မက်ဆီကောင်းမှုအကြောင်းပြုပြီး မာတီနက်ဇ်က ဝက်စ်ဟော့ကို ‘အရူး’ လို့အမည်ပြောင်ပေးခဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီတစ်ယောက်ဒေါသထွက်ပြီး

ဝက်စ်ဟော့ကိုမောင်းထုတ်ခဲ့တဲ့ဖြစ်ရပ်ကနေ နယ်သာလန်သားဟာ

အိုးလ်ထရက်ဖို့ဒ်မှာ အမည်ပြောင်သစ်တစ်ခုရရှိခဲ့တယ်လို့

The Sun သတင်းစာကရေးသားလိုက်ပါတယ်။ ယူနိုက်တက်

နောက်ခံလူဖြစ်တဲ့ မာတီနက်ဇ်က ဝက်စ်ဟော့ကို နာမည်ပေး

ကင်ပွန်းတပ်လုပ်လိုက်တာဖြစ်တယ်။ အာဂျင်တီးနားနဲ့

နယ်သာလန်တို့ဟာ ကာတာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှာ

တွေ့ဆုံခဲ့ပြီး အာဂျင်တိုင်းတွေနောက်တစ်ဆင့်တက်ခဲ့ပေမဲ့

ပွဲအပြီးမှာ မက်ဆီတစ်ယောက်အေးမြမှုဆုံးရှုံးနေတာကို

အားလုံးမှတ်မိကြဦးမှာပါ။ ပွဲပြီးအင်တာဗျူးလုပ်ဖို့စီစဉ်နေချိန်မှာ

ဝက်စ်ဟော့က မက်ဆီနဲ့ဂျာစီလဲလှယ်ချင်တာကြောင့်

အနားကပ်လာခဲ့ပေမဲ့ ဒေါသထွက်နေတဲ့ ပီအက်စ်ဂျီကြယ်ပွင့်က

နယ်သာလန်တိုက်စစ်မှူးကိုအတင်းမောင်းထုတ်ခဲ့တာဖြစ်တယ်။

“ဘယ်သူ့ကိုကြည့်နေတာလဲ အရူး။ မင်းက အရူးပဲ ဒီကနေထွက်သွား” လို့

မက်ဆီက နှင်လွှတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေပြီးတဲ့နောက်

အိုးလ်ထရက်ဖို့ဒ်ကိုအငှားနဲ့ရောက်လာတဲ့ ဝက်စ်ဟော့ကို မာတီနက်ဇ်က

စပိန်လို “Bobo” လို့အမည်ပြောင်ပေးခဲ့တာဖြစ်တယ်။

မိုက်မဲတဲ့ကောင်(သို့) အရူးလို့အဓိပ္ပါယ်ရပြီး မာတီနက်ဇ်မည့်ပေးထားတဲ့

ဝက်စ်ဟော့ရဲ့ အမည်ပြောင်ကအတော်လေးဆိုးရွားနေခဲ့ပါတယ်။

zawgyi

မက္ဆီေကာင္းမႈအေၾကာင္းျပဳၿပီး မာတီနက္ဇ္က ဝက္စ္ေဟာ့ကို ‘အ႐ူး’ လို႔အမည္ေျပာင္ေပးခဲ့

ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း မက္ဆီတစ္ေယာက္ေဒါသထြက္ၿပီး

ဝက္စ္ေဟာ့ကိုေမာင္းထုတ္ခဲ့တဲ့ျဖစ္ရပ္ကေန နယ္သာလန္သားဟာ

အိုးလ္ထရက္ဖို႔ဒ္မွာ အမည္ေျပာင္သစ္တစ္ခုရရွိခဲ့တယ္လို႔

The Sun သတင္းစာကေရးသားလိုက္ပါတယ္။ ယူႏိုက္တက္

ေနာက္ခံလူျဖစ္တဲ့ မာတီနက္ဇ္က ဝက္စ္ေဟာ့ကို နာမည္ေပး

ကင္ပြန္းတပ္လုပ္လိုက္တာျဖစ္တယ္။ အာဂ်င္တီးနားနဲ႔

နယ္သာလန္တို႔ဟာ ကာတာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွာ

ေတြ႕ဆုံခဲ့ၿပီး အာဂ်င္တိုင္းေတြေနာက္တစ္ဆင့္တက္ခဲ့ေပမဲ့

ပြဲအၿပီးမွာ မက္ဆီတစ္ေယာက္ေအးျမမႈဆုံးရႈံးေနတာကို

အားလုံးမွတ္မိၾကဦးမွာပါ။ ပြဲၿပီးအင္တာဗ်ဴးလုပ္ဖို႔စီစဥ္ေနခ်ိန္မွာ

ဝက္စ္ေဟာ့က မက္ဆီနဲ႔ဂ်ာစီလဲလွယ္ခ်င္တာေၾကာင့္

အနားကပ္လာခဲ့ေပမဲ့ ေဒါသထြက္ေနတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္က

နယ္သာလန္တိုက္စစ္မႉးကိုအတင္းေမာင္းထုတ္ခဲ့တာျဖစ္တယ္။

“ဘယ္သူ႔ကိုၾကည့္ေနတာလဲ အ႐ူး။ မင္းက အ႐ူးပဲ ဒီကေနထြက္သြား” လို႔

မက္ဆီက ႏွင္လႊတ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေတြၿပီးတဲ့ေနာက္

အိုးလ္ထရက္ဖို႔ဒ္ကိုအငွားနဲ႔ေရာက္လာတဲ့ ဝက္စ္ေဟာ့ကို မာတီနက္ဇ္က

စပိန္လို “Bobo” လို႔အမည္ေျပာင္ေပးခဲ့တာျဖစ္တယ္။

မိုက္မဲတဲ့ေကာင္(သို႔) အ႐ူးလို႔အဓိပၸါယ္ရၿပီး မာတီနက္ဇ္မည့္ေပးထားတဲ့

ဝက္စ္ေဟာ့ရဲ႕ အမည္ေျပာင္ကအေတာ္ေလးဆိုး႐ြားေနခဲ့ပါတယ္။