မက်ဆီကို မထူးခြားသူလို့ ဖဲ့လိုက်တဲ့ အနယ်ကာ

မက်ဆီဟာ အသင်းဟောင်းဘာစီလိုနာမှာ ကမ္ဘာ့အကောင်းဆုံးကစားသမား

ဖြစ်ခဲ့သလို Ballon d’Or ဆု ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၄ ကြိမ်ရရှိခဲ့တာပါ။
ဒါပေမဲ့လည်း စပိန်မှာ ဘာစီလိုနာနဲ့ ပြနိုင်ခဲ့တဲ့ခြေစွမ်းကို သူ့အသင်းသစ်

ပီအက်စ်ဂျီဆီယူဆောင်လာနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း အာဆင်နယ်ကစားသမားဟောင်းအနယ်ကာက အဲဒီ

အာဂျင်တီးနားစူပါစတားကို အရမ်းကြီးမထူးခြားသူလို့ ဝေဖန်လိုက်တာပါ။

တကယ်လည်း ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့

ကြေးနဲ့ ရောက်လာတဲ့ မက်ဆီဟာ ပီအက်စ်ဂျီမှာ မျှော်လင့်ထားသလောက်

လုပ်ပြနိုင်ခြင်း မရှိဖြစ်နေပါတယ်။

၃၄ နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအတွက် ၇၇၈ ပွဲမှာ ၆၇၂ ဂိုးတောင်

သွင်းနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာတော့ ပြည်တွင်းလီဂူးပြိုင်ပွဲမှာ တစ်ဂိုးမှ

သွင်းနိုင်ခြင်း မရှိသေးပါဘူး။

မက်ဆီဟာ ချန်ပီယံလိဂ်မှာတော့ ၃ ဂိုးသွင်းယူထားပေမယ့် လီဂူးမှာ

အချိန်ထိ ဂိုးမသွင်းနိုင်သေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေကြပါတယ်။
အခုလည်း ပီအက်စ်ဂျီကစားသမားဟောင်းတစ်ယောက်ပဲဖြစ်တဲ့ အနယ်ကာ

မကြာသေးခင်အင်တာဗျူးတစ်ခုမှာ မက်ဆီနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့ပါတယ်။


”ဒီကနေ့ ကျွန်တော်တို့ဟာ နေမာဆီကနေ တောင်းဆိုနေကြပေမယ့်

မက်ဆီကိုလည်း တူညီတဲ့တောင်းဆိုမှုလုပ်ရမှာပါ။ ရာသီစကတည်းက

သူတို့နှစ်ယောက်စလုံး ထူးထူးခြားခြားလုပ်မပြနိုင်သေးဘူး။ Ballon d’Or

၆ ကြိမ်ရထားတဲ့ကစားသမားတစ်ယောက်ဆိုပေမယ့် အရမ်းကို မထူးခြာ

းပါဘူး”လို့ အနယ်ကာက ဆိုခဲ့တာပါ။
မက်ဆီဟာ နောက်ဆုံးကစားခဲ့တဲ့ မာဆေးနဲ့လီဂူးပွဲမှာဆိုရင် ခြေစွမ်း

မပြနိုင်ခဲ့လု့ိ စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက် ၁၀ မှာ ၄ ပဲ ရခဲ့ပါတယ်။

Zawgyi

မက္ဆီကို မထူးျခားသူလို႔ ဖဲ့လိုက္တဲ့ အနယ္ကာ

မက္ဆီဟာ အသင္းေဟာင္းဘာစီလိုနာမွာ ကမာၻ႔အေကာင္းဆုံးကစားသမား

ျဖစ္ခဲ့သလို Ballon d’Or ဆု ၆ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၄ ႀကိမ္ရရွိခဲ့တာပါ။
ဒါေပမဲ့လည္း စပိန္မွာ ဘာစီလိုနာနဲ႔ ျပႏိုင္ခဲ့တဲ့ေျခစြမ္းကို သူ႔အသင္းသစ္

ပီအက္စ္ဂ်ီဆီယူေဆာင္လာႏိုင္ျခင္း မရွိခဲ့ပါဘူး။

ဒါေၾကာင့္လည္း အာဆင္နယ္ကစားသမားေဟာင္းအနယ္ကာက အဲဒီ

အာဂ်င္တီးနားစူပါစတားကို အရမ္းႀကီးမထူးျခားသူလို႔ ေဝဖန္လိုက္တာပါ။
တကယ္လည္း ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အလြတ္ေျပာင္းေ႐ႊ႕

ေၾကးနဲ႔ ေရာက္လာတဲ့ မက္ဆီဟာ ပီအက္စ္ဂ်ီမွာ ေမွ်ာ္လင့္ထားသေလာက္

လုပ္ျပႏိုင္ျခင္း မရွိျဖစ္ေနပါတယ္။
၃၄ ႏွစ္အ႐ြယ္ မက္ဆီဟာ ဘာစီလိုနာအတြက္ ၇၇၈ ပြဲမွာ ၆၇၂ ဂိုးေတာင္

သြင္းႏိုင္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီမွာေတာ့ ျပည္တြင္းလီဂူးၿပိဳင္ပြဲမွာ တစ္ဂိုးမွ

သြင္းႏိုင္ျခင္း မရွိေသးပါဘူး။
မက္ဆီဟာ ခ်န္ပီယံလိဂ္မွာေတာ့ ၃ ဂိုးသြင္းယူထားေပမယ့္ လီဂူးမွာ

အခ်ိန္ထိ ဂိုးမသြင္းႏိုင္ေသးတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနၾကပါတယ္။
အခုလည္း ပီအက္စ္ဂ်ီကစားသမားေဟာင္းတစ္ေယာက္ပဲျဖစ္တဲ့ အနယ္ကာ

မၾကာေသးခင္အင္တာဗ်ဴးတစ္ခုမွာ မက္ဆီနဲ႔ပတ္သက္ၿပီး ဒီလိုေျပာခဲ့ပါတယ္။
”ဒီကေန႔ ကြၽန္ေတာ္တို႔ဟာ ေနမာဆီကေန ေတာင္းဆိုေနၾကေပမယ့္

မက္ဆီကိုလည္း တူညီတဲ့ေတာင္းဆိုမႈလုပ္ရမွာပါ။ ရာသီစကတည္းက

သူတို႔ႏွစ္ေယာက္စလုံး ထူးထူးျခားျခားလုပ္မျပႏိုင္ေသးဘူး။ Ballon d’Or

၆ ႀကိမ္ရထားတဲ့ကစားသမားတစ္ေယာက္ဆိုေပမယ့္ အရမ္းကို မထူးျခာ

းပါဘူး”လို႔ အနယ္ကာက ဆိုခဲ့တာပါ။
မက္ဆီဟာ ေနာက္ဆုံးကစားခဲ့တဲ့ မာေဆးနဲ႔လီဂူးပြဲမွာဆိုရင္ ေျခစြမ္း

မျပႏိုင္ခဲ့လု႔ိ စြမ္းေဆာင္ရည္အဆင့္သတ္မွတ္ခ်က္ ၁၀ မွာ ၄ ပဲ ရခဲ့ပါတယ္။