





ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အနိုင်ရပြီး မက်ဆီရဲ့မျှော်လင့်ချက်တွေ
ကျကွဲလိမ့်မယ်လို့ဆိုတဲ့ ပီးယာ့စ်မော်ဂန်ရဲ့ ပွဲကြိုခန့်မှန်းချက်ကိုတော့





နာမည်ကျော်တင်းနစ်ကစားသမား အင်ဒီမာရေးကသည်းခံနိုင်စွမ်းကင်းမဲ့ပြီး
တွစ်တာကတစ်ဆင့် တုံ့ပြန်မှုပြုလုပ်သွားခဲ့ပါတယ်။ TalkTV အစီအစဉ်
တင်ဆက်သူမော်ဂန်က အမ်ဘာပီနဲ့ ပြင်သစ်ကြယ်ပွင့်တွေဟာ





မက်ဆီရဲ့အိပ်မက်ကို ဖျက်စီးပစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ရင်ခုန်စရာကောင်းတဲ့အလှည့်အပြောင်းတွေကြားမှာ မက်ဆီရဲ့





အာဂျင်တီးနားအသင်းဗိုလ်စွဲသွားခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာတော့
ပြင်သစ်က အာဂျင်တီးနားကို ၃-၁ ဂိုးနဲ့အနိုင်ရလိမ့်မယ်လို့
ပီးယာ့စ်မော်ဂန်က တွစ်တာမှာရေးသားလိုက်တာဖြစ်တယ်။





“အမ်ဘာပီ ၂ဂိုးသွင်းမယ်၊ ဂရေ့ဇ်မန်းက Man Of The Match ရမယ်၊
မက်ဆီ ငိုရလိမ့်မယ်” လို့ မော်ဂန်က ပို့စ်တင်ခဲ့တာဖြစ်တယ်။





ဒါကိုမြင်ခဲ့တဲ့ အင်ဒီမာရေးကတော့ သည်းခံနိုင်စွမ်းကုန်ဆုံးသွားတဲ့ပုံစံနဲ့
“ပီးယာ့စ်မော်ဂန်ရေ မသေချာတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲက မင်းအတွက်
ပိုဆိုးသွားနိုင်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ ပီးယာ့စ်မော်ဂန်ဟာ





ရော်နယ်ဒိုရဲ့ဘက်တော်သားအဖြစ်ရှိခဲ့သူဖြစ်ပြီး ယူနိုက်တက်နဲ့
ပေါ်တူဂီကြယ်ပွင့်တို့ စာချုပ်မဖျက်သိမ်းခင်မှာ ပေါက်ကွဲအားပြင်းတဲ့





အင်တာဗျူးအစီအစဉ်ကို လူသိရှင်ကြားထုတ်ဖော်ခဲ့သူဖြစ်တယ်။
zawgyi





မက္ဆီငိုရလိမ့္မယ္လို႔ ခန႔္မွန္းခဲ့တဲ့ ပီးယာ့စ္ေမာ္ဂန္ကို တင္းနစ္အေက်ာ္အေမာ္ အင္ဒီမာေရး တုံ႔ျပန္လိုက္
ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္အႏိုင္ရၿပီး မက္ဆီရဲ႕ေမွ်ာ္လင့္ခ်က္ေတြ





က်ကြဲလိမ့္မယ္လို႔ဆိုတဲ့ ပီးယာ့စ္ေမာ္ဂန္ရဲ႕ ပြဲႀကိဳခန႔္မွန္းခ်က္ကိုေတာ့
နာမည္ေက်ာ္တင္းနစ္ကစားသမား အင္ဒီမာေရးကသည္းခံႏိုင္စြမ္းကင္းမဲ့ၿပီး
တြစ္တာကတစ္ဆင့္ တုံ႔ျပန္မႈျပဳလုပ္သြားခဲ့ပါတယ္။ TalkTV အစီအစဥ္





တင္ဆက္သူေမာ္ဂန္က အမ္ဘာပီနဲ႔ ျပင္သစ္ၾကယ္ပြင့္ေတြဟာ
မက္ဆီရဲ႕အိပ္မက္ကို ဖ်က္စီးပစ္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္တယ္။





ဒါေပမဲ့ ရင္ခုန္စရာေကာင္းတဲ့အလွည့္အေျပာင္းေတြၾကားမွာ မက္ဆီရဲ႕
အာဂ်င္တီးနားအသင္းဗိုလ္စြဲသြားခဲ့ပါတယ္။ ပြဲမတိုင္ခင္မွာေတာ့
ျပင္သစ္က အာဂ်င္တီးနားကို ၃-၁ ဂိုးနဲ႔အႏိုင္ရလိမ့္မယ္လို႔





ပီးယာ့စ္ေမာ္ဂန္က တြစ္တာမွာေရးသားလိုက္တာျဖစ္တယ္။
“အမ္ဘာပီ ၂ဂိုးသြင္းမယ္၊ ဂေရ႕ဇ္မန္းက Man Of The Match ရမယ္၊





မက္ဆီ ငိုရလိမ့္မယ္” လို႔ ေမာ္ဂန္က ပို႔စ္တင္ခဲ့တာျဖစ္တယ္။
ဒါကိုျမင္ခဲ့တဲ့ အင္ဒီမာေရးကေတာ့ သည္းခံႏိုင္စြမ္းကုန္ဆုံးသြားတဲ့ပုံစံနဲ႔
“ပီးယာ့စ္ေမာ္ဂန္ေရ မေသခ်ာတဲ့ကမာၻ႔ဖလားၿပိဳင္ပြဲက မင္းအတြက္





ပိုဆိုးသြားႏိုင္တယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ပီးယာ့စ္ေမာ္ဂန္ဟာ
ေရာ္နယ္ဒိုရဲ႕ဘက္ေတာ္သားအျဖစ္ရွိခဲ့သူျဖစ္ၿပီး ယူႏိုက္တက္နဲ႔





ေပၚတူဂီၾကယ္ပြင့္တို႔ စာခ်ဳပ္မဖ်က္သိမ္းခင္မွာ ေပါက္ကြဲအားျပင္းတဲ့
အင္တာဗ်ဴးအစီအစဥ္ကို လူသိရွင္ၾကားထုတ္ေဖာ္ခဲ့သူျဖစ္တယ္။