မက်ဆီကို တစ်ကြိမ်း ကြိမ်းလုပ်နေတဲ့ မက္ကဆီကို လက်ဝှေ့ အကျော်အမော် အယ်လ်ဗာရက်စ်

မက္ကဆီကိုနဲ့ ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ လုပ်ခဲ့တဲ့ အပြုအမူကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ လက်ဝှေ့အကျော်အ မော်တစ်ယောက်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အာဂျင်တီးနား က မက္ကဆီကိုအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ နည်းပြ စကာလိုနီနဲ့ မက်ဆီအပါအဝင် အာဂျင်တီးနား တစ်သင်းလုံးဟာ အဝတ်လဲခန်းထဲမှာ သီချင်းတွေ

အော်ဟစ်သီဆိုခဲ့ကြပြီး ကခုန်မြူးတူးရင်းနဲ့ အောင်ပွဲ ခံခဲ့ကြတယ်။ အဲဒီလို အောင်ပွဲခံနေချိန်မှာတော့ မက်ဆီရဲ့ ခြေထောက်နားမှာ မက္ကဆီကို ဂျာစီတစ်ထည် ကျနေပြီး ကြမ်းပြင်ပေါ်မှာ ပုံလျက်သားလေး

ရှိနေတာကို အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဗိုင်တွေနဲ့ ဓာတ်ပုံတွေကတစ် ဆင့် မြင်ခဲ့ရတာပါ။ ဒီဂျာစီကို မက်ဆီက သူ့ရဲ့ ခြေထောက်ကို ချွေးသုတ်ဖို့ အသုံးပြုခဲ့တာလား မသုံးခဲ့ဘူးလားဆိုတာတော့

ဘယ်သူမှ အတိအကျ မသိ နိုင်ပေမဲ့ မက္ကဆီကို ဘောက်ဆင်အကျော်အမော် ကန်ဆယ်လို အယ်လ်ဗာ ရက်စ်ကတော့ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ သူ့တို့နိုင်ငံလက်ရွေးစင်အသင်းရဲ့ ဂျာစီကို မလေးမစားလုပ်ခဲ့ပြီး

ကြမ်းတိုက်ခဲ့တာဟာ လက်မခံနိုင်စရာ ကောင်း လွန်းတဲ့ အပြုအမူမျိုး ဖြစ်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီကို အပြင်မှာ သူနဲ့ မတွေ့ဖို့အတွက် ဘုရားသခင်ဆီမှာ ဆုတောင်းထားပါလို့လည်း

တစ်ကြိမ်းကြိမ်း လုပ်နေပါတယ်။ ‘’ ကျွန်တော်တို့နိုင်ငံတော်အလံပါတဲ့ မက္ကဆီကို ဂျာစီကို မက်ဆီက ကြမ်းတိုက်နေတာ ခင်ဗျားတို့ မြင်လား။ သူ့ကို ရှာမတွေ့ဖို့အတွက် ဘုရားသခင်ဆီမှာ ဆုတောင်းထားတာက

ပိုကောင်း ပါလိမ့်မယ်။ ကျွန်တော် အာဂျင်တီးနားအသင်းကို လေးစားမှုရှိသလိုပဲ သူကလည်း မက္ကဆီကို အသင်းကို လေးစားရပါမယ်။ ကျွန်တော်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောနေတာမျိုးတော့

မဟုတ် ဘူး။ မက်ဆီလုပ်ခဲ့တဲ့ ေ-စာက်ပိုတွေကြောင့် ပြောနေတာ’’ လို့ အယ်လ်ဗာရက်စ် က တွစ်တာကနေတစ်ဆင့် ကြိမ်းမောင်းခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကို မျက်ဝါးထင်ထင်

မြင်တွေ့ခဲ့ရတဲ့ ပရိသတ် အများစု ကတော့ မက်ဆီဟာ နှိမ့်ချရိုကျိုးတတ်တဲ့ စံပြကစားသမားတစ်ယောက်ဖြစ် ပြီး အခုလိုမျိုး စော်စော်ကေားကား အပြုအမူမျိုးကို လုပ်မှာတော့ မဟုတ်ဘူး လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

(Zawgyi)

မက္ဆီကို တစ္ႀကိမ္း ႀကိမ္းလုပ္ေနတဲ့ မကၠဆီကို လက္ေဝွ႔ အေက်ာ္အေမာ္ အယ္လ္ဗာရက္စ္

မကၠဆီကိုနဲ႔ ပြဲစဥ္အၿပီး အဝတ္လဲခန္းထဲမွာ လုပ္ခဲ့တဲ့ အျပဳအမူေၾကာင့္ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီကေတာ့ လက္ေဝွ႔အေက်ာ္အ ေမာ္တစ္ေယာက္ရဲ႕ စိန္ေခၚမႈကို ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

အာဂ်င္တီးနား က မကၠဆီကိုအသင္းကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာေတာ့ နည္းျပ စကာလိုနီနဲ႔ မက္ဆီအပါအဝင္ အာဂ်င္တီးနား တစ္သင္းလုံးဟာ အဝတ္လဲ ခန္းထဲမွာ သီခ်င္းေတြ ေအာ္ဟစ္သီဆိုခဲ့ၾကၿပီး

ကခုန္ျမဴးတူးရင္းနဲ႔ ေအာင္ပြဲ ခံခဲ့ၾကတယ္။ အဲဒီလို ေအာင္ပြဲခံေနခ်ိန္မွာေတာ့ မက္ဆီရဲ႕ ေျခေထာက္နား မွာ မကၠဆီကို ဂ်ာစီတစ္ထည္ က်ေနၿပီး ၾကမ္းျပင္ေပၚမွာ ပုံလ်က္သားေလး ရွိေနတာကို

အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဗိုင္ေတြနဲ႔ ဓာတ္ပုံေတြကတစ္ ဆင့္ ျမင္ခဲ့ရတာပါ။ ဒီဂ်ာစီကို မက္ဆီက သူ႔ရဲ႕ ေျခေထာက္ကို ေခြၽးသုတ္ဖို႔ အသုံးျပဳခဲ့တာလား မသုံးခဲ့ဘူးလားဆိုတာေတာ့

ဘယ္သူမွ အတိအက် မသိ ႏိုင္ေပမဲ့ မကၠဆီကို ေဘာက္ဆင္အေက်ာ္အေမာ္ ကန္ဆယ္လို အယ္လ္ဗာ ရက္စ္ကေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ သူ႔တို႔ႏိုင္ငံလက္ေ႐ြးစင္အသင္းရဲ႕ ဂ်ာစီကို မေလးမစားလုပ္ခဲ့ၿပီး ၾကမ္းတိုက္ခဲ့တာဟာ

လက္မခံႏိုင္စရာ ေကာင္း လြန္းတဲ့ အျပဳအမူမ်ိဳး ျဖစ္ေနတယ္ဆိုၿပီး စြပ္စြဲခဲ့ပါတယ္။ ဒါ့အျပင္ မက္ဆီကို အျပင္မွာ သူနဲ႔ မေတြ႕ဖို႔အတြက္ ဘုရားသခင္ဆီမွာ ဆုေတာင္းထားပါလို႔ လည္း

တစ္ႀကိမ္းႀကိမ္း လုပ္ေနပါတယ္။ ‘’ ကြၽန္ေတာ္တို႔ႏိုင္ငံေတာ္အလံပါတဲ့ မကၠဆီကို ဂ်ာစီကို မက္ဆီက ၾကမ္းတိုက္ေနတာ ခင္ဗ်ားတို႔ ျမင္လား။ သူ႔ကို ရွာမေတြ႕ဖို႔အတြက္ ဘုရားသခင္ဆီမွာ

ဆုေတာင္းထားတာက ပိုေကာင္း ပါလိမ့္မယ္။ ကြၽန္ေတာ္ အာဂ်င္တီးနားအသင္းကို ေလးစားမႈရွိသလိုပဲ သူကလည္း မကၠဆီကို အသင္းကို ေလးစားရပါမယ္။ ကြၽန္ေတာ္က

တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေျပာေနတာမ်ိဳးေတာ့ မဟုတ္ ဘူး။ မက္ဆီလုပ္ခဲ့တဲ့ ေ-စာက္ပိုေတြေၾကာင့္ ေျပာေနတာ’’ လို႔ အယ္လ္ဗာရက္စ္ က တြစ္တာကေနတစ္ဆင့္ ႀကိမ္းေမာင္းခဲ့ပါတယ္။

ဒါေပမဲ့ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရတဲ့ ပရိသတ္ အမ်ားစု ကေတာ့ မက္ဆီဟာ ႏွိမ့္ခ်႐ိုက်ိဳးတတ္တဲ့ စံျပကစားသမားတစ္ေယာက္ျဖစ္ ၿပီး

အခုလိုမ်ိဳး ေစာ္ေစာ္ေကားကား အျပဳအမူမ်ိဳးကို လုပ္မွာေတာ့ မဟုတ္ဘူး လို႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။