မက်ဆီရဲ့စံချိန်နှစ် ဆုံးရှုံးခဲ့ရပြီး နောက်တစ်ရက်မှာပဲ စီရော်နယ်ဒိုရဲ့စံချိန်တစ်ခုပါ ဆုံးရှုံးခဲ့ရ

စီရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ပြီးခဲ့တဲ့စနေ၊တနင်္ဂနွေမှာ သူတို့ရဲ့တစ်ဦးချင်း

စံချိန်မှတ်တမ်းအချို့ လိုက်မီချိုးဖျက်ခံခဲ့ရတာကို တွေ့မြင်ခဲ့ကြရပါတယ်။

မက်ဆီရဲ့စံချိန်နှစ် ဆုံးရှုံးခဲ့ရပြီး နောက်တစ်ရက်မှာပဲ

စီရော်နယ်ဒိုရဲ့စံချိန်တစ်ခု ဆုံးရှုံးခဲ့ရတာပါ။

အဲဒီပေါ်တူဂီစူပါစတားဟာ ၁၉၆၀ နောက်ပိုင်း ပြက္ခဒိန်တစ်နှစ်တာအတွင်း

စီးရီးအေသွင်းဂိုးအများဆုံးအဖြစ် ၃၃ ဂိုးနဲ့ စံချိန်တင်ထားပေမယ့်

အဲဒီစံချိန်ကို ဖီအိုရင်တီးနားတိုက်စစ်မှုးဗလာဟိုဗစ်က လိုက်မီခဲ့ပါတယ်။

ဗလာဟိုဗစ်ဟာ ဆက်ဆူအိုလိုနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ

ဒီရာသီ သူ့ရဲ့ ၁၆ ဂိုးမြောက်ကိုသွင်းယူနိုင်ခဲ့ပြီး ပြက္ခဒိန်တစ်နှစ်တာအတွင်းမှာဆို

သူ့ရဲ့စီးရီးအေ ၃၃ ဂိုးမြောက်ပါ။ ပြီးခဲ့တဲ့စနေမှာလည်း မက်ဆီဟာ

စံချိန်နှစ်ခုဆုံးရှုံးခဲ့ရပြီး ဘာစီလိုနာရဲ့အသက်အငယ်ဆုံးဂိုးသွင်းစာရင်းမှာ

ထိပ်ဆုံး ၃ ယောက်ထဲ မဝင်တော့သလို ပြက္ခဒိန်တစ်နှစ်တာအတွင်း

ဂိုးဖန်တီးမှုအများဆုံးသူလည်း မဟုတ်တော့ပါဘူး။

ဂါဗီက အယ်ချီကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအတွက်

သူ့ရဲ့ပထမဆုံးဂိုးကိုသွင်းပေးနိုင်ခဲ့တာဖြစ်ပြီး ၁၇ နှစ် ၁၃၅ ရက်နဲ့

အသင်းသမိုင်းတစ်လျှောက် တတိယအသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့တာပါ။

ဂါဗီဟာ ၁၉၆ ရက် ပိုငယ်ပြီးတော့ မက်ဆီရဲ့စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့စနေမှာပဲ အေဂျက်က တာဒစ်ဟာ ပြက္ခဒိန်တစ်နှစ်တာအတွင်း

ဂိုးဖန်တီးပေးမှုအများဆုံးမှာ မက်ဆီရဲ့စံချိန်ကို ချိုးခဲ့ပါတယ်။

တာဒစ်ဟာ အယ်ခမာနဲ့ပွဲမှာ ၂၀၂၁ အတွင်း သူ့ရဲ့ဂိုးဖန်တီးပေးမှု ၃၇ ကြိမ်မြောက်ကို

ရရှိခဲ့တာဖြစ်ပြီး ဂိုးဖန်တီးမှုမှာ ကမ္ဘာ့စံချိန်တင်ခဲ့တာပါ။

ဒါပေမဲ့ မက်ဆီရဲ့ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက်

ဂိုးအများဆုံးသွင်းသူဆိုတဲ့စံချိန်ကိုတော့ ဘယ်သူမှ ချိုးနိုင်ဖွယ်မရှိပါဘူး။

သူဟာ အနှစ် ၂၀ ကြာ ဘာစီလိုနာကစားသမားဘဝမှာ ၆၇၂ ဂိုးတောင်

သွင်းနိုင်ခဲ့တာဖြစ်ပြီး ကလပ်သမိုင်းရဲ့ဂိုးသွင်းအများဆုံးသူတွေထဲက

ဒုတိယ၊ တတိယနဲ့ စတုတ္ထတို့ ၃ ယောက်ပေါင်းထက်တောင် ပိုများပါတယ်။

zawgyi

မက္ဆီရဲ႕စံခ်ိန္ႏွစ္ ဆုံးရႈံးခဲ့ရၿပီး ေနာက္တစ္ရက္မွာပဲ စီေရာ္နယ္ဒိုရဲ႕စံခ်ိန္တစ္ခုပါ ဆုံးရႈံးခဲ့ရ

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ဟာ ၿပီးခဲ့တဲ့စေန၊တနဂၤေႏြမွာ သူတို႔ရဲ႕တစ္ဦးခ်င္း

စံခ်ိန္မွတ္တမ္းအခ်ိဳ႕ လိုက္မီခ်ိဳးဖ်က္ခံခဲ့ရတာကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။

မက္ဆီရဲ႕စံခ်ိန္ႏွစ္ ဆုံးရႈံးခဲ့ရၿပီး ေနာက္တစ္ရက္မွာပဲ

စီေရာ္နယ္ဒိုရဲ႕စံခ်ိန္တစ္ခု ဆုံးရႈံးခဲ့ရတာပါ။

အဲဒီေပၚတူဂီစူပါစတားဟာ ၁၉၆၀ ေနာက္ပိုင္း ျပကၡဒိန္တစ္ႏွစ္တာအတြင္း

စီးရီးေအသြင္းဂိုးအမ်ားဆုံးအျဖစ္ ၃၃ ဂိုးနဲ႔ စံခ်ိန္တင္ထားေပမယ့္

အဲဒီစံခ်ိန္ကို ဖီအိုရင္တီးနားတိုက္စစ္မႈးဗလာဟိုဗစ္က လိုက္မီခဲ့ပါတယ္။

ဗလာဟိုဗစ္ဟာ ဆက္ဆူအိုလိုနဲ႔ ၂ ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ

ဒီရာသီ သူ႔ရဲ႕ ၁၆ ဂိုးေျမာက္ကိုသြင္းယူႏိုင္ခဲ့ၿပီး ျပကၡဒိန္တစ္ႏွစ္တာအတြင္းမွာဆို

သူ႔ရဲ႕စီးရီးေအ ၃၃ ဂိုးေျမာက္ပါ။ ၿပီးခဲ့တဲ့စေနမွာလည္း မက္ဆီဟာ

စံခ်ိန္ႏွစ္ခုဆုံးရႈံးခဲ့ရၿပီး ဘာစီလိုနာရဲ႕အသက္အငယ္ဆုံးဂိုးသြင္းစာရင္းမွာ

ထိပ္ဆုံး ၃ ေယာက္ထဲ မဝင္ေတာ့သလို ျပကၡဒိန္တစ္ႏွစ္တာအတြင္း

ဂိုးဖန္တီးမႈအမ်ားဆုံးသူလည္း မဟုတ္ေတာ့ပါဘူး။

ဂါဗီက အယ္ခ်ီကို ၃-၂ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဘာစီလိုနာအတြက္

သူ႔ရဲ႕ပထမဆုံးဂိုးကိုသြင္းေပးႏိုင္ခဲ့တာျဖစ္ၿပီး ၁၇ ႏွစ္ ၁၃၅ ရက္နဲ႔

အသင္းသမိုင္းတစ္ေလွ်ာက္ တတိယအသက္အငယ္ဆုံးဂိုးသြင္းသူ ျဖစ္လာခဲ့တာပါ။

ဂါဗီဟာ ၁၉၆ ရက္ ပိုငယ္ၿပီးေတာ့ မက္ဆီရဲ႕စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့စေနမွာပဲ ေအဂ်က္က တာဒစ္ဟာ ျပကၡဒိန္တစ္ႏွစ္တာအတြင္း

ဂိုးဖန္တီးေပးမႈအမ်ားဆုံးမွာ မက္ဆီရဲ႕စံခ်ိန္ကို ခ်ိဳးခဲ့ပါတယ္။

တာဒစ္ဟာ အယ္ခမာနဲ႔ပြဲမွာ ၂၀၂၁ အတြင္း သူ႔ရဲ႕ဂိုးဖန္တီးေပးမႈ ၃၇ ႀကိမ္ေျမာက္ကို

ရရွိခဲ့တာျဖစ္ၿပီး ဂိုးဖန္တီးမႈမွာ ကမာၻ႔စံခ်ိန္တင္ခဲ့တာပါ။

ဒါေပမဲ့ မက္ဆီရဲ႕ဘာစီလိုနာအသင္းသမိုင္းတစ္ေလွ်ာက္

ဂိုးအမ်ားဆုံးသြင္းသူဆိုတဲ့စံခ်ိန္ကိုေတာ့ ဘယ္သူမွ ခ်ိဳးႏိုင္ဖြယ္မရွိပါဘူး။

သူဟာ အႏွစ္ ၂၀ ၾကာ ဘာစီလိုနာကစားသမားဘဝမွာ ၆၇၂ ဂိုးေတာင္

သြင္းႏိုင္ခဲ့တာျဖစ္ၿပီး ကလပ္သမိုင္းရဲ႕ဂိုးသြင္းအမ်ားဆုံးသူေတြထဲက

ဒုတိယ၊ တတိယနဲ႔ စတုတၳတို႔ ၃ ေယာက္ေပါင္းထက္ေတာင္ ပိုမ်ားပါတယ္။