မက်ဆီကို “ အနှိုင်းမဲ့”လို့ ဖော်ကျူးခဲ့တဲ့ ဂျာမိန်းအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒို

ပဲရစ် စိန့် ဂျာမိန်းအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက

လီယွန်နယ် မက်ဆီကို “ အနှိုင်းမဲ့”လို့ ဖော်ကျူးခဲ့ပြီး အသက် ( ၃၄ ) နှစ်အရွယ်

ကစားသမားအနေနဲ့ ပြင်သစ်နိုင်ငံမှာ အကောင်းဆုံး

စတင်ထားကြောင်း ခုခံပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ငွေကြေးဆိုင်ရာ စည်းမျဉ်းအသစ်တွေကြောင့်

မက်ဆီကို ဆက်ထိန်းထားနိုင်ခြင်းမရှိခဲ့ပဲ တိုက်စစ်မှူးအနေနဲ့

ဇွန်လမှာ နူးကမ့်ကို စွန့်ခွာခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် မက်ဆီဟာ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွေ့ခဲ့ပြီး

လက်ရှိ Parc des Princes မှာ ပုံစံကောင်းပြဖို့

ရုန်းကန်နေရတယ်လို့ ဝေဖန်ခံနေရပါတယ်။

မက်ဆီဟာ ( ၂၀၂၁/၂၂ ) ပထမရာသီဝက်မှာ လီဂူးဝမ်းနဲ့ အံဝင်ဖို့

ရုန်းကန်နေရကြောင်း သုံးသပ်လျက်ရှိကြပေမယ့် လီယိုနာဒိုကတော့

( ၇ ) ကြိမ်မြောက် ဘလွန်းဒီအောဆုရှင်ကို ခုခံကာကွယ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီ အကြီးအကဲက Europe 1 နဲ့ တွေ့ဆုံရာမှာ

“ ကျွန်တော့်အတွက် လီယွန်နယ် မက်ဆီက အနှိုင်းမဲ့ကစားသမားပါ။

မက်ဆီကို ဝေဖန်တယ်ဆိုတာ ဘောလုံးအကြောင်း မသိလို့ပဲ ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့အနေနဲ့ သူ့အပေါ် သံသယရှိလို့ မရပါဘူး။”လို့ ဆိုခဲ့ပါတယ်။

“ မက်ဆီရဲ့ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင်

သူ့ရဲ့ ပထမ ( ၆ ) လက ကောင်းမွန်မှုရှိတာတွေ့ရမှာပါ။

သူ နှင့် ကိုင်လီယန်ဟာ အသင်းရဲ့ သွင်းဂိုးတိုင်းမှာ ပါဝင်ပတ်သက်နေပါတယ်။”

“ ကျွန်တော်တို့က မက်ဆီကို ပွဲတိုင်းတော့ အသုံးမပြုပါဘူး။

သူပါလာချိန်မှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လေ့ရှိပါတယ်။

သူက ပွဲစဉ်တိုင်းကို ဆုံးဖြတ်နိုင်ပါတယ်။”

နောက်ပြီး ပီအက်စ်ဂျီ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးချိန် လမ်းလျှောက်နေတတ်တဲ့

မက်ဆီရဲ့ လှုပ်အားနှုန်းကို ဘောလုံး သုံးသပ်သူအများစုက

ဝေဖန်နေတဲ့အပေါ်လည်း လီယိုနာဒိုက “ ပွဲတိုင်း သူ ( ၁၂ ) ကီလိုမီတာ

ပြေးရမယ်လို့ ဘယ်သူပြောလဲ။

သူဒီလို ကစားနေတာ နှစ်ပေါင်း ( ၂၀ ) ရှိပါပြီ။ သူက ဂျီးနီးယပ်စ်ဖြစ်တာကြောင့်

လိုက်လျောညီထွေရှိပါတယ်။ ကျွန်တော်တို့မှာရှိနေတဲ့

အခြား ဂျီးနီးယပ်စ်တွေကလည်း သူ့နဲ့ လိုက်လျောညီထွေစွာ

ကစားကြပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိအချိန်ထိ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ

( ၁၅ ) ပွဲကစားပေးထားရာမှာ ( ၆ ) ဂိုးသွင်းယူပြီး ( ၅ ) ဂိုး ဖန်တီးပေးထားပါတယ်။

zawgyi

မက္ဆီကို “ အႏႈိင္းမဲ့”လို႔ ေဖာ္က်ဴးခဲ့တဲ့ ဂ်ာမိန္းအသင္းရဲ႕ အားကစားဒါ႐ိုက္တာ လီယိုနာဒို

ပဲရစ္ စိန႔္ ဂ်ာမိန္းအသင္းရဲ႕ အားကစားဒါ႐ိုက္တာ လီယိုနာဒိုက

လီယြန္နယ္ မက္ဆီကို “ အႏႈိင္းမဲ့”လို႔ ေဖာ္က်ဴးခဲ့ၿပီး အသက္ ( ၃၄ ) ႏွစ္အ႐ြယ္

ကစားသမားအေနနဲ႔ ျပင္သစ္ႏိုင္ငံမွာ အေကာင္းဆုံး

စတင္ထားေၾကာင္း ခုခံေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ေငြေၾကးဆိုင္ရာ စည္းမ်ဥ္းအသစ္ေတြေၾကာင့္

မက္ဆီကို ဆက္ထိန္းထားႏိုင္ျခင္းမရွိခဲ့ပဲ တိုက္စစ္မႉးအေနနဲ႔

ဇြန္လမွာ ႏူးကမ့္ကို စြန႔္ခြာခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ မက္ဆီဟာ ပီအက္စ္ဂ်ီထံ အလြတ္ေျပာင္းေ႐ြ႕ခဲ့ၿပီး

လက္ရွိ Parc des Princes မွာ ပုံစံေကာင္းျပဖို႔

႐ုန္းကန္ေနရတယ္လို႔ ေဝဖန္ခံေနရပါတယ္။

မက္ဆီဟာ ( ၂၀၂၁/၂၂ ) ပထမရာသီဝက္မွာ လီဂူးဝမ္းနဲ႔ အံဝင္ဖို႔

႐ုန္းကန္ေနရေၾကာင္း သုံးသပ္လ်က္ရွိၾကေပမယ့္ လီယိုနာဒိုကေတာ့

( ၇ ) ႀကိမ္ေျမာက္ ဘလြန္းဒီေအာဆုရွင္ကို ခုခံကာကြယ္သြားခဲ့ပါတယ္။

ပီအက္စ္ဂ်ီ အႀကီးအကဲက Europe 1 နဲ႔ ေတြ႕ဆုံရာမွာ

“ ကြၽန္ေတာ့္အတြက္ လီယြန္နယ္ မက္ဆီက အႏႈိင္းမဲ့ကစားသမားပါ။

မက္ဆီကို ေဝဖန္တယ္ဆိုတာ ေဘာလုံးအေၾကာင္း မသိလို႔ပဲ ျဖစ္ပါလိမ့္မယ္။

ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔အေပၚ သံသယရွိလို႔ မရပါဘူး။”လို႔ ဆိုခဲ့ပါတယ္။

“ မက္ဆီရဲ႕ ကိန္းဂဏန္းေတြကို ၾကည့္မယ္ဆိုရင္

သူ႔ရဲ႕ ပထမ ( ၆ ) လက ေကာင္းမြန္မႈရွိတာေတြ႕ရမွာပါ။

သူ ႏွင့္ ကိုင္လီယန္ဟာ အသင္းရဲ႕ သြင္းဂိုးတိုင္းမွာ ပါဝင္ပတ္သက္ေနပါတယ္။”

“ ကြၽန္ေတာ္တို႔က မက္ဆီကို ပြဲတိုင္းေတာ့ အသုံးမျပဳပါဘူး။

သူပါလာခ်ိန္မွာ ၿပိဳင္ဆိုင္မႈ ပိုမိုျပင္းထန္ေလ့ရွိပါတယ္။

သူက ပြဲစဥ္တိုင္းကို ဆုံးျဖတ္ႏိုင္ပါတယ္။”

ေနာက္ၿပီး ပီအက္စ္ဂ်ီ ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးခ်ိန္ လမ္းေလွ်ာက္ေနတတ္တဲ့

မက္ဆီရဲ႕ လႈပ္အားႏႈန္းကို ေဘာလုံး သုံးသပ္သူအမ်ားစုက

ေဝဖန္ေနတဲ့အေပၚလည္း လီယိုနာဒိုက “ ပြဲတိုင္း သူ ( ၁၂ ) ကီလိုမီတာ

ေျပးရမယ္လို႔ ဘယ္သူေျပာလဲ။

သူဒီလို ကစားေနတာ ႏွစ္ေပါင္း ( ၂၀ ) ရွိပါၿပီ။ သူက ဂ်ီးနီးယပ္စ္ျဖစ္တာေၾကာင့္

လိုက္ေလ်ာညီေထြရွိပါတယ္။ ကြၽန္ေတာ္တို႔မွာရွိေနတဲ့

အျခား ဂ်ီးနီးယပ္စ္ေတြကလည္း သူ႔နဲ႔ လိုက္ေလ်ာညီေထြစြာ

ကစားၾကပါတယ္။” လို႔ တုန႔္ျပန္ခဲ့ပါတယ္။

မက္ဆီဟာ လက္ရွိအခ်ိန္ထိ ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစုံ

( ၁၅ ) ပြဲကစားေပးထားရာမွာ ( ၆ ) ဂိုးသြင္းယူၿပီး ( ၅ ) ဂိုး ဖန္တီးေပးထားပါတယ္။