
လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ကစားသမားကြီး
ဘာလော့တယ်လီက မက်ဆီနဲ့ ခရစ္စတီယာနိုတို့မှာ
ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းအပေါ် သူ့ရဲ့ အမြင်ကို
ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့ပါတယ်။
ဘလွန်းဒေါအော် ၅ ဆုရှင် ရော်နယ်ဒိုနဲ့ ၇ဆုရှင် မက်ဆီတို့
ဘယ်သူပိုကောင်းဆိုတဲ့ အငြင်းပွားမှုဟာ ဆယ်စုနှစ်ချီခဲ့ပါပြီ။
ဘာလော့တယ်လီက “ ဘောလုံးလောကရဲ့ ကောင်းကျိုးအတွက်၊
ကျေးဇူးပြုပြီး မက်ဆီကို ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ဝတ်ကစားတဲ့
ရော်နယ်ဒိုနဲ့ ထပ်ပြီးတော့ မနှိုင်းကြပါနဲ့။ ကိန်းဂဏန်းတွေအရ
ကျွန်တော်ပြောရရင်တော့၊ သူတို့ နှစ်ဦးစလုံးဟာ အတူတူတွေပါပဲ ”
“ ဒါပေမယ့် သူတို့နှစ်ဦးစလုံးနဲ့ ရင်ဆိုင်ကစားခဲ့ဖူးတဲ့ ကစားသမားအနေနဲ့၊
မက်ဆီရဲ့ အနေအထားဟာ ကမ္ဘာ့အပြင်ဘက်တောင်
ကျော်လွန်နေတယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။
ဒီတော့ မက်ဆီကို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်တာဟာ ရှက်ဖို့ ကောင်းပါတယ်။
မက်ဆီထက် ပိုကောင်းတဲ့ ကစားသမားမျိုး
ဘယ်တော့မှ ထပ်ပေါ်လာမှာ မဟုတ်တော့ပါဘူး ”
“ အရည်အချင်းပိုင်းအားဖြင့်၊ မက်ဆီဟာ
အခြားကစားသမားတွေအားလုံးထက် ပိုကောင်းပါတယ်။
ခင်ဗျားတို့အနေနဲ့ ခံစစ်ကစားသမားတစ်ဦးကို မက်ဆီနဲ့ ရော်နယ်ဒိုမှာ၊
ဘယ်သူနဲ့ ပိုပြီးတော့ ရင်ဆိုင်ကစားချင်လဲလို့ မေးလိုက်ရင်၊
ရော်နယ်ဒိုလို့ပဲ သေချာပေါက် ဖြေကြမှာပါ။
ကျွန်တော်ကတော့ ဂျာနယ်လစ်တွေရဲ့
ကိန်းဂဏန်းအချက်အလက်တွေကို စိတ်မဝင်စားပါဘူး ”
“ မက်ဆီကို ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်တာဟာ ဒီယေဂို မာရာဒိုနာကို
ပီလီနဲ့ နှိုင်းယှဉ်နေသလိုပါပဲ။ ပီလီဟာ မာရာဒိုနာထက်
ဂိုးတွေ အများကြီးပိုသွင်းခဲ့တာ မှန်ပါတယ်။
ဒါပေမယ့် မာရာဒိုနာ ဘောလုံးထိလိုက်တဲ့အချိန်မှာ၊
ပီလီဟာ ဘာကောင်မှ မဟုတ်တော့ပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
zawgyi
မက္ဆီကို ေရာ္နယ္ဒိုနဲ႔ ဘယ္သူပိုေကာင္းလဲဆိုတဲ့ ေမးခြန္းအေပၚ ပြင့္ပြင့္လင္းလင္းေျပာခဲ့တဲ့ ဘာေလာ့တယ္လီ
လီဗာပူးအသင္းနဲ႔ မန္စီးတီးအသင္းတို႔မွာ ကစားခဲ့ဖူးတဲ့ ကစားသမားႀကီး
ဘာေလာ့တယ္လီက မက္ဆီနဲ႔ ခရစၥတီယာႏိုတို႔မွာ
ဘယ္သူပိုေကာင္းလဲဆိုတဲ့ ေမးခြန္းအေပၚ သူ႔ရဲ႕ အျမင္ကို
ပြင့္ပြင့္လင္းလင္းပဲ ေျပာျပခဲ့ပါတယ္။
ဘလြန္းေဒါေအာ္ ၅ ဆုရွင္ ေရာ္နယ္ဒိုနဲ႔ ၇ဆုရွင္ မက္ဆီတို႔
ဘယ္သူပိုေကာင္းဆိုတဲ့ အျငင္းပြားမႈဟာ ဆယ္စုႏွစ္ခ်ီခဲ့ပါၿပီ။
ဘာေလာ့တယ္လီက “ ေဘာလုံးေလာကရဲ႕ ေကာင္းက်ိဳးအတြက္၊
ေက်းဇူးျပဳၿပီး မက္ဆီကို ယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္ ၇ ဝတ္ကစားတဲ့
ေရာ္နယ္ဒိုနဲ႔ ထပ္ၿပီးေတာ့ မႏႈိင္းၾကပါနဲ႔။ ကိန္းဂဏန္းေတြအရ
ကြၽန္ေတာ္ေျပာရရင္ေတာ့၊ သူတို႔ ႏွစ္ဦးစလုံးဟာ အတူတူေတြပါပဲ ”
“ ဒါေပမယ့္ သူတို႔ႏွစ္ဦးစလုံးနဲ႔ ရင္ဆိုင္ကစားခဲ့ဖူးတဲ့ ကစားသမားအေနနဲ႔၊
မက္ဆီရဲ႕ အေနအထားဟာ ကမာၻ႔အျပင္ဘက္ေတာင္
ေက်ာ္လြန္ေနတယ္လို႔ ကြၽန္ေတာ္ ေျပာႏိုင္ပါတယ္။
ဒီေတာ့ မက္ဆီကို ေရာ္နယ္ဒိုနဲ႔ ႏႈိင္းယွဥ္တာဟာ ရွက္ဖို႔ ေကာင္းပါတယ္။
မက္ဆီထက္ ပိုေကာင္းတဲ့ ကစားသမားမ်ိဳး
ဘယ္ေတာ့မွ ထပ္ေပၚလာမွာ မဟုတ္ေတာ့ပါဘူး ”
“ အရည္အခ်င္းပိုင္းအားျဖင့္၊ မက္ဆီဟာ
အျခားကစားသမားေတြအားလုံးထက္ ပိုေကာင္းပါတယ္။
ခင္ဗ်ားတို႔အေနနဲ႔ ခံစစ္ကစားသမားတစ္ဦးကို မက္ဆီနဲ႔ ေရာ္နယ္ဒိုမွာ၊
ဘယ္သူနဲ႔ ပိုၿပီးေတာ့ ရင္ဆိုင္ကစားခ်င္လဲလို႔ ေမးလိုက္ရင္၊
ေရာ္နယ္ဒိုလို႔ပဲ ေသခ်ာေပါက္ ေျဖၾကမွာပါ။
ကြၽန္ေတာ္ကေတာ့ ဂ်ာနယ္လစ္ေတြရဲ႕
ကိန္းဂဏန္းအခ်က္အလက္ေတြကို စိတ္မဝင္စားပါဘူး ”
“ မက္ဆီကို ေရာ္နယ္ဒိုနဲ႔ ႏႈိင္းယွဥ္တာဟာ ဒီေယဂို မာရာဒိုနာကို
ပီလီနဲ႔ ႏႈိင္းယွဥ္ေနသလိုပါပဲ။ ပီလီဟာ မာရာဒိုနာထက္
ဂိုးေတြ အမ်ားႀကီးပိုသြင္းခဲ့တာ မွန္ပါတယ္။
ဒါေပမယ့္ မာရာဒိုနာ ေဘာလုံးထိလိုက္တဲ့အခ်ိန္မွာ၊
ပီလီဟာ ဘာေကာင္မွ မဟုတ္ေတာ့ပါဘူး ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။