





အာဂျင်တီးနားကြယ်ပွင့်မက်ဆီဟာ ကာတာကမ္ဘာ့ဖလားမှာချန်ပီယံဆု
သိမ်းပိုက်ဖို့လက်တစ်ကမ်းအလိုကိုရောက်နေပြီဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၆ က





ဖြစ်ရပ်တစ်ခုမှာ စိတ်အလိုလိုက်ခဲ့မယ်ဆိုရင် မက်ဆီကိုအခုလိုပုံစံမျိုးနဲ့
မြင်ရဖို့မရှိသလို အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအိပ်မက်ဆိုတာလည်း
ဖြစ်လာဖို့မရှိတာပါ။ အာဂျင်တီးနားဟာ ၂၀၁၆ ကိုပါအမေရိကဗိုလ်လုပွဲမှာ





ချီလီကိုပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့သလို ၉နှစ်အတွင်း
ဗိုလ်လုပွဲ ၄ကြိမ်ရှုံးတဲ့မှတ်တမ်းဆိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။





ချီလီကိုရှုံးတဲ့ပွဲအပြီးမှာတော့ မက်ဆီဟာ ကွင်းထဲမှာစိတ်ပျက်လက်ပျက်
ငိုကြွေးခဲ့သလို နိုင်ငံတကာကစားသမားဘဝကနေ အနားယူတော့မယ်လို့
ထုတ်ပြန်ကြေညာလိုက်ပါတယ်။ “ကျွန်တော့်အတွက်တော့





လက်ရွေးစင်ကစားသမားဘဝပြီးဆုံးသွားပါပြီ။ ကျွန်တော် တတ်နိုင်သလောက်
လုပ်ခဲ့ပြီးပြီ။ ချန်ပီယံဖြစ်ဖို့အတွက် အလွန်နာကျင်ခံစားရပါတယ်” လို့





ချီလီနဲ့ပွဲအပြီးမှာ မက်ဆီက ပြောဆိုခဲ့ပါတယ်။ ဒီလိုအချိန်မှာတော့
သူ့ရဲ့မဟာပြိုင်ဘက်ကြီး ရော်နယ်ဒိုကတားဆီးခဲ့ပြီး ထပ်တူ
နာကျင်မိကြောင်းနဲ့ အာဂျင်တီးနားအသင်းဘက်က မက်ဆီကို





လိုအပ်နေသေးတယ်လို့ တားမြစ်ခဲ့ပါတယ်။ “မက်ဆီ ငိုနေတာကို
မြင်ရတာက ကျွန်တော့်ကိုနာကျင်စေသလို လက်ရွေးစင်အသင်းအတွက်





သူပြန်လာဖို့မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဂျင်တီးနားက
သူ့ကိုလိုအပ်နေလို့ပါ” လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မက်ဆီဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို





ချမှတ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းနဲ့ဆက်လက်တိုက်ပွဲဝင်ဖို့ရွေးချယ်သွားခဲ့တာဖြစ်တယ်။





zawgyi
မက္ဆီငိုေနတာကိုျမင္ရေတာ့နာက်င္မိတယ္ … အာဂ်င္တီးနားအတြက္မင္းမရွိလို႔မျဖစ္ဘူးလို႔ ေရာ္နယ္ဒို အႀကံေပးခဲ့ဖူးတယ္ …
အာဂ်င္တီးနားၾကယ္ပြင့္မက္ဆီဟာ ကာတာကမာၻ႔ဖလားမွာခ်န္ပီယံဆု





သိမ္းပိုက္ဖို႔လက္တစ္ကမ္းအလိုကိုေရာက္ေနၿပီျဖစ္တယ္။ ဒါေပမဲ့ ၂၀၁၆ က
ျဖစ္ရပ္တစ္ခုမွာ စိတ္အလိုလိုက္ခဲ့မယ္ဆိုရင္ မက္ဆီကိုအခုလိုပုံစံမ်ိဳးနဲ႔





ျမင္ရဖို႔မရွိသလို အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလားအိပ္မက္ဆိုတာလည္း
ျဖစ္လာဖို႔မရွိတာပါ။ အာဂ်င္တီးနားဟာ ၂၀၁၆ ကိုပါအေမရိကဗိုလ္လုပြဲမွာ
ခ်ီလီကိုပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့သလို ၉ႏွစ္အတြင္း





ဗိုလ္လုပြဲ ၄ႀကိမ္ရႈံးတဲ့မွတ္တမ္းဆိုးနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။
ခ်ီလီကိုရႈံးတဲ့ပြဲအၿပီးမွာေတာ့ မက္ဆီဟာ ကြင္းထဲမွာစိတ္ပ်က္လက္ပ်က္





ငိုေႂကြးခဲ့သလို ႏိုင္ငံတကာကစားသမားဘဝကေန အနားယူေတာ့မယ္လို႔
ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ “ကြၽန္ေတာ့္အတြက္ေတာ့
လက္ေ႐ြးစင္ကစားသမားဘဝၿပီးဆုံးသြားပါၿပီ။ ကြၽန္ေတာ္ တတ္ႏိုင္သေလာက္





လုပ္ခဲ့ၿပီးၿပီ။ ခ်န္ပီယံျဖစ္ဖို႔အတြက္ အလြန္နာက်င္ခံစားရပါတယ္” လို႔
ခ်ီလီနဲ႔ပြဲအၿပီးမွာ မက္ဆီက ေျပာဆိုခဲ့ပါတယ္။ ဒီလိုအခ်ိန္မွာေတာ့





သူ႔ရဲ႕မဟာၿပိဳင္ဘက္ႀကီး ေရာ္နယ္ဒိုကတားဆီးခဲ့ၿပီး ထပ္တူ
နာက်င္မိေၾကာင္းနဲ႔ အာဂ်င္တီးနားအသင္းဘက္က မက္ဆီကို
လိုအပ္ေနေသးတယ္လို႔ တားျမစ္ခဲ့ပါတယ္။ “မက္ဆီ ငိုေနတာကို





ျမင္ရတာက ကြၽန္ေတာ့္ကိုနာက်င္ေစသလို လက္ေ႐ြးစင္အသင္းအတြက္
သူျပန္လာဖို႔ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အာဂ်င္တီးနားက





သူ႔ကိုလိုအပ္ေနလို႔ပါ” လို႔ ေရာ္နယ္ဒိုက ေျပာဆိုခဲ့ပါတယ္။
ေနာက္ပိုင္းမွာေတာ့ မက္ဆီဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ကို
ခ်မွတ္ႏိုင္ခဲ့ၿပီး အာဂ်င္တီးနားအသင္းနဲ႔ဆက္လက္တိုက္ပြဲဝင္ဖို႔ေ႐ြးခ်ယ္သြားခဲ့တာျဖစ္တယ္။




