မက်ဆီနဲ့ စီရော်နယ်ဒိုကို ဆော်ဒီနိုင်ငံဆီ ခေါ်ဖို့အတွက် အစိုးရအဖွဲ့ကိုယ်တိုင် ကြိုးကိုင်မယ်

ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုကို သူတို့နိုင်ငံရဲ့ ပြည်တွင်းကလပ်တွေဆီမှာ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ်နဲ့ လာပြီး ကစားစေဖို့အတွက်

ဆော်ဒီအာရေဗျ အစိုးရက စိတ်အားထက် သန်နေတယ်လို့ အင်္ဂလန်အခြေစိုက် Mirror သတင်းစာက ရေးသားဖော်ပြ ပါတယ်။ မန်ယူနဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြီးတဲ့နောက် ပေါ်တူဂီတိုက်စစ်မှူး

စီရော်နယ်ဒိုဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားဖြစ်ပြီး လာမယ့်နှစ် နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီရဲ့ အနာဂတ်ကလည်း

အခုအချိန်အထိ ကြို တင် တွက်ဆလို့ မရနိုင်သေးပါဘူး။ ဘာစီလိုနာတိုက်စစ်မှူးဟောင်း မက်ဆီ ဟာ ပဲရစ်ကလပ်ကို ရောက်လာပြီး ပထမဆုံးနှစ်မှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန် ခဲ့ရပေမဲ့ လက်ရှိဘောလုံးရာသီမှာတော့

ငယ်မူငယ်သွေး ပြန်ရနေသလို ပြင် သစ်ကလပ်နဲ့အတူ ပျော်ရွှင်နေတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီ ဟာ ဆော်ဒီအာရေဗီယံ ဟိုတယ်နဲ့ ခရီးသွား ဘုတ်အဖွဲ့အစည်းရဲ့ အထူး သံ တမန်ဖြစ်နေတာကြောင့်

အခုလိုမျိုး သတင်းထွက်လာတာ သိပ်တော့ မဆန်း ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ မက်ဆီက ထုတ်ပြောထားခဲ့ပြီးဖြစ်တာကြောင့် ဘာမဆို

ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးပါပဲ။ ဒီကစားသမားနှစ်ယောက်ရဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ အားကစား ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင်တာကီအယ်လ်ဖိုင်ဆယ်က စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး

အခုလို ထုတ်ပြောထားတာရှိပါတယ်။ ‘’ဘယ်လိုလူမျိုးကများ သူ့ကို ကိုယ့်ရဲ့ လိဂ်ပြိုင်ပွဲမှာ မကစားစေချင်တာမျိုး ရှိမလဲဗျ။ သူက လူငယ်ကစားသမား အများစုအတွက် စံပြ ကစားသမားတစ်ယောက်ဖြစ်တယ်။

သူရော၊ မက်ဆီ ရောပဲလေ’’ လို့ ဆိုပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေဗျရဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး မက်ဆီကို စပွန်ဆာပေးထားတာဟာလည်း အကျိုးကျေးဇူး အများကြီး ဖြစ်ထွန်းနေတယ်လို့ အားကစားဝန်ကြီးက

ဆိုပါတယ်။ ‘’နိုင်ငံ တော်အတွက် ဒါက အများကြီးကို အကျိုးကျေးဇူး ဖြစ်ထွန်းနေတာမျိုးပါ။ သူ တို့နှစ်ယောက်စလုံး ဒီကို လာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အမှတ်ပေး ပြိုင်ပွဲမှာ သူတို့ကစားတာ မြင်ချင်တယ်ဗျာ’’ လို့

ဆော်ဒီအားကစားဝန်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

မက္ဆီနဲ႔ စီေရာ္နယ္ဒိုကို ေဆာ္ဒီႏိုင္ငံဆီ ေခၚဖို႔အတြက္ အစိုးရအဖြဲ႕ကိုယ္တိုင္ ႀကိဳးကိုင္မယ္

ကမာၻ႔အေကာင္းဆုံး ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုကို သူတို႔ႏိုင္ငံရဲ႕ ျပည္တြင္းကလပ္ေတြဆီမွာ ပေရာ္ဖက္ရွင္နယ္ ကစားသမားအ ျဖစ္နဲ႔ လာၿပီး ကစားေစဖို႔အတြက္

ေဆာ္ဒီအာေရဗ် အစိုးရက စိတ္အားထက္ သန္ေနတယ္လို႔ အဂၤလန္အေျခစိုက္ Mirror သတင္းစာက ေရးသားေဖာ္ျပ ပါတယ္။ မန္ယူနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲၿပီးတဲ့ေနာက္ ေပၚတူဂီတိုက္စစ္မႉး

စီေရာ္နယ္ဒိုဟာ လက္ရွိမွာ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ကစားသမားျဖစ္ၿပီး လာမယ့္ႏွစ္ ေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီရဲ႕ အနာဂတ္ကလည္း အခုအခ်ိန္အထိ

ႀကိဳ တင္ တြက္ဆလို႔ မရႏိုင္ေသးပါဘူး။ ဘာစီလိုနာတိုက္စစ္မႉးေဟာင္း မက္ဆီ ဟာ ပဲရစ္ကလပ္ကို ေရာက္လာၿပီး ပထမဆုံးႏွစ္မွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ ခဲ့ရေပမဲ့ လက္ရွိေဘာလုံးရာသီမွာေတာ့

ငယ္မူငယ္ေသြး ျပန္ရေနသလို ျပင္ သစ္ကလပ္နဲ႔အတူ ေပ်ာ္႐ႊင္ေနတဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေပမဲ့ မက္ဆီ ဟာ ေဆာ္ဒီအာေရဗီယံ ဟိုတယ္နဲ႔ ခရီးသြား ဘုတ္အဖြဲ႕အစည္းရဲ႕ အထူး

သံတမန္ျဖစ္ေနတာေၾကာင့္ အခုလိုမ်ိဳး သတင္းထြက္လာတာ သိပ္ေတာ့ မဆန္း ပါဘူး။ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး ၿပီးဆုံးသြားတဲ့အခါ သူ႔ရဲ႕ အနာဂတ္ကို ဆုံးျဖတ္ သြားမွာ ျဖစ္တယ္လို႔

မက္ဆီက ထုတ္ေျပာထားခဲ့ၿပီးျဖစ္တာေၾကာင့္ ဘာမဆို ျဖစ္သြားႏိုင္တဲ့ အေျခအေနမ်ိဳးပါပဲ။ ဒီကစားသမားႏွစ္ေယာက္ရဲ႕ အေျခအေန နဲ႔ ပတ္သက္ၿပီး ေဆာ္ဒီအာေရဗ် အားကစား ဝန္ႀကီး မင္းသား

အဗၺဒူလာဇစ္ ဘင္တာကီအယ္လ္ဖိုင္ဆယ္က စီေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး အခုလို ထုတ္ေျပာထားတာရွိပါတယ္။ ‘’ဘယ္လိုလူမ်ိဳးကမ်ား သူ႔ကို ကိုယ့္ရဲ႕ လိဂ္ၿပိဳင္ပြဲမွာ မကစားေစခ်င္တာမ်ိဳး ရွိမလဲဗ်။ သူက လူငယ္ကစားသမား

အမ်ားစုအတြက္ စံျပ ကစားသမားတစ္ေယာက္ျဖစ္တယ္။ သူေရာ၊ မက္ဆီ ေရာပဲေလ’’ လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေဆာ္ဒီအာေရဗ်ရဲ႕ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္ၿပီး မက္ဆီကို စပြန္ဆာေပးထားတာဟာလည္း

အက်ိဳးေက်းဇူး အမ်ားႀကီး ျဖစ္ထြန္းေနတယ္လို႔ အားကစားဝန္ႀကီးက ဆိုပါတယ္။ ‘’ႏိုင္ငံ ေတာ္အတြက္ ဒါက အမ်ားႀကီးကို အက်ိဳးေက်းဇူး ျဖစ္ထြန္းေနတာမ်ိဳးပါ။ သူ တို႔ႏွစ္ေယာက္စလုံး ဒီကို လာမယ္ဆိုရင္

ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အမွတ္ေပး ၿပိဳင္ပြဲမွာ သူတို႔ကစားတာ ျမင္ခ်င္တယ္ဗ်ာ’’ လို႔ ေဆာ္ဒီအားကစားဝန္ႀကီးက ေျပာဆိုသြားခဲ့ပါတယ္။