မက်ဆီနဲ့အတူ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ (၁၇)နှစ်သား သရဲနီကြယ်ပွင့်
မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမား Alejandro Garnacho ဟာ
စီနီယာအသင်းနဲ့အတူ တစ်ပွဲမျှ ကစားခွင့်မရသေးပေမယ့် အာဂျင်တီးနား
လက်ရွေးစင်အသင်းရဲ့ ပဏာမကစားသမားစာရင်းထဲမှာ အံ့အားသင့်ဖွယ်ရွေးချယ်ခံခဲ့ရပါတယ်။
အသက် ( ၁၇ ) နှစ်အရွယ် Garnacho ဟာ စပိန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး
လူငယ်အဆင့်တွေမှာလည်း မွေးရပ်မြေကို ကိုယ်စားပြုခဲ့ပါတယ်။ ဒါပေမယ့်
အမေဖြစ်သူရဲ့ ဆက်နွယ်မှုမှတစ်ဆင့် တောင်အမေရိကအသင်းကြီးမှာ ကစားခွင့်ရှိထားပါတယ်။
လူငယ်တိုက်စစ်မှူးဟာ ဒီရာသီ ယူနိုက်တက် လူငယ်အသင်းရဲ့ အတောက်ပဆုံး
ကြယ်ပွင့်ကသမားတွေထဲက တစ်ဦးဖြစ်ပြီး လူငယ်အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်
တက်ရောက်နိုင်မှုမှာ အဓိက ကျခဲ့ပြီး ( ၄ ) ပွဲမှာ ( ၄ ) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
သူက ယူ – ၂၃အတွက် ( ၂ ) ဂိုးအပါအဝင် ပြိုင်ပွဲစုံ ( ၁၄ )ဂိုးသွင်းယူထားပြီး
( ၅ ) ဂိုး ဖန်တီးပေးထားပါတယ်။
Garnacho ဟာ ယခုလအတွင်း ဗင်နီဇွဲလား ၊ အီကွေဒေါတို့နဲ့ ကစားမယ့်
ကမ္ဘာ့ဖလားခြေစစ်ပွဲစဥ်တွေအတွက် လီယွန်နယ် စကိုလာရီရွေးချယ်ခဲ့တဲ့
အာဂျင်တီးနားပဏာမလက်ရွေးစင် ( ၄၄ ) ဦးထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အပြီးသတ်စာရင်းမှာ ရွေးချယ်ခံရခြင်း ရှိ ၊ မရှိကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလား‌ြေခစစ်ပွဲအောင်ြမင်ပြီးဖြစ်တာကြောင့်
အလားအလာရှိတဲ့ ဆယ်ကျော်သက်လူငယ်ကစားသမားတွေကို စမ်းသပ်အသုံးပြုလာနိုင်ပါတယ်။
ယူနိုက်တက်ဟာ Garnachoကို လွန်ခဲ့တဲ့ ( ၂ ) နှစ်က အက်သလက်တီကိုအသင်းထံမှ
ခေါ်ယူခဲ့တာဖြစ်ပါတယ်။
– အာဂျင်တီးနားလက်ရွေးစင် ပဏာမ လူစာရင်း ။
Armani (River Plate), Musso (Atalanta) Martínez (Aston Villa), Andrada (Monterrey),
Rulli (Villarreal), Montiel (Sevilla), Molina (Udinese), Foyth (Villarreal),
Quarta (Fiorentina), Pezella (Real Betis), Otamendi (Benfica),
Romero (Tottenham Hotspur), Martínez (Ajax), Pérez (Udinese),
Tagliafico (Ajax), Acuña (Sevilla), Carboni (Inter), Paredes (Paris Saint-Germain),
Rodríguez (Real Betis), De Paul (Atletico Madrid), Palacios (Bayer Leverkusen),
Lanzini (West Ham United), Lo Celso (Villarreal), Pereyra (Udinese),
Buendía (Aston Villa), Papu Gómez (Sevilla), Gonzalez (Fiorentina),
Ocampos (Sevilla), Garnacho (Manchester United), Mac Allister (Brighton),
Paz (Real Betis), Geralnik (Villarreal), Carboni (Inter), Di María (Paris Saint-Germain),
Romero (Lazio), Soulé (Juventus), Messi (Paris Saint-Germain), Dybala (Juventus),
Martínez (Inter), Correa (Atletico Madrid), Álvarez (River Plate) Simeone (Verona), Boyé (Elche).
Zawgyi
မက်ဆီနဲ့အတူ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ (၁၇)နှစ်သား သရဲနီကြယ်ပွင့်
အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလား‌ခြေစစ်ပွဲအောင်မြင်ပြီးဖြစ်တာကြောင့်