





မက္ကဆီကိုနိုင်ငံရေးသမားတစ်ယောက်ဟာ အာဂျင်တီးနားကြယ်ပွင့်
မက်ဆီအပေါ် ဒေါသအကြီးအကျယ်ထွက်နေပြီး ပြည်ဝင်ခွင့်ပိတ်ပင်ဖို့





ကြိုးစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း အစိုးရကို
ဥပဒေစာတမ်းတစ်စောင် တရားဝင်တင်သွင်းထားပါတယ်။
အာဂျင်တီးနားက မက္ကဆီကို ကို ၂ ဂိုးပြတ်အနိုင်ရခဲ့တဲ့နောက်





ပီအက်စ်ဂျီကြယ်ပွင့်ဟာ မက္ကဆီကိုအသင်းခေါင်းဆောင်ဂွါဒါဒိုနဲ့
အင်္ကျီချင်းလဲလှယ်ခဲ့တာတွေ့ရပါတယ်။ အာဂျင်တီးနားကစားသမားတွေဟာ





မက္ကဆီကိုနိုင်ပွဲအတွက် အဝတ်လဲခန်းထဲမှာအပျော်လွန်ခဲ့ပြီး
မက်ဆီကလည်း အငြင်းပွားဖွယ်ရာကိစ္စရပ်တစ်ခုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အဝတ်လဲခန်းကြမ်းပြင်ပေါ်မှာ





ရှိနေတဲ့ မက္ကဆီကိုအင်္ကျီတစ်ထည်ကို ခြေထောက်နဲ့နင်းပြီး
ပွတ်တိုက်နေတဲ့ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့တာပါ။





ဒီလုပ်ရပ်အပေါ် မက္ကဆီကိုလက်ဝှေ့ကျော်ကာနယ်လိုက ဝေဖန်
တိုက်ခိုက်ခဲ့သလို မက်ဆီရဲ့ဘက်တော်သားတွေနဲ့ အချေအတင်
စကားစစ်ထိုးခဲ့ကြပြီး နောက်ဆုံးမှာ ကာနယ်လိုက ပြန်တောင်းပန်ခဲ့ပါတယ်။





အခုလည်း မက်ဆီရဲ့လုပ်ရပ်ကို စက်ဆုပ်စရာကောင်းတယ်လို့
ယူဆသူတစ်ဦး ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံရေးသမား





မာရီယာကလီမန်တီဂါစီယာမိုရီနိုဟာ မက်ဆီကို မက္ကဆီကိုပြည်ဝင်ခွင့်
၄ နှစ်ပိတ်ပင်တားဆီးဖို့အတွက် ( ၂၀၂၆ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်ဖြစ်တာကြောင့်
ပြိုင်ပွဲမစတင်မချင်း )လှုံ့ဆော်လိုက်ပြီး အားလုံးပါဝင်ကြဖို့လည်း





တောင်းဆိုထားပါတယ်။ ” မက္ကဆီကိုပြည်ထောင်စုအနေနဲ့ နိုင်ငံပိုင်နက်
အတွင်း အာဂျင်တီးနားနဲ့ စပိန်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားတဲ့





မက်ဆီကို ပြည်ဝင်ခွင့်ပိတ်ပင်ဖို့အတွက် ပြည်ထောင်စုဂုဏ်ထူးဆောင်
ကွန်ဂရက်အောက်လွှတ်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနကို လေးစားစွာ
တိုက်တွန်းအပ်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ကမ္ဘာ့ဖလား





ပြိုင်ပွဲအတွင်း မက်ဆီရဲ့လုပ်ရပ်ဟာ မက္ကဆီကိုနိုင်ငံအပေါ် လေးစားမှု
ကင်းမဲ့တာထင်ရှားခဲ့တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီးပြစ်တင်





ရှုံ့ချချင်ပါတယ် ” လို့ မာရီယာကလီမန့်ရဲ့ဥပဒေစာတမ်းမှာ ဖေါ်ပြထားပါတယ်။
zawgyi





မက္ဆီကို ျပည္ဝင္ခြင့္ပိတ္ပင္ဖို႔ အျပင္းအထန္ ေတာင္းဆုိလုိက္တဲ့ မကၠဆီကိုႏိုင္ငံေရးသမား 😮
မကၠဆီကိုႏိုင္ငံေရးသမားတစ္ေယာက္ဟာ အာဂ်င္တီးနားၾကယ္ပြင့္





မက္ဆီအေပၚ ေဒါသအႀကီးအက်ယ္ထြက္ေနၿပီး ျပည္ဝင္ခြင့္ပိတ္ပင္ဖို႔
ႀကိဳးစားေနပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔လည္း အစိုးရကို
ဥပေဒစာတမ္းတစ္ေစာင္ တရားဝင္တင္သြင္းထားပါတယ္။





အာဂ်င္တီးနားက မကၠဆီကို ကို ၂ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ေနာက္
ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ မကၠဆီကိုအသင္းေခါင္းေဆာင္ဂြါဒါဒိုနဲ႔





အက်ႌခ်င္းလဲလွယ္ခဲ့တာေတြ႕ရပါတယ္။ အာဂ်င္တီးနားကစားသမားေတြဟာ
မကၠဆီကိုႏိုင္ပြဲအတြက္ အဝတ္လဲခန္းထဲမွာအေပ်ာ္လြန္ခဲ့ၿပီး
မက္ဆီကလည္း အျငင္းပြားဖြယ္ရာကိစၥရပ္တစ္ခုလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။





အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ အဝတ္လဲခန္းၾကမ္းျပင္ေပၚမွာ
ရွိေနတဲ့ မကၠဆီကိုအက်ႌတစ္ထည္ကို ေျခေထာက္နဲ႔နင္းၿပီး





ပြတ္တိုက္ေနတဲ့ဗြီဒီယိုဖိုင္တစ္ခု ထြက္ေပၚလာခဲ့တာပါ။
ဒီလုပ္ရပ္အေပၚ မကၠဆီကိုလက္ေဝွ႔ေက်ာ္ကာနယ္လိုက ေဝဖန္
တိုက္ခိုက္ခဲ့သလို မက္ဆီရဲ႕ဘက္ေတာ္သားေတြနဲ႔ အေခ်အတင္





စကားစစ္ထိုးခဲ့ၾကၿပီး ေနာက္ဆုံးမွာ ကာနယ္လိုက ျပန္ေတာင္းပန္ခဲ့ပါတယ္။
အခုလည္း မက္ဆီရဲ႕လုပ္ရပ္ကို စက္ဆုပ္စရာေကာင္းတယ္လို႔





ယူဆသူတစ္ဦး ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။ မကၠဆီကိုႏိုင္ငံေရးသမား
မာရီယာကလီမန္တီဂါစီယာမိုရီႏိုဟာ မက္ဆီကို မကၠဆီကိုျပည္ဝင္ခြင့္
၄ ႏွစ္ပိတ္ပင္တားဆီးဖို႔အတြက္ ( ၂၀၂၆ ကမာၻ႔ဖလားပူးတြဲအိမ္ရွင္ျဖစ္တာေၾကာင့္





ၿပိဳင္ပြဲမစတင္မခ်င္း )လႈံ႕ေဆာ္လိုက္ၿပီး အားလုံးပါဝင္ၾကဖို႔လည္း
ေတာင္းဆိုထားပါတယ္။ ” မကၠဆီကိုျပည္ေထာင္စုအေနနဲ႔ ႏိုင္ငံပိုင္နက္





အတြင္း အာဂ်င္တီးနားနဲ႔ စပိန္ႏိုင္ငံသားလက္မွတ္ ကိုင္ေဆာင္ထားတဲ့
မက္ဆီကို ျပည္ဝင္ခြင့္ပိတ္ပင္ဖို႔အတြက္ ျပည္ေထာင္စုဂုဏ္ထူးေဆာင္
ကြန္ဂရက္ေအာက္လႊတ္ေတာ္က ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ေလးစားစြာ





တိုက္တြန္းအပ္ပါတယ္။ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔က ကမာၻ႔ဖလား
ၿပိဳင္ပြဲအတြင္း မက္ဆီရဲ႕လုပ္ရပ္ဟာ မကၠဆီကိုႏိုင္ငံအေပၚ ေလးစားမႈ





ကင္းမဲ့တာထင္ရွားခဲ့တဲ့အတြက္ ဒီကိစၥနဲ႔ပတ္သက္ၿပီးျပစ္တင္
ရႈံ႕ခ်ခ်င္ပါတယ္ ” လို႔ မာရီယာကလီမန႔္ရဲ႕ဥပေဒစာတမ္းမွာ ေဖၚျပထားပါတယ္။