မက်ဆီပေးတဲ့ လက်ဆောင်လေးကို အမြတ်တနိုးဝတ်ဆင်နေဆဲဖြစ်တဲ့ ကော်တင်ညို

အက်စတွန်ဗီလာ ကွင်းလယ်လူ ကော်တင်ညိုဟာ

လွန်ခဲ့တဲ့ ၃နှစ်က ဘာစီလိုနာအသင်းဖော်ဟောင်း
မက်ဆီ လက်ဆောင်အဖြစ် ပေးထားတဲ့
အနီရောင်လက်ပတ်လေးကို အခုချိန်အထိ
ဝတ်ဆင်နေဆဲဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်အဖြစ်

အိုက်စလန်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ
ပင်နယ်တီမဝင်ခဲ့လို့ ပွဲအပြီးမှာ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့
ပန်တာရော့တာက မက်ဆီကို ကံကောင်းစေတတ်တဲ့
အဆောင်လက်ဖွဲ့အဖြစ် အနီရောင်ဖဲကြိုးလေး ပေးခဲ့တာပါ။


မက်ဆီဟာ နိုင်ဂျီးရီးယားနဲ့ပွဲမှာ အထူးခြေစွမ်းပြကာ
အသင်းကို နောက်တစ်ဆင့်တက်ရောက်စေခဲ့ပြီးနောက်
တစ်နိုင်ငံတည်းသား ပန်တာရော့တာ ပေးထားတဲ့

အဆောင်လက်ဖွဲ့ကို ခြေအိတ်ထဲ ထည့်ကစားခဲ့တဲ့အကြောင်း
အသိပေးခဲ့ပါတယ်။
အဲဒီနောက် လအနည်းငယ်အကြာမှာ
မက်ဆီဟာ ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့
ကော်တင်ညိုကို ပုံမှန်ခြေစွမ်းပြန်ရစေချင်တဲ့

စိတ်နဲ့အတူ အဲဒီအနီရောင်လက်ဖွဲ့ လက်ပတ်ကြိုးလေး
လက်ဆောင်ပြန်ပေးခဲ့သလို ယုံကြည်မှု
ပြန်ရစေဖို့ ပင်နယ်တီပါ ပေးကန်ခဲ့ပါတယ်။

ကော်တင်ညိုကလည်း မက်ဆီ ပေးတဲ့
လက်ဆောင်ကို အခုချိန်အထိ တန်ဖိုးထား
ဝတ်ဆင်နေဆဲဖြစ်ပြီး ဗီလာအသင်းသားအဖြစ်
မီဒီယာတွေနဲ့မိတ်ဆက်ပွဲမှာလည်း အဲဒီလက်ပတ်လေးကို
ဘက်ဘက်လက်မှာ ဝတ်ဆင်ထားခဲ့ပါတယ်။

ကော်တင်ညိုဟာ အက်စတွန်ဗီလာမှာ
လီဗာပူးအသင်းဖော်ဟောင်း ဂျရတ်နဲ့
ပြန်လည်လက်တွဲရမှာဖြစ်ပြီး ဗီလာနည်းပြ
ဂျရတ်က အဲဗာတန်ဘယ်နောက်ခံလူ
ဒစ်ဂ်နီကို ပေါင် ၂၅သန်းနဲ့ ခေါ်ယူထားပါတယ်။