မက်ဆီဂျာစီတွေကို အမှာများနေလို့ လိုသလောက် မချုပ်ပေးနိုင်ကြောင်း ပီအက်စ်ဂျီစပွန်ဆာဒါရိုက်တာဆို

ပီအက်စ်ဂျီအသင်းစပွန်ဆာဒါရိုက်တာမက်အမ်းစထရောင်းက ဈေးကွက်ထဲမှာ

မက်ဆီနာမည်နဲ့ အသင်းဂျာစီတွေဟာ မှာလိုအား

အဆမတန်များလွန်းနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမ်စထရောင်းရဲ့အဆိုအရ မက်ဆီရဲ့ကျောနံပတ်ပါ ပီအက်စ်ဂျီအင်္ကျီဟာ

မှာယူမှု ၃၀ ကနေ ၄၀ ရာခိုင်နှုန်းကြား မြင့်တက်နေတာပါ။

ဒီလိုမှာယူမှုတိုးနေတဲ့အတွက် ကလပ်အနေနဲ့ လိုသလောက် မချုပ်ပေးနိုင်လို့

အတော်လေးဒုက္ခရောက်နေကြောင်းလည်း အမ်းစထရောင်းက ဆိုခဲ့ပါတယ်။

”မှာယူမှုက တိုးနေတုန်းပါ။ အဲဒါက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းကြားရှိပါတယ်။

ဥပမာအနေနဲ့ စီရော်နယ်ဒိုရဲ့ယူနိုက်အပြောင်းအရွှေ့မျိုးဖြစ်လာမယ်ဆိုရင်

တော်တော်များများကတော့ အင်္ကျီရောင်းဖို့အတွက်

သူတို့ခေါ်လိုက်တာလို့ ထင်ကောင်းထင်ကြမှာပါ။

ဒါပေမဲ့ အဲဒီလိုမဟုတ်ပါဘူး။ အင်္ကျီတစ်ပုံတစ်ပင်ကြီးချုပ်နိုင်ဖို့က

အဆင်မပြေဘူးလေ”လို့ ပီအက်စ်ဂျီစပွန်ဆာဒါရိုက်တာက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမ်းစထရောင်းက ပီအက်စ်ဂျီရဲ့ Jordan အမှတ်တံဆိပ်က

နာမည်ကြီးသလို မက်ဆီလိုကစားသမားရောက်လာလို့ မှာယူမှုက

သတ်မှတ်ထားတဲ့အမြင့်ဆုံးထက်ကို ကျော်နေပြီလို့ ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာက အရောင်းမှတ်တမ်းတစ်ခုအရဆိုရင် ပီအက်စ်ဂျီဟာ

မက်ဆီနာမည်နဲအသင်းဂျာစီပေါင်း

တစ်သန်းကျော်လောက်ရောင်းချပြီးသွားပြီလို့ သိရပါတယ်။

အဲဒီအာဂျင်တီးနားစူပါစတားဟာ ပီအက်စ်ဂျီမှာ မျှော်မှန်းထားသလောက်

ဖြစ်မလာသေးပေမယ့် ၂၀၂၂ ထဲရောက်လာပြီးကတည်းက ပိုပြီးခြေစွမ်းပြလာနိုင်ခဲ့တာပါ။

မက်ဆီဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၇ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးပေးထားပါတယ်။

ဒါပေမဲ့ သူဟာ လီဂူးအမှတ်ပေးပြိုင်ပွဲမှာတော့ ၂ ဂိုးသာ သွင်းယူနိုင်သေးတာပါ။

zawgyi

မက္ဆီဂ်ာစီေတြကို အမွာမ်ားေနလို႔ လိုသေလာက္ မခ်ဳပ္ေပးႏိုင္ေၾကာင္း ပီအက္စ္ဂ်ီစပြန္ဆာဒါ႐ိုက္တာဆို

ပီအက္စ္ဂ်ီအသင္းစပြန္ဆာဒါ႐ိုက္တာမက္အမ္းစထေရာင္းက ေဈးကြက္ထဲမွာ

မက္ဆီနာမည္နဲ႔ အသင္းဂ်ာစီေတြဟာ မွာလိုအား

အဆမတန္မ်ားလြန္းေနဆဲျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အမ္စထေရာင္းရဲ႕အဆိုအရ မက္ဆီရဲ႕ေက်ာနံပတ္ပါ ပီအက္စ္ဂ်ီအက်ႌဟာ

မွာယူမႈ ၃၀ ကေန ၄၀ ရာခိုင္ႏႈန္းၾကား ျမင့္တက္ေနတာပါ။

ဒီလိုမွာယူမႈတိုးေနတဲ့အတြက္ ကလပ္အေနနဲ႔ လိုသေလာက္ မခ်ဳပ္ေပးႏိုင္လို႔

အေတာ္ေလးဒုကၡေရာက္ေနေၾကာင္းလည္း အမ္းစထေရာင္းက ဆိုခဲ့ပါတယ္။

”မွာယူမႈက တိုးေနတုန္းပါ။ အဲဒါက ၃၀ ကေန ၄၀ ရာခိုင္ႏႈန္းၾကားရွိပါတယ္။

ဥပမာအေနနဲ႔ စီေရာ္နယ္ဒိုရဲ႕ယူႏိုက္အေျပာင္းအေ႐ႊ႕မ်ိဳးျဖစ္လာမယ္ဆိုရင္

ေတာ္ေတာ္မ်ားမ်ားကေတာ့ အက်ႌေရာင္းဖို႔အတြက္

သူတို႔ေခၚလိုက္တာလို႔ ထင္ေကာင္းထင္ၾကမွာပါ။

ဒါေပမဲ့ အဲဒီလိုမဟုတ္ပါဘူး။ အက်ႌတစ္ပုံတစ္ပင္ႀကီးခ်ဳပ္ႏိုင္ဖို႔က

အဆင္မေျပဘူးေလ”လို႔ ပီအက္စ္ဂ်ီစပြန္ဆာဒါ႐ိုက္တာက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အမ္းစထေရာင္းက ပီအက္စ္ဂ်ီရဲ႕ Jordan အမွတ္တံဆိပ္က

နာမည္ႀကီးသလို မက္ဆီလိုကစားသမားေရာက္လာလို႔ မွာယူမႈက

သတ္မွတ္ထားတဲ့အျမင့္ဆုံးထက္ကို ေက်ာ္ေနၿပီလို႔ ဆိုခဲ့တာပါ။

ၿပီးခဲ့တဲ့ဒီဇင္ဘာက အေရာင္းမွတ္တမ္းတစ္ခုအရဆိုရင္ ပီအက္စ္ဂ်ီဟာ

မက္ဆီနာမည္နဲအသင္းဂ်ာစီေပါင္း

တစ္သန္းေက်ာ္ေလာက္ေရာင္းခ်ၿပီးသြားၿပီလို႔ သိရပါတယ္။

အဲဒီအာဂ်င္တီးနားစူပါစတားဟာ ပီအက္စ္ဂ်ီမွာ ေမွ်ာ္မွန္းထားသေလာက္

ျဖစ္မလာေသးေပမယ့္ ၂၀၂၂ ထဲေရာက္လာၿပီးကတည္းက ပိုၿပီးေျခစြမ္းျပလာႏိုင္ခဲ့တာပါ။

မက္ဆီဟာ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ ၇ ဂိုးသြင္းၿပီး ၁၁ ဂိုးဖန္တီးေပးထားပါတယ္။

ဒါေပမဲ့ သူဟာ လီဂူးအမွတ္ေပးၿပိဳင္ပြဲမွာေတာ့ ၂ ဂိုးသာ သြင္းယူႏိုင္ေသးတာပါ။