
ပီအက်စ်ဂျီနည်းပြဂယ်တီရာကတော့ မာကွင်ဟိုရဲ့နောက်





ဒုတိယအသင်းခေါင်းဆောင်အဖြစ် အမ်ဘာပီကိုရွေးချယ်လိုက်ပြီး
ဂန္တဝင်တစ်ယောက်ဖြစ်တဲ့ မက်ဆီကိုတော့ လျစ်လျူရှုပြလိုက်ပြီ





ဖြစ်တယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ပီအက်စ်ဂျီကစားသမား
ဘဝဒုတိယရာသီမှာ အကောင်းဆုံးပုံစံပြသနေပြီး
ကာတာကမ္ဘာ့ဖလားမှာသမိုင်းဝင်အောင်မြင်မှုရယူနိုင်ခဲ့သူဖြစ်တယ်။





ဒါပေမဲ့ ပါရီကလပ်နဲ့ မက်ဆီရဲ့စာချုပ်က ဒီရာသီကုန်မှာ
သက်တမ်းပြည့်မှာဖြစ်သလို သက်တမ်းတိုးဖို့အတွက်





ဆန္ဒမရှိဘူးလို့သတင်းထွက်နေပါတယ်။ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီးနောက်
မက်ဆီအတွက်ရွေးချယ်စရာလမ်းကြောင်းများလာခဲ့သလို
ရော်နယ်ဒိုလို ဆော်ဒီမြေပြောင်းရွှေ့ခွင့်အတွက် အလားအလာကောင်းတွေ





ရှိနေသလို မေဂျာလိဂ်ကိုပြောင်းရွှေ့ဖို့အတွက်ပါရွေးချယ်ခွင့်
ရှိနေတာဖြစ်တယ်။ ပီအက်စ်ဂျီနည်းပြဂယ်တီရာကတော့





ကင်ပမ်ဘီကို ဒုတိယအသင်းခေါင်းဆောင်နေရာက ဖယ်ရှားပြီးတဲ့နောက်
အမ်ဘာပီဆီလွှဲပြောင်းပေးလိုက်ပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ
အတည်ပြုပေးလိုက်ပါတယ်။ ဒီကက်ဆဲလ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့





ပြင်သစ်ဖလားပွဲစဉ်မှာ မာကွင်ဟိုအရန်ခုံထိုင်ခဲ့ရပြီး အမ်ဘာပီက
အသင်းခေါင်းဆောင်အဖြစ်ပွဲထွက်ကစားသွားခဲ့သလို





ပွဲပြီးအင်တာဗျူးမှာ နည်းပြဂယ်တီရာက “ရာသီအစကတည်းက
ဒုတိယအသင်းခေါင်းဆောင်ပေးဖို့ဆုံးဖြတ်ထားတာပါ။
မာကွင်ဟိုမပါတဲ့အချိန်မှာ သူကဒီလက်ပတ်နဲ့ထိုက်တန်ပါတယ်။





သူအသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာကြောင့်ပါ။
တစ်နှစ်အတွင်းမှာ ၅၆ ဂိုးသွင်းခဲ့သလို ကမ္ဘာ့အဆင့်တိုက်စစ်မှူးထဲက





တစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက
တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သွင်းဂိုးတွေက သဘာဝအတိုင်း
ပေါင်းစပ်ဖြစ်လာခဲ့ပြီး အလွဲသုံးစားလုပ်ခဲ့တာမျိုးလည်းမရှိပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။





zawgyi
မက္ဆီကို လ်စ္လ်ဴရႈၿပီး အမ္ဘာပီကို ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ ဂယ္တီရာ သတ္မွတ္လိုက္ၿပီ





ပီအက္စ္ဂ်ီနည္းျပဂယ္တီရာကေတာ့ မာကြင္ဟိုရဲ႕ေနာက္
ဒုတိယအသင္းေခါင္းေဆာင္အျဖစ္ အမ္ဘာပီကိုေ႐ြးခ်ယ္လိုက္ၿပီး
ဂႏၲဝင္တစ္ေယာက္ျဖစ္တဲ့ မက္ဆီကိုေတာ့ လ်စ္လ်ဴရႈျပလိုက္ၿပီ





ျဖစ္တယ္။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ပီအက္စ္ဂ်ီကစားသမား
ဘဝဒုတိယရာသီမွာ အေကာင္းဆုံးပုံစံျပသေနၿပီး





ကာတာကမာၻ႔ဖလားမွာသမိုင္းဝင္ေအာင္ျမင္မႈရယူႏိုင္ခဲ့သူျဖစ္တယ္။
ဒါေပမဲ့ ပါရီကလပ္နဲ႔ မက္ဆီရဲ႕စာခ်ဳပ္က ဒီရာသီကုန္မွာ
သက္တမ္းျပည့္မွာျဖစ္သလို သက္တမ္းတိုးဖို႔အတြက္





ဆႏၵမရွိဘူးလို႔သတင္းထြက္ေနပါတယ္။ ကမာၻ႔ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္
မက္ဆီအတြက္ေ႐ြးခ်ယ္စရာလမ္းေၾကာင္းမ်ားလာခဲ့သလို





ေရာ္နယ္ဒိုလို ေဆာ္ဒီေျမေျပာင္းေ႐ႊ႕ခြင့္အတြက္ အလားအလာေကာင္းေတြ
ရွိေနသလို ေမဂ်ာလိဂ္ကိုေျပာင္းေ႐ႊ႕ဖို႔အတြက္ပါေ႐ြးခ်ယ္ခြင့္
ရွိေနတာျဖစ္တယ္။ ပီအက္စ္ဂ်ီနည္းျပဂယ္တီရာကေတာ့





ကင္ပမ္ဘီကို ဒုတိယအသင္းေခါင္းေဆာင္ေနရာက ဖယ္ရွားၿပီးတဲ့ေနာက္
အမ္ဘာပီဆီလႊဲေျပာင္းေပးလိုက္ၿပီလို႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ





အတည္ျပဳေပးလိုက္ပါတယ္။ ဒီကက္ဆဲလ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့
ျပင္သစ္ဖလားပြဲစဥ္မွာ မာကြင္ဟိုအရန္ခုံထိုင္ခဲ့ရၿပီး အမ္ဘာပီက
အသင္းေခါင္းေဆာင္အျဖစ္ပြဲထြက္ကစားသြားခဲ့သလို





ပြဲၿပီးအင္တာဗ်ဴးမွာ နည္းျပဂယ္တီရာက “ရာသီအစကတည္းက
ဒုတိယအသင္းေခါင္းေဆာင္ေပးဖို႔ဆုံးျဖတ္ထားတာပါ။





မာကြင္ဟိုမပါတဲ့အခ်ိန္မွာ သူကဒီလက္ပတ္နဲ႔ထိုက္တန္ပါတယ္။
သူအသင္းမွာဆက္ေနဖို႔ဆုံးျဖတ္ခဲ့တာေၾကာင့္ပါ။
တစ္ႏွစ္အတြင္းမွာ ၅၆ ဂိုးသြင္းခဲ့သလို ကမာၻ႔အဆင့္တိုက္စစ္မႉးထဲက





တစ္ဦးျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက
တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕သြင္းဂိုးေတြက သဘာဝအတိုင္း





ေပါင္းစပ္ျဖစ္လာခဲ့ၿပီး အလြဲသုံးစားလုပ္ခဲ့တာမ်ိဳးလည္းမရွိပါဘူး” လို႔ ေျပာဆိုသြားခဲ့ပါတယ္။