မက်ဆီရဲ့ထူးရှယ်ကန်ချက်က Idol ကြီး ပါဘလိုအိန်းမားရဲ့ မျက်ရည်တွေကိုချူယူပြခဲ့တယ်

အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီကိုအရေးနိမ့်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ မက္ကဆီကိုနဲ့ပွဲစဉ်မှာလည်း သေလုမျောပါးရုန်းကန်သွားခဲ့ရပါတယ်။

စကာလိုနီရဲ့အသင်းဟာ ပထမပိုင်းတစ်လျှောက်လုံးစွမ်းဆောင်ရည်မကောင်းခဲ့လို့ ဒုက္ခရောက်တော့မယ်လို့ အားလုံးကတွေးထင်ခဲ့ကြပါတယ်။

ပွဲချိန် ၆၄ မိနစ်အရောက်မှာတော့ GOAT တစ်ယောက်ဖြစ်တဲ့ မက်ဆီဟာ အာဂျင်တိုင်းတွေကိုအသက်ရှုပေါက်လေးရအောင်စွမ်းဆောင်ပြခဲ့ပါတယ်။

ဒီမာရီယာပေးလိုက်တဲ့ဘောလုံးကို ၁၈ ကိုက်စည်းထိပ်မှာအသင့်စောင့်နေတဲ့ မက်ဆီက တစ်ချက်ထိန်းပြီး ဂိုးသမားအိုချိုအာရဲ့ ဘယ်ဘက်အောက်ထောင့်ထဲကိုမြေလှိမ့်

ဘောကန်သွင်းယူခဲ့ပြီး အာဂျင်တီးနားအသင်းကိုဦးဆောင်စေခဲ့ပါတယ်။ ဒီသွင်းဂိုးက ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီးမာရာဒိုနာရဲ့ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်(၈ဂိုး)နဲ့ တူညီခဲ့သလို

မက်ဆီကိုယ်တိုင်က ကောင်းကင်ထက်ကိုလက်ညှိုးညွှန်ပြီး တိုက်စစ်မှူးဟောင်းကြီးကိုဂုဏ်ပြုပေးခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာအခြေအနေတစ်ခုမှာတော့ အာဂျင်တီးနား

လက်ထောက်နည်းပြပါဘလိုအိန်းမားဟာ အရန်ခုံတန်းလျားပေါ်မှာ မျက်ရည်တွေကျနေခဲ့ပါတယ်။ မက်ဆီရဲ့သွင်းဂိုးက သူ့ရဲ့ငယ်ဘ၀ Idol ဖြစ်ခဲ့ဖူးတဲ့

အိန်းမားရဲ့တင်းခံထားတဲ့စိတ်တွေကို ထွက်ပေါက်ပေးနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၅၂ပွဲ ကစားပေးထားတဲ့ ပါဘလိုအိန်းမားဟာ

ဒီပွဲစဉ်အနိုင်ရဖို့အတွက်သံသယစိတ်တွေနဲ့စောင့်ကြည့်ခဲ့ဟန်ရှိပြီး နောက်ဆုံးမှာတော့ မက်ဆီကထုံးစံအတိုင်း အားလုံးရဲ့ချစ်ခြင်းတွေနဲ့ မျက်ရည်တွေကိုလှပတဲ့ကန်ချက်နဲ့ချူယူပြသွားနိုင်ခဲ့ပါတယ်။

(Zawgyi)

မက္ဆီရဲ႕ထူးရွယ္ကန္ခ်က္က Idol ႀကီး ပါဘလိုအိန္းမားရဲ႕ မ်က္ရည္ေတြကိုခ်ဴယူျပခဲ့တယ္

အုပ္စုအဖြင့္ပြဲမွာ ေဆာ္ဒီကိုအေရးနိမ့္ခဲ့တဲ့ အာဂ်င္တီးနားအသင္းဟာ မကၠဆီကိုနဲ႔ပြဲစဥ္မွာလည္း ေသလုေမ်ာပါး႐ုန္းကန္သြားခဲ့ရပါတယ္။ စကာလိုနီရဲ႕အသင္းဟာ

ပထမပိုင္းတစ္ေလွ်ာက္လုံးစြမ္းေဆာင္ရည္မေကာင္းခဲ့လို႔ ဒုကၡေရာက္ေတာ့မယ္လို႔ အားလုံးကေတြးထင္ခဲ့ၾကပါတယ္။ ပြဲခ်ိန္ ၆၄ မိနစ္အေရာက္မွာေတာ့ GOAT တစ္ေယာက္ျဖစ္တဲ့ မက္ဆီဟာ

အာဂ်င္တိုင္းေတြကိုအသက္ရႈေပါက္ေလးရေအာင္စြမ္းေဆာင္ျပခဲ့ပါတယ္။ ဒီမာရီယာေပးလိုက္တဲ့ေဘာလုံးကို ၁၈ ကိုက္စည္းထိပ္မွာအသင့္ေစာင့္ေနတဲ့ မက္ဆီက တစ္ခ်က္ထိန္းၿပီး

ဂိုးသမားအိုခ်ိဳအာရဲ႕ ဘယ္ဘက္ေအာက္ေထာင့္ထဲကိုေျမလွိမ့္ေဘာကန္သြင္းယူခဲ့ၿပီး အာဂ်င္တီးနားအသင္းကိုဦးေဆာင္ေစခဲ့ပါတယ္။ ဒီသြင္းဂိုးက ဂႏၲဝင္တိုက္စစ္မႉးေဟာင္းႀကီးမာရာဒိုနာရဲ႕ကမာၻ႔

ဖလားသြင္းဂိုးစံခ်ိန္(၈ဂိုး)နဲ႔ တူညီခဲ့သလို မက္ဆီကိုယ္တိုင္က ေကာင္းကင္ထက္ကိုလက္ညႇိဳးၫႊန္ၿပီး တိုက္စစ္မႉးေဟာင္းႀကီးကိုဂုဏ္ျပဳေပးခဲ့ပါတယ္။ စိတ္လႈပ္ရွားစရာအေျခအေနတစ္ခုမွာေတာ့

အာဂ်င္တီးနားလက္ေထာက္နည္းျပပါဘလိုအိန္းမားဟာ အရန္ခုံတန္းလ်ားေပၚမွာ မ်က္ရည္ေတြက်ေနခဲ့ပါတယ္။ မက္ဆီရဲ႕သြင္းဂိုးက သူ႔ရဲ႕ငယ္ဘ၀ Idol ျဖစ္ခဲ့ဖူးတဲ့

အိန္းမားရဲ႕တင္းခံထားတဲ့စိတ္ေတြကို ထြက္ေပါက္ေပးႏိုင္ခဲ့ပါတယ္။ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ ၅၂ပြဲ ကစားေပးထားတဲ့

ပါဘလိုအိန္းမားဟာ ဒီပြဲစဥ္အႏိုင္ရဖို႔အတြက္သံသယစိတ္ေတြနဲ႔ေစာင့္ၾကည့္ခဲ့ဟန္ရွိၿပီး ေနာက္ဆုံးမွာေတာ့

မက္ဆီကထုံးစံအတိုင္း အားလုံးရဲ႕ခ်စ္ျခင္းေတြနဲ႔ မ်က္ရည္ေတြကိုလွပတဲ့ကန္ခ်က္နဲ႔ခ်ဴယူျပသြားႏိုင္ခဲ့ပါတယ္။