မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားမဖြစ်နိုင်တော့ပါဘူးလို့ ပရိသတ်တွေ ယူဆနေ

ပြီးခဲ့တဲ့ တနင်္လာနေ့က နိုက်စ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်ဖလား

(၁၆) သင်းအဆင့်ပွဲစဉ်မှာ ပီအက်စ်ဂျီတို့ ပင်နယ်တီအဆုံးအဖြတ်နဲ့

ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေက မက်ဆီရဲ့ ကစားပုံအပေါ်

အပြင်းအထန် ဝေဖန် ပြစ်တင်လာခဲ့ကြပါတယ်။

အဲဒီပွဲမှာ အသက် (၃၄) နှစ်အရွယ် မက်ဆီရဲ့ စွမ်းဆောင်ရည်အပေါ်မှာ

ပရိသတ်တွေက အပြင်းအထန် ဝေဖန်နေကြပြီး မက်ဆီအနေနဲ့

ပြင်သစ်လိဂ်အသင်းတွေရဲ့ အထာကို သဘောပေါက် နားလည်သင့်ပြီလို့

ဆိုရှယ်မီဒီယာပေါ်မှာ အပြစ်တင်ပြောကြားခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်က “လူတိုင်းက

မက်ဆီ ဘယ်လို ရွေ့လျားမယ်ဆိုတာကို သိနေပါပြီ။

သူက ဘောလုံးကို လျင်လျင်မြန်မြန် နဲ့ ပေးပို့မယ့်

အစား ကွင်းထဲမှာရှိတဲ့လူအကုန်လုံးကို ဘောလုံးနဲ့

ကျော်ဖြတ်ချင်နေပါတယ်။ (၂၀၁၁) ကလိုပေါ့။

သူ ပြင်သစ်ပွဲတွေနဲ့ အသားကျသင့်နေပါပြီ” လို့ ရေးသားဝေဖန်ခဲ့ပါတယ်။

အခြား ပရိသတ်တစ်ယောက်ကလည်း “မက်ဆီက

ကမ္ဘာ့အကောင်းဆုံး ကစားသမားမဖြစ်နိုင်တော့ပါဘူး။

လီဝန်ဒေါစကီး၊ ဒီဘရိုင်း၊ ဆာလာတို့အားလုံးက သူ့ထက် ပိုကောင်းနေပါပြီ။

မက်ဆီက မန်စီးတီးကို ပြောင်းမယ့်အစား ပီအက်စ်ဂျီကိုပြောင်းပြီး

သူ့ကစားသမားဘဝ သူ ဖျက်စီးလိုက်တာပါ” လို့ ပြစ်တင်ခဲ့ပါတယ်။

အခြားသောပရိသတ်တွေကလည်း “မက်ဆီရဲ့ အသစ်အသစ်တွေကို

ထပ်ပြီး မြင်တွေ့ချင်တယ်ဆိုရင်တော့ သူ့ကို အီဘာနဲ့ ကန်ခိုင်းမှရမယ်”

“နောက်ခံလူတွေက မက်ဆီ ဘာလုပ်မယ်ဆိုတာကို သိပြီးနေပါပြီ”

“တစ်ယောက်ယောက်က မက်ဆီ ကို ဒါ လာလီဂါမဟုတ်တဲ့အကြောင်း၊

နောက်ခံလူတွေက ထိပ်တိုက်တွေ့ရမှာကို ကြောက်နေမှာမဟုတ်တဲ့အကြောင်း

ပြောပေးပါလား” လို့လည်း အသီးသီးဝေဖန်ခဲ့ကြပါတယ်။

zawgyi

မက္ဆီက ကမာၻ႔အေကာင္းဆုံး ကစားသမားမျဖစ္ႏိုင္ေတာ့ပါဘူးလို႔ ပရိသတ္ေတြ ယူဆေန

ၿပီးခဲ့တဲ့ တနလၤာေန႔က ႏိုက္စ္နဲ႔ ကစားခဲ့တဲ့ ျပင္သစ္ဖလား

(၁၆) သင္းအဆင့္ပြဲစဥ္မွာ ပီအက္စ္ဂ်ီတို႔ ပင္နယ္တီအဆုံးအျဖတ္နဲ႔

ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရိသတ္ေတြက မက္ဆီရဲ႕ ကစားပုံအေပၚ

အျပင္းအထန္ ေဝဖန္ ျပစ္တင္လာခဲ့ၾကပါတယ္။

အဲဒီပြဲမွာ အသက္ (၃၄) ႏွစ္အ႐ြယ္ မက္ဆီရဲ႕ စြမ္းေဆာင္ရည္အေပၚမွာ

ပရိသတ္ေတြက အျပင္းအထန္ ေဝဖန္ေနၾကၿပီး မက္ဆီအေနနဲ႔

ျပင္သစ္လိဂ္အသင္းေတြရဲ႕ အထာကို သေဘာေပါက္ နားလည္သင့္ၿပီလို႔

ဆိုရွယ္မီဒီယာေပၚမွာ အျပစ္တင္ေျပာၾကားခဲ့ၾကပါတယ္။

ပရိသတ္တစ္ေယာက္က “လူတိုင္းက

မက္ဆီ ဘယ္လို ေ႐ြ႕လ်ားမယ္ဆိုတာကို သိေနပါၿပီ။

သူက ေဘာလုံးကို လ်င္လ်င္ျမန္ျမန္ နဲ႔ ေပးပို႔မယ့္

အစား ကြင္းထဲမွာရွိတဲ့လူအကုန္လုံးကို ေဘာလုံးနဲ႔

ေက်ာ္ျဖတ္ခ်င္ေနပါတယ္။ (၂၀၁၁) ကလိုေပါ့။

သူ ျပင္သစ္ပြဲေတြနဲ႔ အသားက်သင့္ေနပါၿပီ” လို႔ ေရးသားေဝဖန္ခဲ့ပါတယ္။

အျခား ပရိသတ္တစ္ေယာက္ကလည္း “မက္ဆီက

ကမာၻ႔အေကာင္းဆုံး ကစားသမားမျဖစ္ႏိုင္ေတာ့ပါဘူး။

လီဝန္ေဒါစကီး၊ ဒီဘ႐ိုင္း၊ ဆာလာတို႔အားလုံးက သူ႔ထက္ ပိုေကာင္းေနပါၿပီ။

မက္ဆီက မန္စီးတီးကို ေျပာင္းမယ့္အစား ပီအက္စ္ဂ်ီကိုေျပာင္းၿပီး

သူ႔ကစားသမားဘဝ သူ ဖ်က္စီးလိုက္တာပါ” လို႔ ျပစ္တင္ခဲ့ပါတယ္။

အျခားေသာပရိသတ္ေတြကလည္း “မက္ဆီရဲ႕ အသစ္အသစ္ေတြကို

ထပ္ၿပီး ျမင္ေတြ႕ခ်င္တယ္ဆိုရင္ေတာ့ သူ႔ကို အီဘာနဲ႔ ကန္ခိုင္းမွရမယ္”

“ေနာက္ခံလူေတြက မက္ဆီ ဘာလုပ္မယ္ဆိုတာကို သိၿပီးေနပါၿပီ”

“တစ္ေယာက္ေယာက္က မက္ဆီ ကို ဒါ လာလီဂါမဟုတ္တဲ့အေၾကာင္း၊

ေနာက္ခံလူေတြက ထိပ္တိုက္ေတြ႕ရမွာကို ေၾကာက္ေနမွာမဟုတ္တဲ့အေၾကာင္း

ေျပာေပးပါလား” လို႔လည္း အသီးသီးေဝဖန္ခဲ့ၾကပါတယ္။