





ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပိုလန်လူမျိုးကွင်းလယ်ဒိုင်
မာစီနီရက်ခ်က မက်ဆီရဲ့အချိန်ပိုသွင်းဂိုးမှာ အာဂျင်တီးနားကစားသမား





နှစ်ဦးကွင်းထဲရောက်ခဲ့သလို အမ်ဘာပီရဲ့ တတိယချေပဂိုးမှာလည်း
ပြင်သစ်ကစားသမား ၇ ဦးအထိကွင်းထဲရောက်နေခဲ့တာကို
သက်သေပြသွားခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ မက်ဆီသွင်းဂိုးကို





ပယ်ဖျက်မယ်ဆိုရင် ပြင်သစ်ရဲ့နောက်ဆုံးသွင်းဂိုးကိုလည်း
ပယ်ဖျက်ရမှာဖြစ်တယ်။ လူအများကတော့ လော်တာရိုရဲ့ကန်ချက်ကို





မက်ဆီပိတ်သွင်းခဲ့ပြီး ဘောလုံးစည်းမကျော်ချိန်မှာ အာဂျင်တီးနား
ကစားသမားနှစ်ယောက်ကွင်းထဲရောက်နေခဲ့လို့ အဲ့ဒီသွင်းဂိုးကို
ပယ်ချသင့်တယ်လို့ ခံစားနေကြတာဖြစ်တယ်။ IFAB ရဲ့ဥပဒေတွေကတော့





လူပိုတစ်ယောက်ရှိနေမယ်ဆိုရင် ဒိုင်လူကြီးက ဒီဂိုးကိုခွင့်မပြုဘူးလို့
သတ်မှတ်ထားသလို ပြင်သစ်သတင်းစာ L’Equipe က





သွင်းဂိုးတရားမဝင်ပုံနဲ့ပတ်သတ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါနဲ့ပတ်သတ်လို့ ကွင်းလယ်ဒိုင် မာစီနီရက်ခ်ကနောက်မဆုတ်ခဲ့ဘဲ
မီဒီယာတွေ့ဆုံပွဲတစ်ခုပြုလုပ်ကာ အမ်ဘာပီပင်နယ်တီကန်ဖို့





လုပ်နေချိန်ကွင်းဘေးက ပြင်သစ်ကစားသမား ၇ဦးအထိ
ကွင်းထဲရောက်လာပုံကို သူ့ရဲ့ဖုန်းထဲကနေထုတ်ပြသွားခဲ့တာဖြစ်တယ်။





“ပြင်သစ်က ဒီဓာတ်ပုံကိုကျတော့မဖော်ပြပါဘူး။
အမ်ဘာပီ ဂိုးသွင်းတဲ့အချိန်မှာ ပြင်သစ်သား ၇ယောက်
ဘယ်လိုရှိနေတယ်ဆိုတာကို ခင်ဗျားတို့မြင်နိုင်ပါတယ်” လို့





မာစီနီရက်ခ်က ပြောဆိုလိုက်ပါတယ်။ ပြင်သစ်လူမျိုးတွေဟာ
ဖိုင်နယ်အရှုံးကိုလက်သင့်မခံသေးဘဲ ပြန်ကစားဖို့အတွက်





အသနားခံစာတင်သွင်းရာမှာ ထောက်ခံသူလက်မှတ်ပေါင်း
၂၀၀၀၀၀ ကျော်အထိရရှိထားတာဖြစ်တယ်။





zawgyi
မက္ဆီရဲ႕ဂိုးခြင့္မျပဳသင့္ရင္ ျပင္သစ္ရဲ႕ေနာက္ဆုံးဂိုးကိုလည္း ပယ္ဖ်က္ရလိမ့္မယ္လို႔ ကြင္းလယ္ဒိုင္ မာစီနီရက္ခ္ တုံ႔ျပန္





ကမာၻ႔ဖလားဗိုလ္လုပြဲကိုတာဝန္ယူကိုင္တြယ္ခဲ့တဲ့ ပိုလန္လူမ်ိဳးကြင္းလယ္ဒိုင္
မာစီနီရက္ခ္က မက္ဆီရဲ႕အခ်ိန္ပိုသြင္းဂိုးမွာ အာဂ်င္တီးနားကစားသမား
ႏွစ္ဦးကြင္းထဲေရာက္ခဲ့သလို အမ္ဘာပီရဲ႕ တတိယေခ်ပဂိုးမွာလည္း





ျပင္သစ္ကစားသမား ၇ ဦးအထိကြင္းထဲေရာက္ေနခဲ့တာကို
သက္ေသျပသြားခဲ့ပါတယ္။ ဆိုလိုခ်င္တာကေတာ့ မက္ဆီသြင္းဂိုးကို





ပယ္ဖ်က္မယ္ဆိုရင္ ျပင္သစ္ရဲ႕ေနာက္ဆုံးသြင္းဂိုးကိုလည္း
ပယ္ဖ်က္ရမွာျဖစ္တယ္။ လူအမ်ားကေတာ့ ေလာ္တာ႐ိုရဲ႕ကန္ခ်က္ကို
မက္ဆီပိတ္သြင္းခဲ့ၿပီး ေဘာလုံးစည္းမေက်ာ္ခ်ိန္မွာ အာဂ်င္တီးနား





ကစားသမားႏွစ္ေယာက္ကြင္းထဲေရာက္ေနခဲ့လို႔ အဲ့ဒီသြင္းဂိုးကို
ပယ္ခ်သင့္တယ္လို႔ ခံစားေနၾကတာျဖစ္တယ္။ IFAB ရဲ႕ဥပေဒေတြကေတာ့





လူပိုတစ္ေယာက္ရွိေနမယ္ဆိုရင္ ဒိုင္လူႀကီးက ဒီဂိုးကိုခြင့္မျပဳဘူးလို႔
သတ္မွတ္ထားသလို ျပင္သစ္သတင္းစာ L’Equipe က
သြင္းဂိုးတရားမဝင္ပုံနဲ႔ပတ္သတ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။





ဒါနဲ႔ပတ္သတ္လို႔ ကြင္းလယ္ဒိုင္ မာစီနီရက္ခ္ကေနာက္မဆုတ္ခဲ့ဘဲ
မီဒီယာေတြ႕ဆုံပြဲတစ္ခုျပဳလုပ္ကာ အမ္ဘာပီပင္နယ္တီကန္ဖို႔





လုပ္ေနခ်ိန္ကြင္းေဘးက ျပင္သစ္ကစားသမား ၇ဦးအထိ
ကြင္းထဲေရာက္လာပုံကို သူ႔ရဲ႕ဖုန္းထဲကေနထုတ္ျပသြားခဲ့တာျဖစ္တယ္။
“ျပင္သစ္က ဒီဓာတ္ပုံကိုက်ေတာ့မေဖာ္ျပပါဘူး။





အမ္ဘာပီ ဂိုးသြင္းတဲ့အခ်ိန္မွာ ျပင္သစ္သား ၇ေယာက္
ဘယ္လိုရွိေနတယ္ဆိုတာကို ခင္ဗ်ားတို႔ျမင္ႏိုင္ပါတယ္” လို႔





မာစီနီရက္ခ္က ေျပာဆိုလိုက္ပါတယ္။ ျပင္သစ္လူမ်ိဳးေတြဟာ
ဖိုင္နယ္အရႈံးကိုလက္သင့္မခံေသးဘဲ ျပန္ကစားဖို႔အတြက္
အသနားခံစာတင္သြင္းရာမွာ ေထာက္ခံသူလက္မွတ္ေပါင္း





၂၀၀၀၀၀ ေက်ာ္အထိရရွိထားတာျဖစ္တယ္။