မက်ဆီနှင့်တွဲကစားလိုမှုကြောင့် ဂျူဗင်တပ်ရဲ့ကမ်းလှမ်းများကိုပယ်ချကာ ဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့တဲ့ အဂွဲရိုး

ဆာဂျီယိုအဂွဲရိုးဟာဘာစီလိုနာသို့ပြောင်းရွှေ့ကာလီယွန်နယ်မက်ဆီနှင့်

တွဲကစားလိုမှုကြောင့်ဂျူဗင်တပ်အသင်းရဲ့ကမ်းလှမ်းမှုများကိုနှစ်ကြိမ်တိုင်တိုင်

ပယ်ချမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ Sport.Es ရဲ့ဖော်ပြချက်အရအသက်၃၃နှစ်ရှိ

အာဂျင်တီးနားတိုက်စစ်မှူးဟာ လွန်ခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်များကတည်းက

ဂျူဗင်တပ်ရဲ့ပစ်မှတ်ထားခြင်းခံလာခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်လည်း ဂျူဗင်တပ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက အဂွဲရိုးကို

နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်ပယ်ချခြင်းခံခဲ့ရပါတယ်။

အဂွဲရိုးဟာအာဂျင်တီးနားကစားဖော်လီယွန်နယ်မက်ဆီနှင့်တွဲကစားလိုမှုကြောင့်

ဂျူဗင်တပ်ရဲ့ကမ်းလှမ်းများကိုပယ်ချကာဘာစီလိုနာသို့ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် အဂွဲရိုးအတွက်ကံဆိုးတာကတော့လီယွန်နယ်မက်ဆီဟာ

ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားပေမယ့်လည်း

လာလီဂါရဲ့အသုံးစရိတ်ကန့်သတ်ခြင်းခံရမှုကြောင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိမှုနဲ့အတူ

ပီအက်စ်ဂျီသို့ပြောင်းသွားခဲ့ပါတယ်။ အဂွဲရိုးဟာမက်ဆီနှင့် တွဲကစားလိုကြောင့်

ဘာစီလိုနာသို့ပြောင်းခဲ့မှုမှာထင်သလိုမဖြစ်လာပေမယ့်

ဘာစီလိုနာသို့ပြောင်းခဲ့မှုအတွက်နောင်တမရပါဘူး။

သူဟာဘာစီလိုနာသို့ရောက်လာပြီးနောက် ဒဏ်ရာပြဿနာနှင့်ကြုံရမှုနဲ့အတူ

အသင်းအတွက်တစ်ပွဲမျှမကစားရသေးပါဘူး။ ဒါပေမယ့် သူဟာ ယခုအခါဒဏ်ရာမှ

ပြန်လည်ကောင်းမွန်ကာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်တာကြောင့်

ဘာစီလိုနာအတွက်ပထမဆုံးပွဲကစားနိုင်ရန်နီးစပ်နေပြီဖြစ်ပါတယ်။

zawgyi

မက္ဆီႏွင့္တြဲကစားလိုမႈေၾကာင့္ ဂ်ဴဗင္တပ္ရဲ႕ကမ္းလွမ္းမ်ားကိုပယ္ခ်ကာ ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ခဲ့တဲ့ အဂြဲ႐ိုး

ဆာဂ်ီယိုအဂြဲ႐ိုးဟာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကာလီယြန္နယ္မက္ဆီႏွင့္

တြဲကစားလိုမႈေၾကာင့္ဂ်ဴဗင္တပ္အသင္းရဲ႕ကမ္းလွမ္းမႈမ်ားကိုႏွစ္ႀကိမ္တိုင္တိုင္

ပယ္ခ်မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။ Sport.Es ရဲ႕ေဖာ္ျပခ်က္အရအသက္၃၃ႏွစ္ရွိ

အာဂ်င္တီးနားတိုက္စစ္မႉးဟာ လြန္ခဲ့တဲ့အေျပာင္းအေ႐ႊ႕ေဈးကြက္မ်ားကတည္းက

ဂ်ဴဗင္တပ္ရဲ႕ပစ္မွတ္ထားျခင္းခံလာခဲ့ရသူျဖစ္ပါတယ္။ဒါေၾကာင့္လည္

းဂ်ဴဗင္တပ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းက အဂြဲ႐ိုးကို

ႏွစ္ႀကိမ္တိုင္တိုင္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေပမယ့္ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

အဂြဲ႐ိုးဟာအာဂ်င္တီးနားကစားေဖာ္လီယြန္နယ္မက္ဆီႏွင့္တြဲကစားလိုမႈေၾကာင့္

ဂ်ဴဗင္တပ္ရဲ႕ကမ္းလွမ္းမ်ားကိုပယ္ခ်ကာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ဒါေပမယ့္ အဂြဲ႐ိုးအတြက္ကံဆိုးတာကေတာ့လီယြန္နယ္မက္ဆီဟာ

ဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားေပမယ့္လည္

းလာလီဂါရဲ႕အသုံးစရိတ္ကန႔္သတ္ျခင္းခံရမႈေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိမႈနဲ႔အတူ

ပီအက္စ္ဂ်ီသို႔ေျပာင္းသြားခဲ့ပါတယ္။ အဂြဲ႐ိုးဟာမက္ဆီႏွင့္ တြဲကစားလိုေၾကာင့္

ဘာစီလိုနာသို႔ေျပာင္းခဲ့မႈမွာထင္သလိုမျဖစ္လာေပမယ့္

ဘာစီလိုနာသို႔ေျပာင္းခဲ့မႈအတြက္ေနာင္တမရပါဘူး။

သူဟာဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္ ဒဏ္ရာျပႆနာႏွင့္ႀကဳံရမႈနဲ႔အတူ

အသင္းအတြက္တစ္ပြဲမွ်မကစားရေသးပါဘူး။ ဒါေပမယ့္ သူဟာ ယခုအခါဒဏ္ရာမွ

ျပန္လည္ေကာင္းမြန္ကာေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္တာေၾကာင့္

ဘာစီလိုနာအတြက္ပထမဆုံးပြဲကစားႏိုင္ရန္နီးစပ္ေနၿပီျဖစ္ပါတယ္။