
ဘယ်တော့မှရပ်တန့်မှာမဟုတ်တဲ့ GOAT စစ်ထိုးပွဲအမေးဟာ ရိုးမားနည်းပြ





မော်ရင်ဟိုအတွက်တော့ ခေါင်းကိုက်စရာမရှိခဲ့ပါဘူး။
မက်ဆီနဲ့ ရော်နယ်ဒိုကြားမှာ ထာဝရအကောင်းဆုံးနဲ့ပက်သတ်တဲ့





ငြင်းခုန်မှုတွေရှိနေဆဲဖြစ်ပေမဲ့ စပါယ်ရှယ်ဝမ်းကတော့ ဘာစီလိုနာ၊
အင်တာမီလန်နဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရိုနယ်ဒိုနာဇာရီယိုကသာ
GOAT ဖြစ်တယ်လို့ အဖြေပေးခဲ့ပါတယ်။ မော်ရင်ဟိုဟာ





ဘာစီလိုနာမှာရှိစဉ်ကာလအတွင်း ဘရာဇီးကြယ်ပွင့်နဲ့
တွေ့ဆုံခဲ့တာဖြစ်ပြီး ၁၉နှစ်သား ရိုနယ်ဒိုရဲ့ခြေစွမ်းပြက





မယုံနိုင်စရာကောင်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘရာဇီးသားဟာ အသက် ၂၂နှစ်အရွယ်မှာ ဖီဖာရဲ့တစ်နှစ်တာ
အကောင်းဆုံးဆုကို ၂ကြိမ်အထိရယူနိုင်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေရဲ့





ထိုးနှက်ချက်ကြောင့်ကစားသမားဘဝသက်တမ်းတိုတောင်းခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုကိုယ်တိုင်က သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဟာ





ဒူးတစ်ဖက်နဲ့ဘောလုံးကစားနေသူလို့တင်စားရတဲ့အထိ
ရိုနယ်ဒိုရဲ့ဒူးဒဏ်ရာကဆိုးရွားလွန်းခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ကလပ်အသင်းတွေအတွက် ၅၁၈ပွဲမှာ ၃၅၂ ဂိုးအထိ





သွင်းနိုင်ခဲ့တဲ့ ရိုနယ်ဒိုသာဒဏ်ရာကင်းစင်ခဲ့မယ်ဆိုရင်
ဒီထက်ပိုလုပ်ပြနိုင်မယ်လို့ မော်ရင်ဟိုကယုံကြည်နေပါတယ်။





“မက်ဆီနဲ့ ခရစ္စတီယာနိုတို့ရဲ့ ပရော်ဖက်ရှင်နယ်သက်တမ်းက
ပိုရှည်လျားခဲ့ပြီး ၁၅နှစ်ကြာအထိ ထိပ်ဆုံးအဆင့်မှာရှိနေခဲ့တယ်။
ကျွမ်းကျင်မှုနဲ့ အရည်အချင်းကိုပြောရမယ်ဆိုရင်တော့





ရိုနယ်ဒိုနာဇာရီယိုကို ကျော်နိုင်တဲ့သူမရှိပါဘူး။ ဘာစီလိုနာကို
ဘော်ဘီရော့ဘ်ဆင်ကိုင်တွယ်နေချိန်တုန်းက သူဟာမြင်ဖူးသမျှထဲမှာ





အကောင်းဆုံးဆိုတာကိုနားလည်ခဲ့တယ်။ ဒဏ်ရာဒဏ်ချက်တွေက
သူ့ကစားသမားဘဝကိုအသေသတ်လိုက်တာပါ။ ဒါပေမဲ့ ၁၉နှစ်
အရွယ်သာရှိသေးတဲ့ သူ့ခြေစွမ်းကမယုံနိုင်စရာပါပဲ” လို့ LiveScore နဲ့





တွေ့ဆုံမှုမှာသုံးသပ်ပြခဲ့ပါတယ်။ သေချာတာကတော့ မက်ဆီနဲ့
ရော်နယ်ဒိုတို့ဟာ သွင်းဂိုးမှတ်တမ်းတွေနဲ့အတူ ကမ္ဘာ့ဘောလုံး





လောကကိုအချိန်တစ်ခုအထိလွှမ်းမိုးပြခဲ့ပေမဲ့ မော်ရင်ဟို
သဘောကျလောက်တဲ့အထိတော့ GOAT မဖြစ်ခဲ့ပါဘူး။
zawgyi





မက္ဆီနဲ႔ ေရာ္နယ္ဒို ဘယ္သူ GOAT လဲဆိုတဲ့ေမးခြန္းက ေမာ္ရင္ဟိုကို အက်ပ္အတည္းမျဖစ္ေစခဲ့ဘူး
ဘယ္ေတာ့မွရပ္တန႔္မွာမဟုတ္တဲ့ GOAT စစ္ထိုးပြဲအေမးဟာ ႐ိုးမားနည္းျပ





ေမာ္ရင္ဟိုအတြက္ေတာ့ ေခါင္းကိုက္စရာမရွိခဲ့ပါဘူး။
မက္ဆီနဲ႔ ေရာ္နယ္ဒိုၾကားမွာ ထာဝရအေကာင္းဆုံးနဲ႔ပက္သတ္တဲ့
ျငင္းခုန္မႈေတြရွိေနဆဲျဖစ္ေပမဲ့ စပါယ္ရွယ္ဝမ္းကေတာ့ ဘာစီလိုနာ၊





အင္တာမီလန္နဲ႔ ရီးရဲလ္တိုက္စစ္မႉးေဟာင္း ႐ိုနယ္ဒိုနာဇာရီယိုကသာ
GOAT ျဖစ္တယ္လို႔ အေျဖေပးခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ





ဘာစီလိုနာမွာရွိစဥ္ကာလအတြင္း ဘရာဇီးၾကယ္ပြင့္နဲ႔
ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ၁၉ႏွစ္သား ႐ိုနယ္ဒိုရဲ႕ေျခစြမ္းျပက
မယုံႏိုင္စရာေကာင္းခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။





ဘရာဇီးသားဟာ အသက္ ၂၂ႏွစ္အ႐ြယ္မွာ ဖီဖာရဲ႕တစ္ႏွစ္တာ
အေကာင္းဆုံးဆုကို ၂ႀကိမ္အထိရယူႏိုင္ခဲ့ေပမဲ့ ဒဏ္ရာျပႆနာေတြရဲ႕





ထိုးႏွက္ခ်က္ေၾကာင့္ကစားသမားဘဝသက္တမ္းတိုေတာင္းခဲ့ပါတယ္။
ေရာ္နယ္ဒင္ဟိုကိုယ္တိုင္က သူ႔ရဲ႕လက္ေ႐ြးစင္အသင္းေဖာ္ဟာ
ဒူးတစ္ဖက္နဲ႔ေဘာလုံးကစားေနသူလို႔တင္စားရတဲ့အထိ





႐ိုနယ္ဒိုရဲ႕ဒူးဒဏ္ရာကဆိုး႐ြားလြန္းခဲ့တာျဖစ္တယ္။
ဒါေပမဲ့ ကလပ္အသင္းေတြအတြက္ ၅၁၈ပြဲမွာ ၃၅၂ ဂိုးအထိ





သြင္းႏိုင္ခဲ့တဲ့ ႐ိုနယ္ဒိုသာဒဏ္ရာကင္းစင္ခဲ့မယ္ဆိုရင္
ဒီထက္ပိုလုပ္ျပႏိုင္မယ္လို႔ ေမာ္ရင္ဟိုကယုံၾကည္ေနပါတယ္။
“မက္ဆီနဲ႔ ခရစၥတီယာႏိုတို႔ရဲ႕ ပေရာ္ဖက္ရွင္နယ္သက္တမ္းက





ပိုရွည္လ်ားခဲ့ၿပီး ၁၅ႏွစ္ၾကာအထိ ထိပ္ဆုံးအဆင့္မွာရွိေနခဲ့တယ္။
ကြၽမ္းက်င္မႈနဲ႔ အရည္အခ်င္းကိုေျပာရမယ္ဆိုရင္ေတာ့





႐ိုနယ္ဒိုနာဇာရီယိုကို ေက်ာ္ႏိုင္တဲ့သူမရွိပါဘူး။ ဘာစီလိုနာကို
ေဘာ္ဘီေရာ့ဘ္ဆင္ကိုင္တြယ္ေနခ်ိန္တုန္းက သူဟာျမင္ဖူးသမွ်ထဲမွာ
အေကာင္းဆုံးဆိုတာကိုနားလည္ခဲ့တယ္။ ဒဏ္ရာဒဏ္ခ်က္ေတြက





သူ႔ကစားသမားဘဝကိုအေသသတ္လိုက္တာပါ။ ဒါေပမဲ့ ၁၉ႏွစ္
အ႐ြယ္သာရွိေသးတဲ့ သူ႔ေျခစြမ္းကမယုံႏိုင္စရာပါပဲ” လို႔ LiveScore နဲ႔





ေတြ႕ဆုံမႈမွာသုံးသပ္ျပခဲ့ပါတယ္။ ေသခ်ာတာကေတာ့ မက္ဆီနဲ႔
ေရာ္နယ္ဒိုတို႔ဟာ သြင္းဂိုးမွတ္တမ္းေတြနဲ႔အတူ ကမာၻ႔ေဘာလုံး
ေလာကကိုအခ်ိန္တစ္ခုအထိလႊမ္းမိုးျပခဲ့ေပမဲ့ ေမာ္ရင္ဟို





သေဘာက်ေလာက္တဲ့အထိေတာ့ GOAT မျဖစ္ခဲ့ပါဘူး။