မက်ဆီနဲ့ ဆာလာတို့ကို ကျော်ဖြတ်ကာ ဖီဖာအကောင်းဆုံးဆု လီဝန်ဒေါစကီးရရှိ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့
လီဗာပူးတိုက်စစ်မှူး ဆာလာတို့ကို
ကျော်ဖြတ်ကာ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံး
ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ပိုလန်အသင်းခေါင်းဆောင်

လီဝန်ဒေါစကီးဟာ ၂၀၂၁ အတွင်း ကလပ်နဲ့နိုင်ငံတို့အတွက်
စုစုပေါင်း ၆၁ ဂိုအးထိ သွင်းယူနိုင်ခဲ့ပြီး
၂၀၂၀-၂၁ ရာသီက ဘွန်ဒက်စ်လီဂါမှာ
၂၉ပွဲကစား ၄၁ ဂိုးအထိသွင်းယူနိုင်ခဲ့ရာ
ဂျာမနီဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာတင်ခဲ့တဲ့

ဘွန်ဒက်စ်လီဂါတစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။


ယမန်နေ့ညက ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မှာ
ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့တာဖြစ်ပြီး

လီဝန်ဒေါစကီးအနေနဲ့ ၂၀၂၀ ခုနှစ်ကလည်း
အဆိုပါဆုကို ၅၂ နဲ့ ရရှိခဲ့ကာ ရော်နယ်ဒိုက
၃၈မဲ၊ မက်ဆီက ၃၅ မဲအသီးသီးရရှိခဲ့ပါတယ်။
ချဲလ်ဆီးဂိုးသမား မန်ဒီက အီတလီဂိုးသမား
ဒွန်နာရူမာနဲ့ ဘိုင်ယန်ဂိုးသမား နူအာတို့ကို

ကျော်ဖြတ်ကာ တစ်နှစ်တာအကောင်းဆုံး
ဂိုးသမားဆု ရရှိသွားခဲ့ပြီး ချဲလ်ဆီးနည်းပြ
တူချယ်ကလည်း တစ်နှစ်တာအကောင်းဆုံး
နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


နောက်ထပ် ချဲလ်ဆီးအတွက် ဂုဏ်ယူမှုအဖြစ်
ချဲလ်ဆီးအမျိုးသမီးအသင်းနည်းပြ အမ်မာဟေယက်စ်က
အကောင်းဆုံးအမျိုးသမီးအသင်းနည်းပြဆု ရခဲ့ပြီး
ချဲလ်ဆီးအမျိုးသမီးအသင်းက ပြီးခဲ့တဲ့ရာသီမှာ

အမှတ်ပေးချန်ပီယံနဲ့လိဂ်ဖလားတွေ ရယူနိုင်ခဲ့သလို
ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကလည်း
၂၀၂၁ အတွင်း ပေါ်တူဂီအတွက် ဂိုးပေါင်း ၁၁၅အထိ
စံချိန်တင်သွင်းယူနိုင်ခဲ့ပြီးနောက် အထူးဆုလက်ခံရရှိပါတယ်။