မက်ဆီနဲ့ သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းတွေကို ခေါ်ယူဖို့ ရည်မှန်းချက်ကြီးကြီးထားနေတဲ့ အင်တာမိုင်ယာမီ

သတင်းတွေရဲ့ဖော်ပြချက်အရ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ

သူ့ရဲ့ကလပ် အင်တာမိုင်ယာမီအသင်းအတွက် ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့
သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း ၃ဦးတို့ကို ခေါ်ယူဖို့ ရည်မှန်းချက်
ကြီးကြီးထားရှိထားတယ်လို့ သိရပါတယ်။
ဘက်ခမ်းရဲ့ကြီးမားတဲ့အိပ်မက်မှာ ဘာစီလိုနာကနေ
ပီအက်စ်ဂျီကို ရောက်လာပြီးနောက် ပုံမှန်ခြေစွမ်းရဖို့

ရုန်းကန်နေရတဲ့မက်ဆီက အဓိကနေရာကနေ ပါဝင်နေပါတယ်။
ရွှေဘောလုံးဆု ၇ကြိမ်ရရှိထားတဲ့ မက်ဆီဟာ
ချန်ပီယံလိဂ်မှာ ရီးရဲလ်ကို အရေးနိမ့်ကာ
ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပီအက်စ်ဂျီပရိသတ်တွေရဲ့
လှောင်ပြောင်အော်ဟစ်ခြင်း ခံခဲ့ရပါတယ်။

သူဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၃-၂၄ ရာသီကုန်အထိ
ရှိမယ့် ၂နှစ်စာချုပ်ချုပ်ဆိုထားပေမယ့် မာကာသတင်းစာရဲ့
ဖော်ပြချက်အရ အင်တာမိုင်ယာမီအသင်းက
၂၀၂၃-၂၄ ရာသီမတိုင်ခင် မက်ဆီကို
ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘက်ခမ်းဟာ ယခုရာသီအကုန်မှာ
အက်သလက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်
တိုက်စစ်မှူး ဆွာရက်ဇ်ကိုလည်း ခေါ်ယူဖို့
စိတ်ဝင်စားနေပြီး ဆွာရက်ဇ်က ယခုရာသီအကုန်မှာ
အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပါတယ်။

အင်တာမိုင်ယာမီ ပူးတွဲအသင်းပိုင်ရှင်ဟာ
လက်ရှိဘာစီလိုနာအသင်းသားတွေဖြစ်တဲ့ ကွင်းလယ်လူ
ဘူးစ်ကွက်နဲ့ ဘယ်နောက်ခံလူ အယ်လ်ဘာတို့ကိုလည်း
ခေါ်ယူဖို့ ပြင်ဆင်နေပြီး ကစားသမား ၄ဦးစလုံးက
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ရေးအတွက်

ကမ္ဘာ့ဖလားမတိုင်ခင်အထိ ဥရောပမှာ ဆက်လက်
ကစားချင်နေလို့ ဘက်ခမ်းအနေနဲ့ ၂၀၂၃-၂၄ ရာသီအတွက်
ခေါ်ယူဖို့သာ ပြင်ဆင်နေတာဖြစ်ပါတယ်။

Zawgyi

မက္ဆီနဲ႔ သူ႕ရဲ႕ဘာစီလုိနာအသင္းေဖာ္ေဟာင္းေတြကို ေခၚယူဖို႔ ရည္မွန္းခ်က္ႀကီးႀကီးထားေနတဲ့ အင္တာမိုင္ယာမီ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းဟာ
သူ႕ရဲ႕ကလပ္ အင္တာမုိင္ယာမီအသင္းအတြက္ ပီအက္စ္ဂ်ီတုိက္စစ္မွဴး မက္ဆီနဲ႔
သူ႕ရဲ႕ဘာစီလုိနာအသင္းေဖာ္ေဟာင္း ၃ဦးတို႔ကို ေခၚယူဖို႔ ရည္မွန္းခ်က္

ႀကီးႀကီးထားရွိထားတယ္လုိ႔ သိရပါတယ္။
ဘက္ခမ္းရဲ႕ႀကီးမားတဲ့အိပ္မက္မွာ ဘာစီလိုနာကေန
ပီအက္စ္ဂ်ီကို ေရာက္လာၿပီးေနာက္ ပုံမွန္ေျခစြမ္းရဖို႔
ရုန္းကန္ေနရတဲ့မက္ဆီက အဓိကေနရာကေန ပါ၀င္ေနပါတယ္။
ေရႊေဘာလုံးဆု ၇ႀကိမ္ရရွိထားတဲ့ မက္ဆီဟာ

ခ်န္ပီယံလိဂ္မွာ ရီးရဲလ္ကို အေရးနိမ့္ကာ
ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးေနာက္ ပီအက္စ္ဂ်ီပရိသတ္ေတြရဲ႕
ေလွာင္ေျပာင္ေအာ္ဟစ္ျခင္း ခံခဲ့ရပါတယ္။
သူဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ၂၀၂၃-၂၄ ရာသီကုန္အထိ
ရွိမယ့္ ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိထားေပမယ့္ မာကာသတင္းစာရဲ႕

ေဖာ္ျပခ်က္အရ အင္တာမိုင္ယာမီအသင္းက
၂၀၂၃-၂၄ ရာသီမတိုင္ခင္ မက္ဆီကို
ေခၚယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သိရပါတယ္။
ဒါ့အျပင္ ဘက္ခမ္းဟာ ယခုရာသီအကုန္မွာ
အက္သလက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္

တုိက္စစ္မွဴး ဆြာရက္ဇ္ကိုလည္း ေခၚယူဖုိ႔
စိတ္၀င္စားေနၿပီး ဆြာရက္ဇ္က ယခုရာသီအကုန္မွာ
အသင္းကေန ထြက္ခြာဖုိ႔ ဆႏၵျပင္းျပေနပါတယ္။
အင္တာမိုင္ယာမီ ပူးတြဲအသင္းပိုင္ရွင္ဟာ
လက္ရွိဘာစီလုိနာအသင္းသားေတြျဖစ္တဲ့ ကြင္းလယ္လူ

ဘူးစ္ကြက္နဲ႔ ဘယ္ေနာက္ခံလူ အယ္လ္ဘာတုိ႔ကိုလည္း
ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ကစားသမား ၄ဦးစလုံးက
ကာတာကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါ၀င္ႏိုင္ေရးအတြက္
ကမၻာ့ဖလားမတုိင္ခင္အထိ ဥေရာပမွာ ဆက္လက္
ကစားခ်င္ေနလုိ႔ ဘက္ခမ္းအေနနဲ႔ ၂၀၂၃-၂၄ ရာသီအတြက္

ေခၚယူဖုိ႔သာ ျပင္ဆင္ေနတာျဖစ္ပါတယ္။