မက်ဆီနဲ့ ရော်နယ်ဒိုတို့အနက် ဘယ်သူက GOAT လဲဆိုတာ ရွေးထုတ်လိုက်တဲ့ ဗာဒီ

လက်စတာအသင်းတိုက်စစ်မှူး

ဂျေမီဗာဒီဟာ ပီအက်စ်ဂျီတိုက်စစ်မှူး
မက်ဆီ၊ ယူနိုက်တက်တိုက်စစ်မှူး
ရော်နယ်ဒိုတို့နဲ့ မျိုးဆက်တစ်ခုတည်းမှာ
ကစားခွင့်ရနေသူဖြစ်ပြီး ဂန္ထဝင်
ကစားသမားကြီးတွေဖြစ်တဲ့ ပီလီ၊

မာရာဒိုနာနဲ့ ရော်နယ်ဒို(ဒိုကြီး)တို့ရဲ့
လေးစားပေမယ့် ဘောလုံးသမိုင်းတစ်လျှောက်
အကြီးကျယ်ဆုံးကစားသမားက
လက်ရှိဘောလုံးလောကမှာ
ကျင်လည်နေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

”ခရစ္စတီယာနိုရော်နယ်ဒိုလား…
ဆိုးရွားလွန်းတဲ့ယူနိုက်တက်မှာ
ပရီးမီးယားလိဂ်သွင်းဂိုး ၁၈ဂိုး
သွင်းယူခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်
ကစားသမားကြီးပါ။

ကျွန်တော့်အတွက် ရော်နယ်ဒိုက
သမိုင်းတစ်လျှောက် ထာဝရ
အကြီးကျယ်ဆုံးကစားသမားပါပဲ”လို့
ဗာဒီက ဆိုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက

ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို
ပြန်ရောက်လာပြီးနောက် ပရီးမီးယားလိဂ်မှာ
တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ်
၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းက
ယူရိုပါလိဂ်သာ ဝင်ခွင့်ရခဲ့ပေမယ့်

သူကတော့ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။
ဗာဒီရဲ့လက်စတာအသင်းက
ရာသီအဆုံးသတ်ကာလမှာ
ရလဒ်တွေ တောက်လျှောက်
ကောင်းမွန်ခဲ့လို့ အဆင့် ၈နဲ့

အဆုံးသတ်နိုင်ခဲ့ပြီး
အင်္ဂလန်လက်ရွေးစင်ဟောင်းက
ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Zawgyi

မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔အနက္ ဘယ္သူက GOAT လဲဆုိတာ ေရြးထုတ္လုိက္တဲ့ ဗာဒီ
လက္စတာအသင္းတုိက္စစ္မွဴး
ေဂ်မီဗာဒီဟာ ပီအက္စ္ဂ်ီတုိက္စစ္မွဴး
မက္ဆီ၊ ယူႏုိက္တက္တုိက္စစ္မွဴး

ေရာ္နယ္ဒိုတို႔နဲ႔ မ်ိဳးဆက္တစ္ခုတည္းမွာ
ကစားခြင့္ရေနသူျဖစ္ၿပီး ဂႏၳ၀င္
ကစားသမားႀကီးေတြျဖစ္တဲ့ ပီလီ၊
မာရာဒိုနာနဲ႔ ေရာ္နယ္ဒို(ဒိုႀကီး)တို႔ရဲ႕
ေလးစားေပမယ့္ ေဘာလုံးသမုိင္းတစ္ေလွ်ာက္

အႀကီးက်ယ္ဆုံးကစားသမားက
လက္ရွိေဘာလုံးေလာကမွာ
က်င္လည္ေနဆဲျဖစ္တယ္လုိ႔ ယုံၾကည္ေနပါတယ္။
”ခရစၥတီယာႏိုေရာ္နယ္ဒိုလား…
ဆုိးရြားလြန္းတဲ့ယူႏုိက္တက္မွာ

ပရီးမီးယားလိဂ္သြင္းဂိုး ၁၈ဂိုး
သြင္းယူခဲ့တဲ့ အသက္ ၃၇ ႏွစ္အရြယ္
ကစားသမားႀကီးပါ။
ကၽြန္ေတာ့္အတြက္ ေရာ္နယ္ဒိုက
သမုိင္းတစ္ေလွ်ာက္ ထာ၀ရ

အႀကီးက်ယ္ဆုံးကစားသမားပါပဲ”လုိ႔
ဗာဒီက ဆုိခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီက
ဂ်ဴဗင္တပ္စ္ကေန ယူႏုိက္တက္ကို
ျပန္ေရာက္လာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ

တတိယဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္
၁၈ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အသင္းက
ယူရိုပါလိဂ္သာ ၀င္ခြင့္ရခဲ့ေပမယ့္
သူကေတာ့ ဂိုးေတြ သြင္းႏိုင္ခဲ့ပါတယ္။
ဗာဒီရဲ႕လက္စတာအသင္းက

ရာသီအဆုံးသတ္ကာလမွာ
ရလဒ္ေတြ ေတာက္ေလွ်ာက္
ေကာင္းမြန္ခဲ့လုိ႔ အဆင့္ ၈နဲ႔
အဆုံးသတ္ႏိုင္ခဲ့ၿပီး
အဂၤလန္လက္ေရြးစင္ေဟာင္းက

ပရီးမီးယားလိဂ္မွာ ၁၅ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။