
မော်ရိုကို ကိုအနိုင်ရပြီးတဲ့နောက် ပြင်သစ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တက်ရောက်နိုင်တဲ့မှတ်တမ်းကောင်းပိုင်ဆိုင်ခဲ့ပါတယ်။
သီယိုဟာနန်ဒက်ဇ်နဲ့ မူရာနီ တို့သွင်းဂိုးတွေဟာ ကြက်ဖတွေကို ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲအရောက်
ပို့ဆောင်ပေးနိုင်ခဲ့ပြီး မက်ဆီရဲ့ အာဂျင်တီးနားနဲ့ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်တယ်။
မော်ရိုကိုနဲ့ပွဲမှာတော့ ပြင်သစ်ကြယ်ပွင့် အူပါမီကာနိုတို့ဖျားနေခဲ့တဲ့အတွက်
လီဗာပူးနောက်ခံလူ ကိုနာတေးဟာ ဗာရန်းနဲ့အတူပွဲထွက်ခွင့်ရခဲ့ပြီး အများချီးကျူးရလောက်တဲ့ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
လက်ရှိအနေအထားအရတော့ ကိုနာတေးဟာ ဖိုင်နယ်ပွဲစဉ်မှာ ဗဟိုခံစစ်နေရာအတွက်ခိုင်မာတဲ့ပွဲထွက်ခွင့်ကိုရနိုင်တယ်လို့ ရှုမြင်ထားပါတယ်။
ချန်ပီယံဆုအတွက်အဆုံးအဖြတ်ပွဲမှာတော့ ကိုနာတေးဟာ GOAT တစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။
လီဗာပူးနောက်ခံလူဟာ ရော်နယ်ဒိုနဲ့ပတ်သတ်လို့ အတိတ်ကမှတ်ချက်တွေပေးခဲ့ဖူးပြီး
ထာဝရအကောင်းဆုံးတစ်ယောက်ကိုရင်ဆိုင်ရတာက သူ့အတွက်စိုးရိမ်စရာမဟုတ်ဘူးလို့ယူဆထားပုံရပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ယူနိုက်တက်ကို ၅ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲအပြီးမှာ ကိုနာတေးက ထာဝရအကောင်းဆုံးဆိုတာ လူသားတစ်ယောက်ပဲဖြစ်ပြီး
ဘာတစ်ခုမှအပိုမပါဘူးလို့ ရော်နယ်ဒိုနဲ့ပတ်သတ်လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
“သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်နေလို့အံ့အားသင့်မိပေမဲ့ ကျွန်တော်တို့လိုလူသားတစ်ယောက်ပဲဖြစ်ပါတယ်။
ခြေနှစ်ဖက်နဲ့ လက်နှစ်ဖက်ပဲပါတယ်။ အသင်းနဲ့အတူပါဝင်ကစားတဲ့ပွဲအတွက်
အာရုံစိုက်ထားရင် ဒီကိစ္စလောက် အိုကေ ပါတယ်” လို့ ကိုနာတေးက ပြောဆိုခဲ့ဖူးတာဖြစ်တယ်။
ကိုနာတေးရဲ့ပြောဆိုပုံအရ လက်ရှိမျိုးဆက်တွေအနေနဲ့ ထာဝရအကောင်းဆုံးတွေကိုရင်ဆိုင်ရတဲ့အချိန်မှာ အရှက်ကွဲစရာမရှိဘူးလို့ဆိုလိုရင်းရပါတယ်။
လီဗာပူးနောက်ခံလူဟာ လာမယ့်တနင်္ဂနွေမှာလည်း မက်ဆီကိုလူသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုထပ်မံသက်သေပြချင်နေမှာပါ။
zawgyi
မက္ဆီနဲ႔ မေတြ႕ခင္အထိေတာ့ ထာဝရအေကာင္းဆုံးဆိုတာကို ကိုနာေတး ေလွ်ာ့တြက္ထားပုံရတယ္
ေမာ္႐ိုကို ကိုအႏိုင္ရၿပီးတဲ့ေနာက္ ျပင္သစ္ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲကို ႏွစ္ႀကိမ္ဆက္တက္ေရာက္ႏိုင္တဲ့မွတ္တမ္းေကာင္းပိုင္ဆိုင္ခဲ့ပါတယ္။
သီယိုဟာနန္ဒက္ဇ္နဲ႔ မူရာနီ တို႔သြင္းဂိုးေတြဟာ ၾကက္ဖေတြကို ကာတာကမာၻ႔ဖလားဗိုလ္လုပြဲအေရာက္
ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး မက္ဆီရဲ႕ အာဂ်င္တီးနားနဲ႔ထိပ္တိုက္ရင္ဆိုင္ရေတာ့မွာျဖစ္တယ္။
ေမာ္႐ိုကိုနဲ႔ပြဲမွာေတာ့ ျပင္သစ္ၾကယ္ပြင့္ အူပါမီကာႏိုတို႔ဖ်ားေနခဲ့တဲ့အတြက္
လီဗာပူးေနာက္ခံလူ ကိုနာေတးဟာ ဗာရန္းနဲ႔အတူပြဲထြက္ခြင့္ရခဲ့ၿပီး အမ်ားခ်ီးက်ဴးရေလာက္တဲ့ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။
လက္ရွိအေနအထားအရေတာ့ ကိုနာေတးဟာ ဖိုင္နယ္ပြဲစဥ္မွာ ဗဟိုခံစစ္ေနရာအတြက္ခိုင္မာတဲ့ပြဲထြက္ခြင့္ကိုရႏိုင္တယ္လို႔ ရႈျမင္ထားပါတယ္။
ခ်န္ပီယံဆုအတြက္အဆုံးအျဖတ္ပြဲမွာေတာ့ ကိုနာေတးဟာ GOAT တစ္ေယာက္ျဖစ္တဲ့ မက္ဆီနဲ႔ထိပ္တိုက္ရင္ဆိုင္ရဖို႔ရွိေနပါတယ္။
လီဗာပူးေနာက္ခံလူဟာ ေရာ္နယ္ဒိုနဲ႔ပတ္သတ္လို႔ အတိတ္ကမွတ္ခ်က္ေတြေပးခဲ့ဖူးၿပီး
ထာဝရအေကာင္းဆုံးတစ္ေယာက္ကိုရင္ဆိုင္ရတာက သူ႔အတြက္စိုးရိမ္စရာမဟုတ္ဘူးလို႔ယူဆထားပုံရပါတယ္။
၂၀၂၁ ခုႏွစ္အတြင္း ယူႏိုက္တက္ကို ၅ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ပြဲအၿပီးမွာ ကိုနာေတးက ထာဝရအေကာင္းဆုံးဆိုတာ လူသားတစ္ေယာက္ပဲျဖစ္ၿပီး
ဘာတစ္ခုမွအပိုမပါဘူးလို႔ ေရာ္နယ္ဒိုနဲ႔ပတ္သတ္လို႔ မွတ္ခ်က္ေပးခဲ့ဖူးပါတယ္။
“သူဟာ ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္ေနလို႔အံ့အားသင့္မိေပမဲ့ ကြၽန္ေတာ္တို႔လိုလူသားတစ္ေယာက္ပဲျဖစ္ပါတယ္။
ေျခႏွစ္ဖက္နဲ႔ လက္ႏွစ္ဖက္ပဲပါတယ္။ အသင္းနဲ႔အတူပါဝင္ကစားတဲ့ပြဲအတြက္
အာ႐ုံစိုက္ထားရင္ ဒီကိစၥေလာက္ အိုေက ပါတယ္” လို႔ ကိုနာေတးက ေျပာဆိုခဲ့ဖူးတာျဖစ္တယ္။
ကိုနာေတးရဲ႕ေျပာဆိုပုံအရ လက္ရွိမ်ိဳးဆက္ေတြအေနနဲ႔ ထာဝရအေကာင္းဆုံးေတြကိုရင္ဆိုင္ရတဲ့အခ်ိန္မွာ အရွက္ကြဲစရာမရွိဘူးလို႔ဆိုလိုရင္းရပါတယ္။
လီဗာပူးေနာက္ခံလူဟာ လာမယ့္တနဂၤေႏြမွာလည္း မက္ဆီကိုလူသားတစ္ေယာက္ျဖစ္တယ္ဆိုတာကိုထပ္မံသက္ေသျပခ်င္ေနမွာပါ။