မက်ဆီက ကာတာမှာ ကစားနေချိန် မာရာဒိုနာက ကောင်းကင်ဘုံမှာ ရှိနေမယ်

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ကြည့်ရှုခွင့်ရဖို့အတွက် သူ့ရဲ့ မဟာအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ပြီး ကိုယ်ပိုင်အိမ်နဲ့ ကိုယ်ပိုင်ကားတစ်စီးကို ဝယ်နိုင်ဖို့ အခွင့်အရေးကို

စွန့်လွှတ်ခဲ့တဲ့ ပရိသတ်တစ်ယောက်အကြောင်းကို Sportkeeda ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။ အမ်မီလီယာနို မာထရန်ဂိုလိုလို့ ခေါ်တဲ့ အသက် ၃၉ နှစ်အရွယ်

အာဂျင်တီးနား ပရိသတ်တစ်ယောက်ဟာ မက်ဆီကစားတဲ့ ပွဲစဉ်တွေကို တိုက်ရိုက်ကြည့်နိုင်ဖို့အတွက် ကာတာနိုင်ငံကို သွားရောက်နေပြီဖြစ်ပါတယ်။ မာထရန်ဂိုလိုဟာ

မန်နေဂျာတစ်ယောက်ဖြစ်ပြီး ဗျူနိုအေးရိစ်တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီး ၂၀၂၂ ခုနှစ်မှာ မက်ဆီက စားတာကို တိုက်ရိုက်ကြည့်ခွင့်ရဖို့အတွက်

သူ့ရဲ့ အိပ်မက်တွေကို သဲသဲမဲမဲ အကောင်အထည်ဖော်ခဲ့တာနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။ ‘’လေးနှစ်လောက်အထိကို ငွေ တွေ စုဆောင်းခဲ့ရတာ။ ဒီအိပ်မက်လေး

အကောင်အထည်ပေါ်လာနိုးနိုးနဲ့ ငွေတချို့ကို စုဆောင်းခဲ့ရတာ။ ကားတွေ အိမ်တွေ ဝယ်တာမျိုးကို ရှောင်ရှားခဲ့ပြီး လုပ်ရတာ။ ဒါက အိပ်မက်တစ်ခုပါပဲ။ ဒါဟာ အရူးအမူး စွဲလမ်းမှုတစ်ခုပေါ့။

အိမ်တစ်လုံးကို ၅ ရာခိုင်နှုန်းစပေးပြီး ပိုင်ဆိုင်ရမယ့် အခွင့်အရေးအစား ဒီကောင်က ကာတာကိုသွားပြီး ငွေတွေသုံးမယ်လမ်းကို ရွေးနေတယ်လို့ လူ တော်တော်များများက ပြောကြာပါတယ်။

ဟုတ်ပါတယ်။ အိမ်ရှိတော့ ကောင်းတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကာတာကို သွားမှာပါဗျ’’ လို့ မာထရန် ဂိုလိုက ပြောဆိုခဲ့ပါတယ်။ မာထရန်ဂိုလိုနဲ့အတူ ကာတာကို လိုက်ပါမယ့်

အာဂျင်တီးနား ဘောလုံးပရိသတ် ၃၀၀ လောက်ဟာလည်း သူပိုင်ဆိုင်တဲ့ အကင်ဆိုင်မှာ စုရပ်တစ်ခုထားပြီး စုဝေးခဲ့ကြပါတယ်။ အဲဒီလို စုဝေးနေချိန် မှာလည်း ‘’ငါတို့မှာ ကွင်းထဲမှာ

ကစားနေတဲ့ မက်ဆီရှိပြီး ကောင်းကင်ဘုံမှာ ကစားနေတဲ့ မာရာဒိုနာရှိတယ်’’ ဆိုတဲ့ ဟစ်ကြွေးသံတွေကို သံပြိုင် ရွတ်ဆို နေခဲ့ကြပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားဟာ

နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆော်ဒီအာရေဗျနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

(Zawgyi)

မက္ဆီက ကာတာမွာ ကစားေနခ်ိန္ မာရာဒိုနာက ေကာင္းကင္ဘုံမွာ ရွိေနမယ္

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို တိုက္႐ိုက္ၾကည့္ရႈခြင့္ရဖို႔အတြက္ သူ႔ရဲ႕ မဟာ အိပ္မက္ကို အေကာင္အထည္ေဖာ္ခဲ့ၿပီး ကိုယ္ပိုင္အိမ္နဲ႔ ကိုယ္ပိုင္ကားတစ္စီးကို ဝယ္ႏိုင္ဖို႔

အခြင့္အေရးကို စြန႔္လႊတ္ခဲ့တဲ့ ပရိသတ္တစ္ေယာက္အေၾကာင္းကို Sportkeeda ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပခဲ့ပါတယ္။ အမ္မီလီယာႏို မာထရန္ဂိုလိုလို႔ ေခၚတဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္ အာဂ်င္တီးနား

ပရိသတ္ တစ္ေယာက္ဟာ မက္ဆီကစားတဲ့ ပြဲစဥ္ေတြကို တိုက္႐ိုက္ၾကည့္ႏိုင္ဖို႔အ တြက္ ကာတာႏိုင္ငံကို သြားေရာက္ေနၿပီျဖစ္ပါတယ္။ မာထရန္ဂိုလိုဟာ

မန္ေနဂ်ာတစ္ေယာက္ျဖစ္ၿပီး ဗ်ဴႏိုေအးရိစ္တကၠသိုလ္ကေန ဘြဲ႕ရထားတဲ့ ပညာတတ္တစ္ေယာက္ျဖစ္ပါတယ္။ ေနာက္ၿပီး ၂၀၂၂ ခုႏွစ္မွာ မက္ဆီကစားတာကို

တိုက္႐ိုက္ၾကည့္ခြင့္ရဖို႔အတြက္ သူ႔ရဲ႕ အိပ္မက္ေတြကို သဲသဲမဲမဲ အေကာင္အထည္ေဖာ္ခဲ့တာနဲ႔ပတ္သက္ၿပီး အခုလို ရွင္းျပပါတယ္။ ‘’ေလးႏွစ္ေလာက္အထိကို ေငြ ေတြ

စုေဆာင္းခဲ့ရတာ။ ဒီအိပ္မက္ေလး အေကာင္အထည္ေပၚလာႏိုးႏိုးနဲ႔ ေငြတခ်ိဳ႕ကို စုေဆာင္းခဲ့ရတာ။ ကားေတြ အိမ္ေတြ ဝယ္တာမ်ိဳးကို ေရွာင္ရွား ခဲ့ၿပီး လုပ္ရတာ။ ဒါက အိပ္မက္တစ္ခုပါပဲ။

ဒါဟာ အ႐ူးအမူး စြဲလမ္းမႈ တစ္ခု ေပါ့။ အိမ္တစ္လုံးကို ၅ ရာခိုင္ႏႈန္းစေပးၿပီး ပိုင္ဆိုင္ရမယ့္ အခြင့္အေရးအစား ဒီေကာင္က ကာတာကိုသြားၿပီး ေငြေတြသုံးမယ္လမ္းကို ေ႐ြးေနတယ္လို႔

လူ ေတာ္ေတာ္မ်ားမ်ားက ေျပာၾကာပါတယ္။ ဟုတ္ပါတယ္။ အိမ္ရွိေတာ့ ေကာင္း တာေပါ့ဗ်ာ။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ကာတာကို သြားမွာပါဗ်’’ လို႔ မာထရန္ ဂိုလိုက ေျပာဆိုခဲ့ပါတယ္။

မာထရန္ဂိုလိုနဲ႔အတူ ကာတာကို လိုက္ပါမယ့္ အာဂ်င္တီးနား ေဘာလုံးပရိသတ္ ၃၀၀ ေလာက္ဟာလည္း သူပိုင္ဆိုင္တဲ့ အကင္ဆိုင္မွာ စုရပ္တစ္ခုထားၿပီး စုေဝးခဲ့ၾကပါတယ္။

အဲဒီလို စုေဝးေနခ်ိန္ မွာလည္း ‘’ငါတို႔မွာ ကြင္းထဲမွာ ကစားေနတဲ့ မက္ဆီရွိၿပီး ေကာင္းကင္ဘုံမွာ ကစားေနတဲ့ မာရာဒိုနာရွိတယ္’’ ဆိုတဲ့

ဟစ္ေႂကြးသံေတြကို သံၿပိဳင္ ႐ြတ္ဆို ေနခဲ့ၾကပါတယ္။ မက္ဆီရဲ႕ အာဂ်င္တီးနားဟာ ႏိုဝင္ဘာ ၂၆ ရက္ေန႔မွာေတာ့ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ေဆာ္ဒီအာေရဗ်နဲ႔ စတင္ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။