မက်ဆီခေါ်ယူရေးက ဟာသလို့ အထင်ခံခဲ့ရတယ်

PSG အသင်းနည်းပြ ပိုချက်တီနို က အာဂျင်တီးနား နာမည်ကျော်တိုက်စစ်

ကစားသမား လီယို မက်ဆီ ကို ခေါ်ယူနိုင်မယ်လို့ သိခဲ့ရတဲ့အချိန်တုန်းက

ဟာသလို့သာထင်ခဲ့မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ စာချုပ်

သစ်ဆက်ချုပ်မယ့် အစီအစဉ်ပျက်ပြယ်သွားခဲ့တဲ့ မက်ဆီ ကို ခေါ်ယူချင်လားဆိုပြီး

PSG အားကစားဒါရိုက်တာ လီယိုနာဒို က ပိုချက်တီနို ကို အရင်ဆုံးမေးမြန်းခဲ့ပါတယ်။

အဲ့ဒီအကြောင်းကို ပိုချက်တီနို က “ လီယိုနာဒို က ကျွန်တော့်ကို ဖုန်းခေါ်ပြီး

မက်ဆီ ကို ခေါ်ယူချင်လားဆိုပြီး မေးခဲ့တယ်။ အဲ့တော့ ကျွန်တော်ကသူ့ကို

“ ဒီစကားက တကယ်ကြီးမေးတဲ့ မေးခွန်းလား “ လို့ ပြန်ပြောခဲ့တယ်။ အရိုး

သားဆုံးဝန်ခံရရင် အဲ့ဒီစကားကို ဟာသတခုလို့ ကျွန်တော် တွေးခဲ့မိတာပါ။

ကျွန်တော်တို့စကားပြောဆိုပြီးသွားတော့ မက်ဆီ ကို ခေါ်ယူဖို့အတွက်

စတင်လုပ်ဆောင်ခဲ့ကြတယ်။ ကျွန်တော်တို့ဖက်က သူ့အတွက် တံခါးဖွင့်ပေး

လိုက်တော့ မက်ဆီ လည်း PSG အသင်းဆီ လာရောက်ဖို့ ဆုံးဖြတ်ခဲ့တာ

ဖြစ်မယ်လို့ ကျွန်တော်ထင်တယ် “ လို့ စပိန်သတင်းဌာနတခုနဲ့ တွေ့ဆုံစဉ်မှာ

ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် PSG အသင်းကနေထွက်ခွါတော့မယ်လို့ သတင်းတွေထွက်နေတဲ့

ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား အမ်ဘာပေ နဲ့ ပတ်သက်ပြီးတော့လည်း

ပိုချက်တီနို က “ ကီလီယန် ( အမ်ဘာပေ ) အနေနဲ့ သူချမှတ်ရမယ့် ဆုံးဖြတ်

ချက်ကိုတော့ ချမှတ်ရပါလိမ့်မယ်။ ကလပ်အသင်းကတော့ သူ့ကိုဆက်ထိန်

းထားနိုင်ဖို့အတွက် လုပ်နိုင်တာမှန်သမျှကို လုပ်ဆောင်သွားမှာပါ။

သူအသင်းမှာ ဆက်ရှိနေအောင် PSG အသင်းအနေနဲ့ ဖြောင်းဖျနိုင်ပါတယ်။

ဒါကြောင့် သူ့ရဲ့စိတ်လည်း ပြောင်းသွားနိုင်ပါတယ် “ လို့ ပြောဆိုခဲ့ပါတယ်။

PSG အသင်းဟာ ဒီနေ့ညမှာတော့ လီဂူးဝမ်း ပွဲစဉ် ၁၀ အဖြစ် အန်ဂါစ်အသင်းနဲ့

ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ကို PSG အသင်းရဲ့ တောင်အမေရိက

ကစားသမားတွေဖြစ်တဲ့ မက်ဆီ ၊ နေမာ ၊ ဒီမာရီယာ ၊ မာကွင်ဟို့စ် နဲ့ ပါရီဒက်စ်

တို့ လွဲချော်ကြမှာဖြစ်ပါတယ်။

Zawgyi

မက္ဆီေခၚယူေရးက ဟာသလို႔ အထင္ခံခဲ့ရတယ္

PSG အသင္းနည္းျပ ပိုခ်က္တီႏို က အာဂ်င္တီးနား နာမည္ေက်ာ္တိုက္စစ္

ကစားသမား လီယို မက္ဆီ ကို ေခၚယူႏိုင္မယ္လို႔ သိခဲ့ရတဲ့အခ်ိန္တုန္းက

ဟာသလို႔သာထင္ခဲ့မိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္

သစ္ဆက္ခ်ဳပ္မယ့္ အစီအစဥ္ပ်က္ျပယ္သြားခဲ့တဲ့ မက္ဆီ ကို ေခၚယူခ်င္လားဆိုၿပီး

PSG အားကစားဒါ႐ိုက္တာ လီယိုနာဒို က ပိုခ်က္တီႏို ကို အရင္ဆုံးေမးျမန္းခဲ့ပါတယ္။

အဲ့ဒီအေၾကာင္းကို ပိုခ်က္တီႏို က “ လီယိုနာဒို က ကြၽန္ေတာ့္ကို ဖုန္းေခၚၿပီး

မက္ဆီ ကို ေခၚယူခ်င္လားဆိုၿပီး ေမးခဲ့တယ္။ အဲ့ေတာ့ ကြၽန္ေတာ္ကသူ႔ကို

“ ဒီစကားက တကယ္ႀကီးေမးတဲ့ ေမးခြန္းလား “ လို႔ ျပန္ေျပာခဲ့တယ္။ အ႐ိုး

သားဆုံးဝန္ခံရရင္ အဲ့ဒီစကားကို ဟာသတခုလို႔ ကြၽန္ေတာ္ ေတြးခဲ့မိတာပါ။

ကြၽန္ေတာ္တို႔စကားေျပာဆိုၿပီးသြားေတာ့ မက္ဆီ ကို ေခၚယူဖို႔အတြက္

စတင္လုပ္ေဆာင္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ဖက္က သူ႔အတြက္ တံခါးဖြင့္ေပး

လိုက္ေတာ့ မက္ဆီ လည္း PSG အသင္းဆီ လာေရာက္ဖို႔ ဆုံးျဖတ္ခဲ့တာ

ျဖစ္မယ္လို႔ ကြၽန္ေတာ္ထင္တယ္ “ လို႔ စပိန္သတင္းဌာနတခုနဲ႔ ေတြ႕ဆုံစဥ္မွာ

ျပန္ေျပာင္း ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ PSG အသင္းကေနထြက္ခြါေတာ့မယ္လို႔ သတင္းေတြထြက္ေနတဲ့

ျပင္သစ္ၾကယ္ပြင့္ တိုက္စစ္ကစားသမား အမ္ဘာေပ နဲ႔ ပတ္သက္ၿပီးေတာ့လည္း

ပိုခ်က္တီႏို က “ ကီလီယန္ ( အမ္ဘာေပ ) အေနနဲ႔ သူခ်မွတ္ရမယ့္ ဆုံးျဖတ္

ခ်က္ကိုေတာ့ ခ်မွတ္ရပါလိမ့္မယ္။ ကလပ္အသင္းကေတာ့ သူ႔ကိုဆက္ထိန္

းထားႏိုင္ဖို႔အတြက္ လုပ္ႏိုင္တာမွန္သမွ်ကို လုပ္ေဆာင္သြားမွာပါ။

သူအသင္းမွာ ဆက္ရွိေနေအာင္ PSG အသင္းအေနနဲ႔ ေျဖာင္းဖ်ႏိုင္ပါတယ္။

ဒါေၾကာင့္ သူ႔ရဲ႕စိတ္လည္း ေျပာင္းသြားႏိုင္ပါတယ္ “ လို႔ ေျပာဆိုခဲ့ပါတယ္။

PSG အသင္းဟာ ဒီေန႔ညမွာေတာ့ လီဂူးဝမ္း ပြဲစဥ္ ၁၀ အျဖစ္ အန္ဂါစ္အသင္းနဲ႔

ယွဥ္ၿပိဳင္ကစားရဖို႔ရွိေနပါတယ္။ အဲ့ဒီပြဲစဥ္ကို PSG အသင္းရဲ႕ ေတာင္အေမရိက

ကစားသမားေတြျဖစ္တဲ့ မက္ဆီ ၊ ေနမာ ၊ ဒီမာရီယာ ၊ မာကြင္ဟို႔စ္ နဲ႔ ပါရီဒက္စ္

တို႔ လြဲေခ်ာ္ၾကမွာျဖစ္ပါတယ္။