှတ်တမ်းရရှိခဲ့ပါတယ်။

zawgyi

မက္ဆီရဲ႕နည္းျပက ဖီးလ္နဗီးလ္ဆို အရယ္ရဆုံးျဖစ္မွာလို႔ ပရိသတ္ေတြေနာင္ေျပာင္ေနၾက

မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္းကုန္ခ်ိန္မွာ အင္တာမီယာမီကိုေျပာင္းႏိုင္တယ္လို႔

သတင္းထြက္ေပၚလာၿပီးေနာက္ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြဟာ အဲဒီအေပၚ ေဝဖန္ေနာက္ေျပာင္ေနၾကပါတယ္။

ေဒးဗစ္ဘက္ခမ္းပူးတြဲပိုင္ဆိုင္တဲ့အင္တာမီယာမီဟာ လာမယ့္လေတြမွာ

အဲဒီ Ballon d’Or ၇ ထပ္ကြမ္းကစားသမားကို ေခၚယူႏိုင္မယ္လို႔

ယုံၾကည္ထားေၾကာင္း ၿဗိတိန္အားကစားသတင္းဌာန The Athletic က ေဖာ္ျပခဲ့တာပါ။

ဒါေပမဲ့လည္း ဆိုရွယ္မီဒီယာေပၚက ပရိသတ္အမ်ားစုဟာ အဲဒီသတင္းအေပၚ အႏုတ္လကၡဏာသေဘာမ်ိဳး တုံ႔ျပန္ေနၾကပါတယ္။

သူတို႔က အေမရိကန္ေမဂ်ာလိဂ္ကို မက္ဆီေျပာင္းႏိုင္တဲ့အေပၚ မလိုလားၾကပါဘူး။

”မက္ဆီကို ဖီးလ္နဗီးလ္ကသာ ကိုယ္တြယ္မယ္ဆို အဲဒါက ေဘာလုံးအေပၚ ရာဇဝတ္မႈက်ဴးလြန္တာ ျဖစ္မွာပါ”လို႔

ဆိုရွယ္မီဒီယာေပၚက ပရိသတ္တစ္ေယာက္က တုံ႔ျပန္ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ”ဖီးလ္နဗီးလ္က မက္ဆီကို နည္းျပမယ္ဆို အရယ္ရဆုံးအရာျဖစ္မွာ”လို႔ ဆိုခဲ့တာပါ။

မန္ယူေနာက္ခံလူေဟာင္းဖီးလ္နဗီးလ္ဟာ ၂၀၂၁ ဇန္နဝါရီကတည္းက အင္တာမီယာမီကို ကိုင္တြယ္ေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ သူ႔ရဲ႕သက္တမ္းမၾကာေသးတဲ့နည္းျပဘဝမွာ ေဝဖန္မႈမ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။

သူဟာ အဂၤလန္အမ်ိဳးသမီးအသင္းကို ၂၀၁၈ ဇန္နဝါရီကေန ၂၀၂၁ ဇန္နဝါရီအထိ ကိုင္တြယ္ခဲ့ေပမယ့္

သူ႔လက္ထက္မွာ အသင္းဟာ ပုံမွန္စြမ္းေဆာင္မႈေအာက္ေရာက္ေနၿပီး သူမရွိေတာ့မွ

အဂၤလန္အမ်ိဳးသမီးဟာ သမိုင္းတစ္ေလွ်ာက္ အဓိကၿပိဳင္ပြဲတစ္ရပ္မွာ ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။

ဖီးလ္နဗီးလ္ဟာ အဂၤလန္က ထြက္ခြာၿပီး ရက္ပိုင္းအၾကာမွာပဲ ေမဂ်ာလိဂ္အသင္းတစ္သင္းကို ကိုင္တြယ္ခဲ့တာပါ။

ဒါေပမဲ့ သူ႔ရဲ႕အင္တာမီယာမီအသင္းဟာ အဲဒီႏွစ္က ၁၂ ပြဲအၿပီးမွာ ၂ ပြဲသာႏိုင္ၿပီး အဆိုးဆုံးမွတ္တမ္းရရွိခဲ့ပါတယ္။