မက်ဆီကြောင့် အာဂျင်တီးနားအသင်းကမ္ဘာ့ချန်ပီယံဖြစ်စေချင်တယ်လို့ ဗန်ပါစီ ထောက်ခံလိုက်

နယ်သာလန်တိုက်စစ်မှူးဟောင်းဗန်ပါစီကတော့ ကာတာကမ္ဘာ့ဖလားမှာ

မက်ဆီရဲ့အာဂျင်တီးနားအသင်းဗိုလ်စွဲစေချင်တယ်လို့ အံ့အားသင့်ဖွယ်ထောက်ခံပေးလိုက်ပါတယ်။

အာဂျင်တီးနားနဲ့ နယ်သာလန်တို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာထိပ်တိုက်တွေ့ဆုံနေပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်းကတော့

ဒီပြိုင်ပွဲအတွက် အာဂျင်တီးနားကိုတစ်ပေးနေတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။

အာဂျင်တိုင်းတွေဟာ ကမ္ဘာ့ချန်ပီယံနှစ်ကြိမ်ဖြစ်ထားတယ်ဆိုပေမဲ့ ၁၉၇၈ ခုနှစ်မှာ နောက်ဆုံးရရှိထားတာဖြစ်တယ်။

နယ်သာလန်ရဲ့ကွာတားဖိုင်နယ်အတားအဆီးကိုကျော်ဖြတ်နိုင်ပါက အာဂျင်တီးနားချန်ပီယံဖြစ်နိုင်တယ်လို့ ဗန်ပါစီက သုံးသပ်ခဲ့ပါတယ်။

ဗန်ပါစီက သူ့အနေနဲ့အာဂျင်တီးနားချန်ပီယံဖြစ်ဖို့လိုလားနေတာဟာ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ မက်ဆီကြောင့်လို့ဆိုပါတယ်။

မက်ဆီဟာ လက်ရှိပြိုင်ပွဲမှာ ၃ဂိုး သွင်းထားပြီး အကောင်းဆုံးခြေစွမ်းပြနေသလို ကမ္ဘာ့ဖလားချန်ပီယံဆုကိုသိမ်းပိုက်နိုင်ပါက

ကွယ်လွန်သူဂန္တဝင်ကြီးမာရာဒိုနာကိုအပြီးသတ်ကျော်ဖြတ်ပြီး အာဂျင်တီးနားရဲ့ထာဝရအကောင်းဆုံးအဖြစ်ရပ်တည်သွားနိုင်လိမ့်မယ်လို့

စပိန်သတင်းစာ Marca သတင်းစာက သုံးသပ်လိုက်ပါတယ်။

မက်ဆီဟာ သြစတြေးလျနဲ့ပွဲစဉ်မှာ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပထမဆုံးသွင်းဂိုးကိုရယူနိုင်ခဲ့ပြီး

မာရာဒိုနာရဲ့ကမ္ဘာ့ဖလားဂိုးသွင်းစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့သလို အာဂျင်တီးနားကစားသမားတွေထဲမှာ

ဘတစ္စတူတာ(၁၀ဂိုး) ရဲ့နောက် ဒုတိယမြောက်ဂိုးသွင်းအများဆုံးကစားသမား(၉ဂိုး) အဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်တယ်။

နယ်သာလန်ပရိသတ်တွေကတော့ မက်ဆီဦးဆောင်တဲ့ တောင်အမေရိကချန်ပီယံတွေကိုရင်ဆိုင်ဖို့အဆင်သင့်ရှိနေပြီလို့ ယုံကြည်နေကြသလို

မကြာသေးခင် Goal.com ဝက်ဘ်ဆိုက်က မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ လိမ္မော်ရောင်ပရိသတ်တွေက

မက်ဆီနဲ့ ပတ်သတ်လို့ရယ်ရယ်မောမောမှတ်ချက်တွေသာပေးခဲ့ပါတယ်။

zawgyi

မက္ဆီေၾကာင့္ အာဂ်င္တီးနားအသင္းကမာၻ႔ခ်န္ပီယံျဖစ္ေစခ်င္တယ္လို႔ ဗန္ပါစီ ေထာက္ခံလိုက္

နယ္သာလန္တိုက္စစ္မႉးေဟာင္းဗန္ပါစီကေတာ့ ကာတာကမာၻ႔ဖလားမွာ မက္ဆီရဲ႕အာဂ်င္တီးနားအသင္းဗိုလ္စြဲေစခ်င္တယ္လို႔ အံ့အားသင့္ဖြယ္ေထာက္ခံေပးလိုက္ပါတယ္။

အာဂ်င္တီးနားနဲ႔ နယ္သာလန္တို႔ဟာ ကြာတားဖိုင္နယ္အဆင့္မွာထိပ္တိုက္ေတြ႕ဆုံေနၿပီး ယူႏိုက္တက္တိုက္စစ္မႉးေဟာင္းကေတာ့

ဒီၿပိဳင္ပြဲအတြက္ အာဂ်င္တီးနားကိုတစ္ေပးေနတာက စိတ္ဝင္စားစရာျဖစ္ေနပါတယ္။

အာဂ်င္တိုင္းေတြဟာ ကမာၻ႔ခ်န္ပီယံႏွစ္ႀကိမ္ျဖစ္ထားတယ္ဆိုေပမဲ့ ၁၉၇၈ ခုႏွစ္မွာ ေနာက္ဆုံးရရွိထားတာျဖစ္တယ္။

နယ္သာလန္ရဲ႕ကြာတားဖိုင္နယ္အတားအဆီးကိုေက်ာ္ျဖတ္ႏိုင္ပါက အာဂ်င္တီးနားခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ ဗန္ပါစီက သုံးသပ္ခဲ့ပါတယ္။

ဗန္ပါစီက သူ႔အေနနဲ႔အာဂ်င္တီးနားခ်န္ပီယံျဖစ္ဖို႔လိုလားေနတာဟာ ၾကယ္ပြင့္ကစားသမားျဖစ္တဲ့ မက္ဆီေၾကာင့္လို႔ဆိုပါတယ္။

မက္ဆီဟာ လက္ရွိၿပိဳင္ပြဲမွာ ၃ဂိုး သြင္းထားၿပီး အေကာင္းဆုံးေျခစြမ္းျပေနသလို ကမာၻ႔ဖလားခ်န္ပီယံဆုကိုသိမ္းပိုက္ႏိုင္ပါက

ကြယ္လြန္သူဂႏၲဝင္ႀကီးမာရာဒိုနာကိုအၿပီးသတ္ေက်ာ္ျဖတ္ၿပီး အာဂ်င္တီးနားရဲ႕ထာဝရအေကာင္းဆုံးအျဖစ္ရပ္တည္သြားႏိုင္လိမ့္မယ္လို႔

စပိန္သတင္းစာ Marca သတင္းစာက သုံးသပ္လိုက္ပါတယ္။

မက္ဆီဟာ ၾသစေၾတးလ်နဲ႔ပြဲစဥ္မွာ ကမာၻ႔ဖလားရႈံးထြက္အဆင့္ပထမဆုံးသြင္းဂိုးကိုရယူႏိုင္ခဲ့ၿပီး

မာရာဒိုနာရဲ႕ကမာၻ႔ဖလားဂိုးသြင္းစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့သလို အာဂ်င္တီးနားကစားသမားေတြထဲမွာ

ဘတစၥတူတာ(၁၀ဂိုး) ရဲ႕ေနာက္ ဒုတိယေျမာက္ဂိုးသြင္းအမ်ားဆုံးကစားသမား(၉ဂိုး) အျဖစ္ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္တယ္။

နယ္သာလန္ပရိသတ္ေတြကေတာ့ မက္ဆီဦးေဆာင္တဲ့ ေတာင္အေမရိကခ်န္ပီယံေတြကိုရင္ဆိုင္ဖို႔အဆင္သင့္ရွိေနၿပီလို႔ ယုံၾကည္ေနၾကသလို

မၾကာေသးခင္ Goal.com ဝက္ဘ္ဆိုက္က မွ်ေဝခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ လိေမၼာ္ေရာင္ပရိသတ္ေတြက

မက္ဆီနဲ႔ ပတ္သတ္လို႔ရယ္ရယ္ေမာေမာမွတ္ခ်က္ေတြသာေပးခဲ့ပါတယ္။