မက်ဆီနဲ့ရော်နယ်ဒို  နှစ်ယောက်ကြား အပြောင်းအလဲ မြန်လွန်းတဲ့ လမ်းပတ်

ချဲလ်ဆီးအသင်းဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဖရန့်လမ်းပတ်က မက်ဆီနဲ့ စီရော်နယ်ဒိုတို့

ဘယ်သူပိုကောင်းသလဲဆိုတဲ့ အခြေအတင်ဖြစ်မှုတွေ ကြားမှာ

သူဟာလက်ရှိမန်ယူကစားသမားဖြစ်နေတဲ့ စီရော်နယ်ဒို ဘက်ကိုစိတ်ပြောင်းသွားခဲ့ပြီလို့

ဝန်ခံစကားဆိုလိုက်ပါတယ်။ အာ ဂျင်တီးနားနဲ့ ပေါ်တူဂီလက်ရွေးစင်တွေဖြစ်တဲ့

မက်ဆီနဲ့ စီရော်နယ်ဒို နှစ်ဦးမှာဘယ်သူပိုကောင်းသလဲဆိုတာနဲ့ပတ်သက်ပြီး

ဆယ်စုနှစ် နဲ့ချီကာ အခြေအတင်အငြင်းပွားခဲ့ကြတာပါ။

သူတို့နှစ်ဦးဟာ တကယ်တမ်းမှာလည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘယ်သူမှ

လိုက်မမီနိုင်တဲ့သူတွေဖြစ်ကြပြီး Ballon d’Or နောက်ဆုံး ၁၂ ကြိမ်မှာ ၁၁ ကြိမ်ကို

သူတို့နှစ်ဦးကသာ ရယူထားတာပါ။ သူတို့နှစ်ဦး ဘယ်သူပိုကောင်းသလဲဆိုတဲ့အပေါ်

အငြင်းပွားသူတွေကတော့ သူတို့သတ်မှတ်ထားတဲ့တန်ဖိုး၊ စံနှုန်းတွေနဲ့ တိုင်းတာပြီး

မက်ဆီက ပို ကောင်းတယ်၊ စီရော်နယ်ဒိုက ပိုကောင်းတယ်

အစရှိသဖြင့်ဆိုခဲ့ကြတာပါ။ စီရော်နယ်ဒိုကိုအကြိုက်တွေ့သူတွေကတော့

သူ့ရဲ့ဂိုးတွေအဆက်မပြတ်သွင်းနိုင်မှုနဲ့ အကောင်းဆုံးဖြစ်စေဖို့

မဆုတ်မနစ်ကြိုးပမ်းမှု တွေကို ထောက်ပြကြသလို မက်ဆီကို

ကြိုက်တဲ့သူတွေကလည်း သဘာဝအတိုင်းပါလာတဲ့သူ့ရဲ့ဘောလုံးပါရမီနဲ့

ကစားတဲ့အသင်းအ တွက်ပိုမိုဦးစားပေးမှုတွေကို သဘောကျခဲ့ကြတာပါ။

လမ်းပတ်ဟာအရင်တုန်းက မက်ဆီကိုအကြိုက်တွေ့တဲ့သူဖြစ်ပေမယ့်

လက်ရှိမှာ တော့ မန်ယူမှာလည်း ဂိုးတွေသွင်းပြီးအစွမ်းပြနေတဲ့

စီရော်နယ်ဒိုဘက်ကို စိတ်ပြောင်းသွားခဲ့ပါတယ်။ မက်ဆီကတော့

ပီအက်စ်ဂျီအသင်း မှာရုန်းကန်နေရပြီး ထင်သလောက်ခြေစွမ်းမပြနိုင်သေးပါဘူး။

ဂယ်ရီနဗီးလ်နဲ့ပြုလုပ်ခဲ့တဲ့အ မေးအဖြေမှာ ” ကျုပ်ကအမြဲတမ်း

မက်ဆီပရိသတ်ဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားသိသားဘဲ။ ကာရေဂါနဲ့ခင်ဗျား

သိပ်မကြာခင်က သူတို့နှစ် ဦးဘယ်သူပိုကောင်းသလဲ ဆိုတဲ့ငြင်းခုန်မှုကိုတောင်

ကျွန်တော်ကြည့်ဖြစ်ပါသေးတယ်။ ဒါပေမယ့်သေချာစဥ်းစားလိုက်တော့

စီရော်နယ် ဒိုရဲ့ခြေစွမ်းနဲ့ သူ့ရဲ့စွမ်းဆောင်မှု နံပါတ်တွေ၊ ဆီမီးဖိုင်နယ်နဲ့

ဖိုင်နယ်ပွဲတွေမျိုးမှာသွင်းခဲ့တဲ့ဂိုးတွေကိုကြည့်ပြီး စီရော်နယ်ဒို ဘက်

စိတ် ပြောင်းသွားတာပေါ့။ သူသွင်းခဲ့တဲ့ဂိုးတွေကို ခင်ဗျားလည်းမြင်တာဘဲဗျာ” လို့

ပြောသွားပါတယ်။ စီရော်နယ်ဒိုဟာ ကလပ်အဆင့်မှာ ၈၂၃ ပွဲကစားပြီး ၆၃၄ ဂိုးသွင်းကာ

၁၃၄ ဂိုးဖန်တီးပေးထားပါတယ်။ နိုင်ငံတကာအဆင့်သွင်းဂိုးတွေပါထည့်တွက်ရင်

သူဟာ ကစားသမား ဘဝမှာ ၇၉၉ ဂိုးရရှိထားပြီးဖြစ်ပါတယ်။

zawgyi

မက္ဆီနဲ႔ေရာ္နယ္ဒို  ႏွစ္ေယာက္ၾကား အေျပာင္းအလဲ ျမန္လြန္းတဲ့ လမ္းပတ္

ခ်ဲလ္ဆီးအသင္းဂႏၴဝင္တစ္ဦးျဖစ္တဲ့ ဖရန႔္လမ္းပတ္က မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔

ဘယ္သူပိုေကာင္းသလဲဆိုတဲ့ အေျခအတင္ျဖစ္မႈေတြ ၾကားမွာ

သူဟာလက္ရွိမန္ယူကစားသမားျဖစ္ေနတဲ့ စီေရာ္နယ္ဒို ဘက္ကိုစိတ္ေျပာင္းသြားခဲ့ၿပီလို႔

ဝန္ခံစကားဆိုလိုက္ပါတယ္။ အာ ဂ်င္တီးနားနဲ႔ ေပၚတူဂီလက္ေ႐ြးစင္ေတြျဖစ္တဲ့

မက္ဆီနဲ႔ စီေရာ္နယ္ဒို ႏွစ္ဦးမွာဘယ္သူပိုေကာင္းသလဲဆိုတာနဲ႔ပတ္သက္ၿပီး

ဆယ္စုႏွစ္ နဲ႔ခ်ီကာ အေျခအတင္အျငင္းပြားခဲ့ၾကတာပါ။ သူတို႔ႏွစ္ဦးဟာ

တကယ္တမ္းမွာလည္း ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း ဘယ္သူမွ

လိုက္မမီႏိုင္တဲ့သူေတြျဖစ္ၾကၿပီး Ballon d’Or ေနာက္ဆုံး ၁၂ ႀကိမ္မွာ ၁၁ ႀကိမ္ကို

သူတို႔ႏွစ္ဦးကသာ ရယူထားတာပါ။ သူတို႔ႏွစ္ဦး ဘယ္သူပိုေကာင္းသလဲဆိုတဲ့အေပၚ

အျငင္းပြားသူေတြကေတာ့ သူတို႔သတ္မွတ္ထားတဲ့တန္ဖိုး၊ စံႏႈန္းေတြနဲ႔ တိုင္းတာၿပီး

မက္ဆီက ပို ေကာင္းတယ္၊ စီေရာ္နယ္ဒိုက ပိုေကာင္းတယ္

အစရွိသျဖင့္ဆိုခဲ့ၾကတာပါ။ စီေရာ္နယ္ဒိုကိုအႀကိဳက္ေတြ႕သူေတြကေတာ့

သူ႔ရဲ႕ဂိုးေတြအဆက္မျပတ္သြင္းႏိုင္မႈနဲ႔ အေကာင္းဆုံးျဖစ္ေစဖို႔

မဆုတ္မနစ္ႀကိဳးပမ္းမႈ ေတြကို ေထာက္ျပၾကသလို မက္ဆီကို

ႀကိဳက္တဲ့သူေတြကလည္း သဘာဝအတိုင္းပါလာတဲ့သူ႔ရဲ႕ေဘာလုံးပါရမီနဲ႔

ကစားတဲ့အသင္းအ တြက္ပိုမိုဦးစားေပးမႈေတြကို သေဘာက်ခဲ့ၾကတာပါ။

လမ္းပတ္ဟာအရင္တုန္းက မက္ဆီကိုအႀကိဳက္ေတြ႕တဲ့သူျဖစ္ေပမယ့္

လက္ရွိမွာ ေတာ့ မန္ယူမွာလည္း ဂိုးေတြသြင္းၿပီးအစြမ္းျပေနတဲ့

စီေရာ္နယ္ဒိုဘက္ကို စိတ္ေျပာင္းသြားခဲ့ပါတယ္။ မက္ဆီကေတာ့

ပီအက္စ္ဂ်ီအသင္း မွာ႐ုန္းကန္ေနရၿပီး ထင္သေလာက္ေျခစြမ္းမျပႏိုင္ေသးပါဘူး။

ဂယ္ရီနဗီးလ္နဲ႔ျပဳလုပ္ခဲ့တဲ့အ ေမးအေျဖမွာ ” က်ဳပ္ကအၿမဲတမ္း

မက္ဆီပရိသတ္ျဖစ္ခဲ့တယ္ဆိုတာ ခင္ဗ်ားသိသားဘဲ။ ကာေရဂါနဲ႔ခင္ဗ်ား

သိပ္မၾကာခင္က သူတို႔ႏွစ္ ဦးဘယ္သူပိုေကာင္းသလဲ ဆိုတဲ့ျငင္းခုန္မႈကိုေတာင္

ကြၽန္ေတာ္ၾကည့္ျဖစ္ပါေသးတယ္။ ဒါေပမယ့္ေသခ်ာစဥ္းစားလိုက္ေတာ့

စီေရာ္နယ္ ဒိုရဲ႕ေျခစြမ္းနဲ႔ သူ႔ရဲ႕စြမ္းေဆာင္မႈ နံပါတ္ေတြ၊ ဆီမီးဖိုင္နယ္နဲ႔

ဖိုင္နယ္ပြဲေတြမ်ိဳးမွာသြင္းခဲ့တဲ့ဂိုးေတြကိုၾကည့္ၿပီး စီေရာ္နယ္ဒို ဘက္

စိတ္ ေျပာင္းသြားတာေပါ့။ သူသြင္းခဲ့တဲ့ဂိုးေတြကို ခင္ဗ်ားလည္းျမင္တာဘဲဗ်ာ” လို႔

ေျပာသြားပါတယ္။ စီေရာ္နယ္ဒိုဟာ ကလပ္အဆင့္မွာ ၈၂၃ ပြဲကစားၿပီး ၆၃၄ ဂိုးသြင္းကာ

၁၃၄ ဂိုးဖန္တီးေပးထားပါတယ္။ ႏိုင္ငံတကာအဆင့္သြင္းဂိုးေတြပါထည့္တြက္ရင္

သူဟာ ကစားသမား ဘဝမွာ ၇၉၉ ဂိုးရရွိထားၿပီးျဖစ္ပါတယ္။